Browsing: ပြည်တွင်းသတင်း

Saw Smith စက်တင်ဘာ ၈ ၊ ၂၀၂၃ ။ ပြင်းထန်တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာ တပ်ဖွဲ့တချို့ ခဲယမ်းအင်အားပြတ်လပ်မှုတွေနဲ့ ကြုံနေရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ် ။ ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်လောက်ကနေ  ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီက မြေပြင်အင်အားထောင်ချီအသုံးပြုပြီး ထိုးစစ်ဆင်နေတာ အခု စက်တင်ဘာလဆို ၃ လနီးပါးကြာမြင့်နေပါပြီ။ စစ်ကောင်စီက…

Read More

ယမင်းဖူးပွင့်အောင် စက်တင်ဘာ ၅၊ ၂၀၂၃။ ဧရာဝတီတိုင်း ရေကြည်မြို့နယ် အသုတ်မြို့တွင် NLD ပါတီဝင် ရပ်ကွက်ဥက္ကဋ္ဌတစ်ဦး ဖမ်းဆီးခံရပြီးနောက်သေဆုံးသွားသည်ဟု ဒေသခံများထံက သိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ရပ်ကွက်ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး ကို ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်က အသုတ်မြို့၊ အမှတ် ၄…

Read More

သံလွင်ခက်။ စက်တင်ဘာ ၂ ၊ ၂၀၂၃။ တိုက်ပွဲများပြင်းထန်နေသည့် ပြည်နယ် ၄ ပြည်နယ်အပါအဝင် တိုင်းဒေသကြီး ၁ ခုက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၅ ဦးကို အစားထိုးခန့်အပ်လိုက်သည်ဟု စစ်ကောင်စီက ယနေ့တွင် ထုတ်ပြန်သည်။ တိုက်ပွဲများပြင်းထန်နေသည့် ကချင်ပြည်နယ်၊ ကယားပြည်နယ် ( ကရင်နီပြည် )…

Read More

သံလွင်ခက်။ စက်တင်ဘာ ၁၊ ၂၀၂၃။ နှစ်စဉ်ကျင်းပလေ့ရှိသည့် ကရင်ရိုးရာလက်ချည်ပွဲကို ဩဂုတ်လ ၃၁ ရက်က ထိုင်း – မြန်မာနယ်စပ်၊ ကရင်ပြည်နယ်ရှိ ပလောတပို့ စစ်ဘေးရှောင်စခန်းတွင် ပြုလုပ်ခဲ့သည်။ ၂၀၂၁ခုနှစ် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်၊ မြဝတီမြို့အနီး လေးကေ့ကော်ဒေသတွင်ဖြစ်ပွားခဲ့သည့် ကရင်တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာရသည့် ကရင်တိုင်းရင်းသားများက ရိုးရာလက်ချည်ပွဲကို…

Read More

ယမင်းဖူးပွင့်အောင် ဩဂုတ် ၂၉။ ၂၀၂၃။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား စမတ်ကတ်အဖြစ်ပြောင်းလဲရန်အတွက်ကိုယ်ရေးအချက်အလက်များကောက်ယူနေသည်ဟု ဒေသခံများထံက သိရသည်။ E-Government ကိုအထောက်အကူပြုနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား စမတ်ကတ်အဖြစ်ပြောင်းလဲအသုံးပြုရန် အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေသည်ဟု စစ်ကောင်စီခန့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ဩဂုတ်လ ၁၀ ရက်တွင် ပြောသည်။…

Read More

သဇင် သြဂုတ် ၂၉ ၊၂၀၂၃။ မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းနှစ်ခုကို မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးရှိတော်လှန်ရေးအင်အားစုများက  SF-Z လေယာဥ်ဖြင့် ဗုံးသီးချ တိုက်ခဲ့သည် ဟု Tavoy People Liberation Force-TPLF က ယနေ့တွင် ထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ်လ ၂၈ရက်၊ နေ့လယ်…

Read More

သံလွင်ခက် ဩဂုတ် ၂၅၊ ၂၀၂၃။ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်တပ်မဟာ ၃ နယ်မြေကို စစ်ကောင်စီတပ်က  လေကြောင်းဖြင့် ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခဲ့သည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။ တပ်မဟာ (၃)၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်ရှိ သဲသောမူ ၊ သဲသောခွား ကျေးရွာကို…

Read More

ယမင်းဖူးပွင့်အောင် ဩဂုတ် ၂၅၊ ၂၀၂၃။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာအတွင်းပိတ်မိနေသည့်ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင် များက လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်က ကာမိုင်းနှင့် နန့်ယားကျေးရွာကြားရှိ ကျောက်ထုစခန်းအနီးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် KIA က ကာမိုင်း-ဖားကန့်လမ်းကို …

Read More

ကောင်းချစ်အောင် ဩဂုတ်၂၅ ၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်ကြေးနီစီမံကိန်းတွင်တာဝန်ထမ်းဆောင်ရန် အင်အားဖြည့်ရောက်လာကြသည့် ပြည်သူ့စစ် ၁၄ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ချင်းတွင်းဂဠုန်ရာဇာအဖွဲ့ထံက သိရသည်။ ယမန်နေ့  နံနက် ၁၁ နာရီခန့်က ကာကွယ်ရေးတပ်ဖွဲ့များ လမ်းပိုင်းတစ်နေရာတွင်စစ်ဆေးရေးပြုလုပ်နေစဥ်အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်က  သင်တန်းဆင်းလာသည့်ပြည်သူ့စစ် ၁၄ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု…

Read More

သဇင် ဩဂုတ် ၂၄ ၊ ၂၀၂၃။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် လောင်းကစားဝိုင်းပြုလုပ်ကာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များကို သတင်းပေးနေသည်ဟုဆိုသည့် စစ်ကောက်စီလက်အောက်ခံ BGF နယ်ခြားစောင့်တပ် ဗိုလ်ဝင်းစိုးနှင့် ဇနီးဖြစ်သူအား ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခဲ့သည်ဟု Kyaikhto Revolution Force (KRF) က ယနေ့တွင်ထုတ်ပြန်ထားသည်။ BGF က…

Read More