အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်က မြန်မာစစ်ကောင်စီ၏ မဟာမိတ်များအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရန် ဆုံးဖြတ်ချက်သည် ဆယ်စုနှစ်များစွာကြာ အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒကို သိသိသာသာ ပြောင်းပြန်လှန်လိုက်ခြင်းပင် ဖြစ်သည်။ ၂၀၂၁ စစ်တပ် အာဏာသိမ်းအပြီး တစ်နှစ်အကြာ နှစ်ပတ်လည်နေ့တွင် ဘိုင်ဒင်အစိုးရက ချမှတ်ခဲ့သော အဆိုပါပိတ်ဆို့အရေးယူမှုများသည်…
Browsing: ပြည်တွင်းသတင်း
နှစ်စဉ် ရေကြီးရေလျှံမှု ကြုံတွေ့နေရသည့် မြန်မာနိုင်ငံမှ ပြည်သူ တသိန်းအထိကို အမြန်ဆုံး ကူညီနိုင်ရန် လိုအပ်သည့် စားနပ်ရိက္ခာများအား ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ဩဂုတ် ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။ လက်ရှိတွင် နှစ်စဉ် ရေကြီးရေလျှံမှုများကြောင့် မြန်မာနိုင်ငံအနှံ့က လူပေါင်း သုံးသောင်းကျော် ဘေးလွတ်ရာသို့…
ကရင်ပြည်နယ်၊ မြဝတီ -ဝေါ်လေကားလမ်းမပေါ်ရှိ ဝေါ်လေဗျူဟာကုန်းသို့ စစ်ကောင်စီတပ်ဘက်မှ လာချသည့် ကျည်ဆန်ထုတ်အား တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ထပ်မံရရှိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ ဇူလိုင်လ ၃၁ ရက်တွင် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ပို့ဆောင်ခဲ့သော ကျည်နှင့် ခဲယမ်းထုတ်ကို တော်လှန်ရေးတပ်များက ရရှိခဲ့ခြင်းဖြစ်သည်ဟု မြေပြင်ရဲဘော်တစ်ဦးက ဆိုသည်။ ၎င်းက “အရမ်းတော့…
ခင်သရဖီဦး ရခိုင်ပြည်နယ်က အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို အဓမ္မပြုကျင့်မှုနဲ့ အဓမ္မပြုကျင့်ဖို့ ကြိုတင်ကြံစည်မှုတွေ ဆက်တိုက် ကြုံတွေ့နေရပါတယ်။ အသက် ၆ နှစ်၊ ၇ နှစ်ခန့်သာ ရှိသေးတဲ့ မိန်းကလေးငယ်တွေနဲ့ ဆယ်ကျော်အသက်အရွယ် မိန်းကလေးငယ်တွေကို အဓမ္မကျင့်ပြုတာက သက်ငယ်မုဒိန်းမှုဖြစ်ပါတယ်။ ဒီလို မိန်းကလေးငယ်တွေကို…
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်း-မူဆယ် လမ်းပိုင်း ခရီးသွားလာခွင့်ကို TNLA မှ ယာယီပိတ်ထားသည်ဟု သိရသည်။ ယနေ့ ဇူလိုင် ၃၁ မနက်ပိုင်းမှစပြီး မူဆယ် – နမ့်ခမ်းလမ်းအား ခရီးသွားလာခွင့်ကို ယာယီပိတ်ထားခြင်းဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက သံလွင်ခက်ကို အတည်ပြုပြောသည်။ “မနေ့ညက အုပ်ချုပ်ရေး…
အတင်းအဓမ္မ စစ်သား စုဆောင်းခံရသူ တစ်ဦးသည် ရှမ်းပြည်နယ် ဟိုပုန်းမြို့နယ် အခြေစိုက် တပ်မတော်ကွန်ပြူတာနှင့် နည်းပညာသိပ္ပံသင်တန်းကျောင်း (တကန) တွင် ညလုံးပေါက် ရိုက်နှက်ခံရသောကြောင့် သေဆုံးသွားသည်ဟု မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ၏ ဇူလိုင် ၂၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။ တပ်တွင်း သတင်းရင်းမြစ်၏ ပြောဆိုမှုအား…
ခင်သရဖီဦး စစ်ကောင်စီ၏ စစ်တွေ တပ်ရင်းများမှနေ၍ ပေါက်တောမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များမှ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ဇူလိုင်လ ၂၇ ရက်မှ စတင်ကာ ထိုသို့ ပစ်ခတ်နေခြင်းဖြစ်သည်ဟု သိရသည်။ ပေါက်တောဒေသခံ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးက “အခုတလော ညဘက်ဆိုရင် လက်နက်ငယ်အသံတွေရော၊…
အလုပ်သမားအခွင့်အရေး ကူညီဆောင်ရွက်ပေးသူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဖမ်းဆီးပြီး သုံးရက်အကြာတွင် ၎င်း၏ သမီးဖြစ်သူနှင့် သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) အဖွဲ့ဝင် ခြောက်ဦးကိုပါ ထပ်မံဖမ်းဆီးခဲ့သည်ဟု သိရသည်။ ရန်ကုန်မြို့၊ ရွေ့ပြည်သာမြို့နယ်ရှိ STUM ရုံးကို စစ်ကောင်စီက ယမန်နေ့ ဇူလိုင် ၂၈ ရက် ညပိုင်းတွင် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့သည်ဟု အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူများက…
ခင်သရဖီဦး ရခိုင်ပြည်နယ်ရှိ လွတ်မြောက်နယ်မြေများတွင် စစ်ကောင်စီ၏ ကုန်လမ်း၊ ရေလမ်း ပိတ်ဆို့မှုကြောင့် ရပ်နားထားခဲ့ရသည့် ငါး၊ ပုစွန်ဈေးကွက်မှာ ယခုနှစ် ဇွန်လမှ စ၍ အိန္ဒိယဘက်မှ ပြန်လည် ဝယ်ယူမှုများရှိလာသည်ဟု သိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ပြီး ကုန်လမ်း၊ ရေလမ်းပိတ်ဆို့မှုများနှင့်အတူ ငါး၊ ပုစွန်ရောင်းဝယ်ရေး…
ကရင်ပြည်နယ် မြဝတီ – ဝေါ်လေကားလမ်းမရှိ ဝေါ်လေဗျူဟာကုန်းစခန်းသို့ ဒရုန်းအသစ်တစ်စင်းကို စစ်ကောင်စီတပ်ဘက်မှ လေထီးဖြင့် လာချပေးခဲ့ရာ ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ ၎င်းဒရုန်းကို စစ်ကောင်စီတပ်က Y – 8 လေယာဥ်ဖြင့် လာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ရဲဘော်တစ်ဦးက ပြောသည်။ “သူတို့ ချတဲ့ ဒရုန်းက ကျွန်တော်တို့…