Browsing: ပြည်တွင်းသတင်း

အမီးလေး လေးပွင့်ကြယ်ကုမ္ပဏီ၏ ဖမ်းဆီးမှုမှ ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင်များ မေလ ၂၀ ရက်တွင် လွတ်မြောက်လာပြီး သတ္တုတူးဖော်မှုနှင့်ပတ်သတ်၍ ဆက်လက်ဆွေးနွေးသွားမည်ဟု ပရာဒေါင်းဆွေမျိုးစု၏ အတွင်းရေးမှူး ကိုခွန်မင်းနိုင်က ပြောသည်။ “ဖမ်းဆီးပြီးတဲ့နောက်ပေါ့ လူထုရဲ့တောင်းဆိုချက်၊ ဖိအားပေးချက်အရ ကျနော်တို့ကို နှစ်ဦးနှစ်ဖက် တွေ့ဆုံညိုနှိုင်းတာမျိုးရှိတယ်။ သဘောတူညီချက်ကတော့ တချို့တော့ ရခဲ့ပါတယ်” ဟု ကိုခွန်မင်းနိုင်က…

Read More

ခင်သရဖီဦး မေလ ၁၆ ရက်မှစ၍ ပိတ်ထားသည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှ ချင်းပြည်နယ်၊ ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအား ယမန်နေ့ ညနေ ၅ နာရီမှ စတင်ပြီး ပြန်လည် ကုန်သွယ်ခွင့် ပေးလိုက်သည်ဟု ကုန်သည်များထံမှသိရသည်။ ”ဒီနေ့က ကုန်သည်အစည်းအဝေးလုပ်တယ်လို့ သိရပါတယ်။ အခုက မီဇီုရမ်က အာဏာပိုင်တွေကတော့ ပြန်ဖွင့်ပေးလိုက်တာပါ။…

Read More

အမီးလေး ကရင်နီပြည်နယ်၊ လယ်တော ၃ စစ်ရှောင်စခန်းတွင် ဆန်ပြတ်လပ်‌ခြင်းနှင့် ကြုံနေရပြီး စားဝတ်နေရေး အခက်အခဲများ ကြုံနေရသည်ဟု စစ်ရှောင်တာဝန်ခံ အတွင်းရေးမှူး နော်ကိကူကပြောသည်။ “ဒီနှစ်က များလာတယ်။ ဒီမနက်တောင်မှ ကျမဆီလာတဲ့ မိခင်တစ်ယောက်က ဆန်လာတောင်းတယ်။ တစ်ခါတလေဆို ကျမဆီလာတောင်းတဲ့အခါ မပေးနိုင်တဲ့အခါ ကျမစိတ်မကောင်းဘူး။ ပြန်စဉ်းစားတယ်။ ကျမ မပေးလိုက်တော့…

Read More

ခင်သရဖီဦး  တရုတ် ရင်းနှီးမြုပ်နှံ့မှု ရေနက်ဆိပ်ကမ်း စီမံကိန်းရှိသော ကျောက်ဖြူတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက် အပြန်အလှန် လက်နက်ကြီးများ ပစ်ခတ်နေပြီး တိုက်ပွဲ ပြင်းထန်နေသည်ဟု သိရသည်။ ဓညဝတီ ရေတပ်စခန်းအား AA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ထိုးစစ်ဆင်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု အာရက္ခတပ်တော်…

Read More

 ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့နယ်အတွင်းက ဖုပ်ဖရထရိုင်ငန်ကျေးရွာ အနီးတွင်ဘန်ကောက်သို့ တရားမဝင်လမ်းကြောင်းဖြင့် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၄၄ ဦးအား ဖမ်းဆီးရရှိသည်ဟု Rachomnu Task Force Soldier ၏ ထုတ်ပြန်ချက်အား ထိုင်းသတင်းဌာနများ ဖော်ပြချက်အရသိရသည်။ ဘန်ကောက်သို့ ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၄၄ အား Rachomnu Task…

Read More

အခုလအစောပိုင်းက ရိုဟင်ဂျာဒုက္ခသည် ၄ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကော့ဘဇားနယ်စပ် အနီး ငါးဖမ်းနေချိန်မှာ အာရက္ခတပ်တော် – AA ရဲ့ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ အဲဒီနောက် ဘင်္ဂလားဒေ့ရှ်အိမ်စောင့်တပ်က အေအေရဲ့ ညှိနှိုင်းမှုကြောင့် တစ်ရက်အကြာမှာပဲ သူတို့ ၄ ဦးကို ကောင်းမွန်လုံခြုံစွာ ပြန်လွှတ်ပေးနိုင်ခဲ့ပါတယ်။ မိုဟာမက် ယူနွတ်စ် ဦးဆောင်နေတဲ့ ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရက…

Read More

သူရဇော် အလုပ်ရှင်နှင့် အလုပ်သမားကြား လုပ်ခလစာ အငြင်းပွားမှု ဖြစ်ပွားနေသည့် နိုင်ငံကျော် Adidas ဖိနပ်များ ချုပ်လုပ်သည့် စက်ရုံသို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ရောက်ရှိလာပြီး အလုပ်သမားများ လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်းသွားခဲ့သည်ဟု ဆန္ဒပြတောင်းဆိုနေသည့် အလုပ်သမားများထံမှ သိရသည်။ “အလုပ်ပြန်လုပ်ဖို့ပဲ သူတို့ ပြောသွားတယ်။ အလုပ်သမားတွေထဲက တစ်ယောက်က…

Read More

တရုတ်နိုင်ငံအနေဖြင့် မြန်မာစစ်တပ်အား နိုင်ငံရေးနှင့် စစ်ရေးအထောက်အပံ့များ ကာလရှည်ကြာ ပေးအပ်ခဲ့ရာတွင် တိုက်လေယာဉ်များနှင့် လေကြောင်းမှ ကြဲချသော ဗုံးများလည်း ပါဝင်သည်ဟု မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SAC-M ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းတို့ကို စစ်ကောင်စီက အရပ်သားများအပေါ် အဖျက်စွမ်းအားကြီးမားသည့် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နိုင်ရန်အတွက် အသုံးပြုခဲ့သည်ဟုလည်း ဆိုထားသည်။ ထို့အပြင် SAC-M…

Read More

ရှမ်းအရှေ့မှာ ရွှေတူးဖော်မှုကြောင့် ဒေသခံတွေ စိုးရိမ်နေကြပေမယ့် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA က ရှမ်းအရှေ့မှာ တရုတ်သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို တိုးမြှင့်လုပ်ကိုင်ခွင့်ပြုထားတဲ့အပြင် နေရာသစ်တွေ ဆက်လက်ရှာဖွေနေတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။ နမ့်ခုတ်မြစ်ထဲ အာဆင်းနစ်လို အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ရှိနေတာကို တရုတ်သတ္တုတွင်းလုပ်သားတွေနဲ့ ‘ဝ’တပ်ဖွဲ့ဝင်တွေ သိထားကြပါတယ်။ ဒါပေမယ့် တူးဖော်မှုတွေက ရပ်တန့်မသွားတဲ့အပြင်…

Read More

ကရင်နီပြည်နယ် မိုးဗြဲဒေသသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် ပအိုဝ်းပြည့်သူစစ် PNO ပူးပေါင်းတပ်ဖွဲ့ဝင်များထဲမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များထံသို့ ဘက်ပြောင်း ခိုလှုံလာသူ ၁၆ ဦး ရှိသည်ဟု ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ မေလ ၁၆ ရက်က ထုတ်ပြန်လိုက်သည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များထံသို့ အလင်းဝင်လာသူများသည် မေလ ၆ ရက်မှ…

Read More