ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်း၊ ၂၉လမ်းနှင့် လမ်း၃၀ ကြားတွင်ရှိသော တိတ်ရှိန်ရွှေဆိုင်အား မတ်လ ၂၃ ရက်၊ ယနေ့ နံနက်ပိုင်းတွင် ဓါးပြတိုက်ခံရသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလာရောက်စစ်ဆေးခဲ့သည်ဟု အဆိုပါရွှေဆိုင်အနီးမှ ဆိုင်ရှင်တစ်ဦးက ပြောသည်။ တိုတ်ရှိန်ရွှေဆိုင်အား ဆိုင်ဖွင့်ရန် ပြင်ဆင်နေချိန် နံနက် ၉ နာရီခွဲခန့်တွင် Mask တပ်ထားသော အမျိုးသားလေးဦးမှ…
Browsing: ပြည်တွင်းသတင်း
အမီးလေး မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာရှိ ကျန်းမာရေးဆေးခန်းအား မတ်လ ၂၂ ရက် နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးခန်းရှိ ဆရာဝန်မိသားစုနှင့် ကလေးငယ်များ၊ ဆေးခန်းလာပြသူများအပါအဝင် အပြစ်မဲ့ပြည်သူ ၁၁ ဦး ထိခိုက်သေဆုံးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ ဒေသခံအမျိုးသားတစ်ဦးက “အဲဒီမှာက…
ခင်သရဖီဦး စစ်ကောင်စီက ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်များမှ ကျေးရွာ ၃ ရွာအား ယနေ့ မတ်လ (၂၂) နံနက်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သည့်အတွက် လူနေအိမ်များ၊ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း တချို့ ပျက်စီးသွားခဲ့ကြောင့် သိရသည်။ “ ည ၂နာရီလောက်မှာ ဂျက်စပျံတာပေါ့လေ။ ပေါက်တောက သဲခုံနဲ့ မင်းတဲရွာ…
မောင်လှိုင်း မကွေးတိုင်းရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ ရောက်ရှိနေသည့် စစ်ကောင်စီ စစ်ကြောင်းသည် နွားလှည်းနှင့် ထော်လာဂျီများအသုံးပြုပြီး အရပ်ဝတ် ဝတ်စုံများဝတ်ဆင်ကာ ယမန့်နေ့က ဒေသခံ ၅၀ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ရေလယ်ကျွန်းဒေသရှိ မိုးဖြူနှင့် မိုးကွဲ ကျေးရွာများအတွင်းသို့ ယမန်နေ့ မတ်လ ၂၁…
ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများရှိနေသော်လည်း ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်တွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန၏ ကော်သူးလေ အစိုးရစစ် စာမေးပွဲကို တာဝန်ရှိခေါင်းဆောင်များနှင့် ကျောင်းဆရာ/မများ၏ ပူးပေါင်းဆောင်ရွှက်မှုဖြင့် မတ်လ ၁၄ ရက်တွင် အောင်မြင်စွာဖြင့် ဖြေဆိုပြီးစီးခဲ့သည်ဟု KNU ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။ အဆိုပါ ကော်သူးလေ…
ခင်သရဖီဦး ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မင်းသားတောင်ရွာတွင် ချောင်းထဲမှ ကောက်ယူလာသည့် စစ်ကျန် ဗုံးသီး တစ်လုံးအား ပေါက်မပေါက်ကို မီးပုံထဲသို့ ထည့်ပြီး စမ်းကြည့်ရာမှ ပေါက်ကွဲပြီး လူငယ်တစ်ဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။ ယမန့်နေ့ မတ်လ ၁၉ ရက် ညနေ ၃…
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများမှ ခေါ်ထုတ်ထားသည့် တရုတ်နိုင်ငံသား ၃၈၀ ဦးကို ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားမှတဆင့် သက်ဆိုင်ရာ နိုင်ငံများဆီသို့ မတ်လ ၁၉ ရက်တွင် လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် မတ်လ ၁၈ ရက်ကလည်း ဂျပန်နိုင်ငံသား တစ်ဦးအပါအဝင် နိုင်ငံခြားသား…
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊တဘလုခို့ခီးကျေးရွာက ဒေသခံ နှစ်ဦးသေဆုံးခဲ့ သည်ဟု KNU က ယနေ့တွင်ထုတ်ပြန်သည်။ မတ်လ ၁၉ ရက်၊ နေ့လည် ၁၁ နာရီခွဲအချိန်တွင်စစ်ကောင်စီ၏ နေပြည်တော်လေတပ်မှ Yak-130 Jet Fighter တစ်စီးဖြင့်…
နေပြည်တော်၏ ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင် ဖြစ်စဉ်နှင့်ပတ်သက်၍ မဟာမိတ်ညီနောင် အဖွဲ့အစည်းများ၏ ကြားဝင်စေ့စပ်မှုဖြင့် ကယန်းပြည်သစ်တပ်မတော်နှင့် သဘောတူညီချက်များ ရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်မှ မတ်လ ၂၀ ရက်က ထုတ်ပြန်သည်။ ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲအတွင်း နှစ်ဘက်အဖွဲ့အစည်းများကြားတွင် အချက်…
စစ်ကောင်စီ ဖမ်းဆီးလိုက်သည့် မှုးယစ်ဆေးဝါးအမှု ဖြစ်စဉ်တွင် အာရက္ခတပ်တော် AA ပါဝင်ပတ်သက်သည်ဟု စွပ်စွဲချက် က နိုင်ငံရေးအရ ထိုးနက်ချက်တခုသာဖြစ်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) မှ မတ်လ ၁၉ရက် တွင် တုံ့ပြန်လိုက်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ် ၉၆ ဘီလီယံတန်ဖိုးရှိသည့် မှုးယစ်ဆေးဝါးတွေကို ဖမ်းဆီးမိခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးအမှုသည်…