ခင်သရဖီဦး စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူမြို့နယ်တွင် ဧပြီလကုန်ပိုင်းမှစ၍ စစ်ဘေးရှောင်အရေအတွက် တိုးလာခြင်းကြောင့် နေထိုင်စားသောက်ရန် အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အထည်များ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များထံမှ သိရသည်။ ကျောက်ဖြူမြို့နယ်ရှိ မအူတော၊ ဝါးတော၊ မလကျွန်း၊ စစ်တော၊ ရှောက်ရှောင်၊ စည်မော်၊ စိုင်ခြုံစသည့်…
Browsing: ပြည်တွင်းသတင်း
အမီးလေး ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်ရှိ မြင်းမထိတောင်တွင် သတ္တုတူးဖော်မှုအား ရပ်တန့်ရန် ဒေသခံ ၂၀၀ ကျော်က နှစ်ရက်ဆက်တိုက် ဆန္ဒပြကန့်ကွက်ခဲ့သည်။ ထိုသတ္တုတူးဖော်မှုအား ကယန်းပြည်သစ်ပါတီ ဥက္ကဌ ပိုင်သည့် လေးပွင့်ကြယ်ကုမ္ပဏီနှင့် တရုတ်မာစတာဝမ်ကုမ္ပဏီတို့ တူးဖော်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပရာဒေါင်းဆွေမျိုးစုအဖွဲ့မှ ဥက္ကဌ ကိုခွန်းအောင်နိုင်စိုးက ပြောသည်။ “လူက ရွာတိုင်းလိုလို ပါတယ်။…
၂၀၂၁ ခုနှစ် အာဏာသိမ်းထားချိန်မှ ၂၀၂၅ ဧပြီ ၃၀ ရက်အထိ လေးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီကြောင့် အပြစ်မဲ့ ပြည်သူ ၆၅၀၀ ကျော် သေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ယနေ့ မေလ ၁ ရက်တွင် ထုတ်ပြန်သည်။ ထိုအရေအတွက်ထဲတွင် အမျိုးသမီး ၁၅၀၀…
ခင်သရဖီဦး ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ တဲအိမ်များနှင့် အဆောင်များမှာ အမိုးအကာ ယိုယွင်းပျက်စီးမှုနှင့် မလုံလောက်မှုများ ရှိနေသည့်အတွက် မိုးရာသီ မကျရောက်မီ ပြုပြင်ပေးရန် အရေးတကြီး လိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောဆိုကြသည်။ အထူးသဖြင့် ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တောနှင့် မြေပုံမြို့နယ်တို့မှ စစ်ဘေးရှောင်စခန်းများရှိ တဲအိမ်နှင့် အဆောင်များကို ပြုပြင်ရန်…
အမီးလေး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ငါးမည်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ငွေကြေးလိမ်လည်မှုဟု စွပ်စွဲကာ ဖမ်းဆီးထားသည့် အမျိုးသမီး နှစ်ဦးအား အာမခံဖြင့် အမြန်ဆုံးလွှတ်ပေးရန်နှင့် ဖမ်းဆီးထားသူများ၏ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ပေးရန် ရှိ/Shield အမျိုးသမီးအဖွဲ့က တောင်းဆိုလိုက်သည်။ ထိုအမျိုးသမီးနှစ်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး၏ မိခင်နှင့် ဇနီးဖြစ်သည်။ ဧပြီလ ၂၀ ရက်တွင် ငွေကြေး…
မြန်မာနိုင်ငံအနောက်ပိုင်းမှာရှိတဲ့ ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးစင်္ကြန် တည်ဆောက်ဖို့ ကုလသမဂ္ဂရဲ့ အဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက မူအားဖြင့် သဘောတူတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် တူဟစ် ဟူစိန်က ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်မှာ ပြောခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ အဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက မူအားဖြင့် သဘောတူတယ်ဆိုပေမယ့် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်တဲ့…
အမီးလေး စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ အာမခံကျေးရွာအနီးတွင် ဝန်းသိုမှ ဈေးရောင်းလာသည့် ကလေးငယ်နှင့် ပြည်သူ ခုနှစ်ဦးကို ဧပြီလ ၂၆ ရက် နံနက် လေးနာရီခန့်က စစ်ကောင်စီ စစ်ကြောင်းက သေနတ်နှင့် ဓားများ အသုံးပြုကာ ပစ်သတ်သွားသည်ဟု Kawlin info မှ တာဝန်ရှိသူက အတည်ပြုပြောသည်။ “အဲဒီရွာနားမှာ…
အမီးလေး အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာထောင်မှ အကျဉ်းကျနေသူများအား အိန္ဒိယအစိုးရမှ စစ်ကောင်စီထံသို့ လွှဲပေးလိုက်သည်မှာ တစ်လကျော် ကြာပြီဖြစ်သော်လည်း တမူးထောင်တွင် ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့်မတ်လ ၂၁ ရက်တွင် အင်ဖာထောင်၌ အကျဉ်းကျနေသည့် စစ်ဘေးရှောင်ပြည်သူ အမျိုးသမီးများနှင့် ကလေးငယ် ၂၇ ဦးအား အိန္ဒိယအစိုးရမှ ပြန်လွှတ်ပေးခဲ့သော်လည်း…
၁၂ တန်းစာမေးပွဲအား ပြန်လည်ဖြေဆိုခိုင်းခြင်းသည် တန်းတူညီမျှမှုနှင့် ဂုဏ်သိက္ခာအတွက် ဖြစ်သည်ဟု စစ်ကောင်စီပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာချောချောစိန်က ဝါဒဖြန့် မြဝတီသတင်းမီဒီယာမှ ပြောသည်။ ၎င်းက “အခုလို စာမေးပွဲတွေ ပြန်စစ်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်က သုံးခု ရှိပါတယ်။ ပထမတစ်ချက်က မျှတမှုဖြစ်ဖို့၊ ဒုတိယအချက်က ဂုဏ်သိက္ခာရှိဖို့နဲ့ တတိယအချက်ကတော့ ပညာရေးကို အထောက်အကူဖြစ်ဖို့ပါ”…
ခင်သရဖီဦး ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် စစ်ကောင်စီ၏ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် ငါးရက်အတွင်း အရပ်သားပြည်သူ တစ်ဦးသေဆုံးကာ နှစ်ဦး ပြင်းထန်း ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့က တောင်ကုတ်မြို့နယ် ဖုံညိုရွာမှ ဒေါ်ခင်ချိုသက်က ၎င်း၏ အိမ်ခြံဝင်းထဲတွင် အပင်စိုက်ရန် မြေတူးရာမှ မိုင်းနင်းမိ၍ ညာခြေထောက်တစ်ဖက် ပြတ်ထွက်သွားသည်ဟု…