( တပ်မိသားစုဝင်များကို ပြန်လွတ်ပေးရန်ရှိ ) သံလွင်ခက်။ အောက်တိုဘာ ၁၄ ၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ယမန်နေ့ နေ့လည် ၁ နာရီတွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA ပြောခွင့်ရ လွေးယေဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။ ” သီပေါမြို့မှာရှိတဲ့…
Browsing: ပြည်တွင်းသတင်း
သံလွင်ခက်။ အောက်တိုဘာ ၁၄ ၊ ၂၀၂၄။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း လက်လွတ်ခဲ့ရသည့် တပ်စခန်းများ ပြန်လည်ရရှိရေး စစ်ကောင်စီတပ်က ကြိုးပမ်းလျက်ရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY – PDF က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ MDY – PDFက သိမ်းယူထားသော တပ်စခန်းများကို ပြန်လည်ရရှိရန်…
ခင်သရဖီဦး အောက်တိုဘာ ၁၂၊ ၂၀၂၄။ ရခိုင်ပြည်၊ ဂွမြို့တွင် စစ်ကောင်စီက တစ်အိမ်ထောင်လျှင် ဆန် ၃ ပြည်ခန့်သာ သယ်ယူခွင့် ကန့်သတ်လိုက်သဖြင့် ဒေသခံများ စားဝတ်နေရေးအခက်အခဲများကြုံတွေ့နေရသည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် သြဂုတ်လမှစတင်ကာ ဆန်သယ်ယူခွင့်ကန့်သတ်ခဲ့ခြင်းဖြစ်ပြီး ယခုရက်ပိုင်းတွင် စစ်ဆေးရေးပိုမိုတင်းကြပ်လာသဖြင့် ဆန်ကို လိုအပ်သလောက်လည်း ဝယ်ယူမရဖြစ်နေသည်။ “ကျွန်တော်တို့က…
သံလွင်ခက် အောက်တိုဘာ ၁၂၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးကို ၅ ကြိမ်မြောက်ဆင်နွှဲခဲ့ပြီး အောက်တိုဘာလ (၈) ရက်တွင် အောင် မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု NUG- ကာကွယ်ရေးဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန်လိုက်သည်။ စစ်တပ်အင်အား ၇၀၀ ကျော်ရှိသည့် တပ်ပေါင်းစုကို တော်လှန်ရေးတပ်ပေါင်းစုက ဗုံး ၅,၀၀၀ ကျော်ကြားက…
ယမင်းဖူးပွင့်အောင် အောက်တိုဘာ ၁၂၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နှင့် နောင်ချိုမြို့တို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး အသုံးပြု၍ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံတစ်ဦးသေဆုံးပြီး နေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA က ယနေ့တွင်ထုတ်ပြန်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက် နေ့လည် ၁၂ နာရီတွင် သီပေါမြို့၊…
ယမင်းဖူးပွင့်အောင် အောက်တိုဘာ ၁၂၊ ၂၀၂၄။ မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ စစ်ရှောင်ပြည်သူများနေထိုင်နေသည့် ဝေါစုကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့သဖြင့် သံဃာတော် ၃ ပါးအပါအဝင် ဒေသခံ ၁၂ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Wetlet Information Network ထံက သိရသည်။…
သံလွင်ခက် အောက်တိုဘာ ၁၁၊ ၂၀၂၄။ မြန်မာနိုင်ငံ၊ ရှမ်းပြည် အထူးဒေသ (၁) တွင် မွေးကင်းစနှင့် ကလေးငယ်များအတွက် အခမဲ့ကာကွယ်ဆေးထိုးခြင်းအ စီအစဉ်ကို ယခုလမှစတင်၍ ဒေသတစ်ခုစီတွင် သုံးလကြာဆောင်ရွက်သွားမည်ဟု ကိုးကန့်တပ်မတော်မှ ယနေ့တွင် ထုတ်ပြန်လိုက်သည်။ ပန်ဆိုင်းမြို့၊ တာမိုးညဲမြို့နယ်တို့တွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းပြီးမြောက်ခဲ့ပြီး သိန္နီမြို့နယ်နှင့် လောက်ကိုင်မြို့ တို့တွင် စတင်မည်ဖြစ်ကာ…
သံလွင်ခက် အောက်တိုဘာ ၁၁၊ ၂၀၂၄။ စစ်ကောင်စီ၏ အမာခံလော်ဘီတစ်ဦးဖြစ်သည့် ကျော်စွာမှဦးဆောင်၍ ရဲဝင့်စွန့်စားပြည်ချစ်သား၊ မှိုင်းဝေ၊ ကိုသက်နှင့် Local News Media စသည့်တယ်လီဂရမ်ချန်နယ်များတွင် မန္တလေးပြည်သူ့များစစ်သင်တန်း အမှတ်စဉ် (၁၁) အတွက် အလှူငွေကောက်ခံမှုများပြုလုပ်လျက်ရှိသည်။ ၎င်းတို့သည် အမျိုးသားညီညွတ်ရေးအစိုးရ- NUG အပါအဝင် တော်လှန်ရေး PDF တပ်ဖွဲ့များ၏…
သံလွင်ခက် အောက်တိုဘာ ၁၁၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် လွယ်ဆိုင်ကျေးရွာနေ အမျိုးသားတစ်ဦး ကျွဲကျောင်းချိန် မြေမြှုပ်မိုင်းနင်းမိခဲ့သဖြင့် ခြေထောက်နှင့် လက်ချောင်းများ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က ယနေ့တွင် ထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက ၎င်းတို့အိမ်အနီးရှိ စစ်ကောင်စီတပ်စခန်းချခဲ့သည့်နေရာတွင် ကျွဲ…
သံလွင်ခက် အောက်တိုဘာ ၁၁၊ ၂၀၂၄။ ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ နတ်မြစ်အတွင်းသို့ကျူးကျော် ငါးဖမ်းခဲ့သည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံသား (၅) ဦးကို အာရက္ခတပ်တော်၊ ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့မှဖမ်းဆီးခဲ့ပြီးနောက် ဘင်္ဂလာဒေ့ရှ်အာဏာပိုင်များနှင့်ညှိနှိုင်းကာ ပြန် လည်လွှဲပြောင်းပေးခဲ့သည်ဟု အာရက္ခတပ်တော်က ယမန်နေ့တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်တွင် ဘင်္ဂလာဒေ့ရှ်နယ်စပ်အနီး အာရက္ခရေပိုင်နက် (နတ်မြစ်)…