မြန်မာနှင့် အမေရိကန်အကြား သွင်းကုန်ပို့ကုန်များအတွက် အခွန်ရာခိုင်နှုန်းများ လျှော့ပေါ့ကောက်ခံရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ညှိနှိုင်းလိုသည်ဟု ပြန်လည်အကြောင်းကြားစာတွင် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ထည့်သွင်းရေးသားခဲ့သည်။ အမေရိကန်နိုင်ငံသို့ ပို့ဆောင်သည့် ကုန်စည်များအတွက် စည်းကြပ်ရန် သတ်မှတ်ထားသည့် အခွန် ၄၀ ရာခိုင်နှုန်းအစား ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိနှင့် အမေရိကန်မှ…
Browsing: ပြည်တွင်းသတင်း
ဇင့်မီလီ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင်း ကျေးရွာများရှိ နေအိမ်များတွင် ဖွင့်လှစ်ထားသည့် ကုန်စုံဆိုင်များအတွက် ကောက်ခံသည့် အခွန်နှုန်းထားအား လျှော့ချပေးစေလိုသည်ဟု ဈေးဆိုင်ပိုင်ရှင်များက တောင်းဆိုကြသည်။ ဈေးဆိုင်ခွန်များကို ကောက်ခံရာတွင် ဆိုင်အမျိုးအစားအလိုက် ကောက်ခံခြင်းဖြစ်ကာ ကျေးရွာများရှိ အိမ်ဆိုင်များကိုလည်း ဆိုင်အမျိုးအစားအလိုက်ကြည့်ပြီး တစ်နှစ်စာ အခွန် တစ်သိန်းကျပ်မှ စတင်ပြီး အများဆုံး တစ်သိန်းနှစ်သောင်းကျပ်အထိ ကောက်သည်ဟု…
အချဉ်ပေါင်းရောင်းသည့် အသက် ၄၀ အရွယ်အမျိုးသား တစ်ဦး လုံးခင်းဒေသ မှော်စီစာကျေးရွာ၊ ပန်းလှိုင် Mini Market ရှေ့၌ ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယခုလ ဇူလိုင် ၂ ရက်တွင်လည်း ဖားကန့်မြို့၊ ဝင်းထွန်းသံဖြူဆိုင်ရှေ့…
စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ် ဇွန်လတစ်လတည်းတွင် အမျိုးသမီး ၃၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၉ ဦးရှိခဲ့သည်ဟု မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီး ထိမှန်ခြင်းကြောင့် သေဆုံးမှု အများဆုံး ဖြစ်သည်ဟုလည်း BWU…
တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ကျုံဒိုး – ကော့ကရိတ် အာရှလမ်းပိုင်းအား ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီ ကြိုးပမ်းနေသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ ကျုံဒိုးမြို့ အခြေစိုက် အမှတ် (၅၄၅) ခြေမြန်တပ်ရင်း၊ အမှတ် (၅၄၆) ခြေမြန်တပ်ရင်းအပြင် ကော့ကရိတ်နှင့် ဂျိုင်းတံတားဘက်မှလည်း အရပ်သားများ နေထိုင်ရာ နေရာများသို့ လက်နက်ကြီးပစ်ခတ်မှုရှိသည်ဟု မြေပြင်သတင်းရင်းမြစ်…
ခင်သရဖီဦး မကွေးတိုင်း၊ ငဖဲမြို့နယ် ကျောက်ဆုံကျေးရွာကို စစ်ကောင်စီတပ်က ယမန့်နေ ဇူလိုင်လ ၈ ရက်က မီးရှို့ခဲ့သည့်အတွက် ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ စစ်ကောင်စီ၏ မကွေးတိုင်းအခြေစိုက် အမြှောက်ကွပ်ကဲမှုဌာနချုပ်စခန်း မစခ (၉၀၅) တပ်နှင့် တပ်မ (၈၈) တို့မှ တပ်သား အင်းအား ၁၀၀…
မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်တွင် ထောင်ဒဏ်နှစ်ရှည် ကျခံနေရသည့် အသက် ၅၉ နှစ် အရွယ် နိုင်ငံရေးအကျဉ်းသား ဦးမြင့်ဝေသည် ယမန်နေ့ မနက်အစောပိုင်းတွင် အူအတက်ပေါက်ပြီး ကွယ်လွန်သွားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ထုတ်ပြန်ချက်အရ သိရသည်။ ကွယ်လွန်သွားသည့် နိုင်ငံရေးအကျဉ်းသားသည် မေလ ၁၉ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅ (က)၊…
ညီနောင်မဟာမိတ် (၃) ဖွဲ့ အုပ်ချုပ်ရေးဒေသ၊ မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅)မိုင်တွင် ပြည်သူ့ဆေးရုံကြီး စတင်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။ အဆိုပါ ဆေးရုံမှာ ပထမဆုံးသော ပြည်သူ့ဆေးရုံကြီးဖြစ်ပြီး ယနေ့ ဇူလိုင် ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ၎င်းက “ဒေသခံပြည်သူလူထုတွေရဲ့…
ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးတဝိုက်တွင် လုပ်ကိုင်နေကြသည့် ကျားဖြန့်လုပ်ငန်းများအား အမြစ်ပြတ် နှိမ်နင်းရန် မြန်မာ၊ တရုတ်နှင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ မြဝတီတွင် တွေ့ဆုံခဲ့ကြပြီး အဆိုပါ လုပ်ငန်းများ ကင်းစင်သည်အထိ ရှင်းလင်းရန် တရုတ်အာဏာပိုင်အဖွဲ့မှ တိုက်တွန်းထားသည်ဟု ဘန်ကောက်ပိုစ့်သတင်းဌာနက ဖော်ပြထားသည်။ အဆိုပါ တရုတ်စုံစမ်းစစ်ဆေးရေးအဖွဲ့ ရောက်ရှိလာခြင်းမှာ ယခုလ အစောပိုင်းက…
နှစ် ၃၀ ကြာ တပ်စွဲထားသော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဌာနချုပ်ဟောင်း မာနယ်ပလောရှိ စစ်ကောင်စီတပ်စခန်းကို ပြန်ရရန် ဦးဆောင်ခဲ့သော တပ်မှူး နှစ်ဦးကို ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် အား ချီးမြှင့်ခဲ့သည်ဟု သိရသည်။ အဆိုပါ တပ်မှူး နှစ်ဦးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်စစ်ဌာနချုပ်- ပြောက်ကြားတပ်ဖွဲ့ တာဝန်ခံ ဒုတိယဗိုလ်မှူးကြီးစောခင်လေးနှင့် တပ်မဟာ-၇၊ တပ်ရင်း (၂၂)…