သံလွင်ခက်။ ဇူလိုင် ၈ ၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ရှိ စစ်ကောင်စီအထိုင်စခန်း နှစ်နေရာကို တော်လှန်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင်နှစ်ဦးဖမ်းဆီးရမိခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA (အနောက်မြောက်စစ်ဒေသ) က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် ပုလဲမြို့ထဲရှိ စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်လျက်ရှိသော…
Browsing: ပြည်တွင်းသတင်း
သဇင် ဇူလိုင် ၈၊၂၀၂၄ အာရက္ခတပ်တော် AA သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ စတင်ခဲ့သည့် ရခိုင်ဒေသတွင်းထိုးစစ် ၇ လ ကျော် ကာလအတွင်း စစ်ရေးအရအရေးပါသည့် မြို့ (၁၀) မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ “အာရက္ခဒေသတစ်ခုလုံးအတွင်း၌ ဖက်ဆစ်စစ်ကောင်စီ၏တပ်များအားလုံး အနှေးနှင့်အမြန်ကင်းစင်ရမည်”…
ယမင်းဖူးပွင့်အောင် ဇူလိုင် ၈၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ရှောင်ရန်ထွက်ခွာသူများပြားနေသဖြင့် လားရှိုး-မန္တလေးလမ်းပေါ်ရှိ မယ်ဟန်ဂိတ်အနီးတွင် ကားအစီးရေထောင်နှင့်ချီပိတ်မိနေသည်ဟု ဒေသခံများထံက သိရသည်။ လားရှိုးမြို့ရှိ ခြေမြန်တပ်ရင်း -၅၀၇ ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် မြို့နေပြည်သူများက အလျင်အမြန်နေရပ်စွန့်ခွာနေကြသည်ဟု လားရှိုးမြို့ခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။ “ကားတန်းတအားရှည်တယ်။ ကားတွေထောင်ချီတယ်။…
စကားမောင် ဇူလိုင် ၈၊ ၂၀၂၄။ တိုက်ပွဲဖြစ်ပွားနေသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းတွင် လွန်ခဲ့သည့် နှစ်ရက်မှစ၍ ဆန်များဝယ်ယူ၍ မရဖြစ်နေသည်ဟု ဒေသခံများထံက သိရသည်။ “အခု ဆန်တွေကမရတော့ဘူး၊ ဘယ်သူမှ မရောင်းတော့ဘူး။ ဆိုင်ကြီးတွေမှာလည်းမရှိတော့ဘူး။ ဆန်တင်မဟုတ်ဘူး အကုန်ဘာမှမရတော့ဘူး”ဟု မိုးကုတ်မြို့ အရှေ့ပိုင်းနေ၊ အမျိုးသမီးတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။ ဇွန်လကုန်ပိုင်းကစပြီး…
စကားမောင် ဇူလိုင် ၆၊ ၂၀၂၄ ရန်ကုန်တိုင်း၊ သာကေတမြို့နယ် အနော်မာနှင့် ထူပါရုံရပ်ကွက်များတွင် ယခုလ ပထမအပတ်မှစ၍ ဝမ်းရောဂါဖြစ်ပွားလျက်ရှိပြီး သေဆုံးသူ ခန့်မှန်း ၅ ဦးမှ ၈ ဦးအထိရှိနေပြီး ရောဂါခံစားနေရသူ ၄၅ ဦးရှိသည်ဟု ဒေသခံများထံက သိရသည်။ “သာကေတမြို့မှာ ၁၉ ရပ်ကွက်ရှိတဲ့ထဲ ဒို့ရပ်ကွက်တွေကျတော့…
ထွယ် ဇူလိုင် ၆၊ ၂၀၂၄ ကချင်ပြည်နယ်အထက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မလိခမြစ်နှင့် မေခမြစ်ရေကြီးရေလျှံဖြစ်ကာ မြစ်ကြီးနား- ပူတာအိုရှိ လမ်းပိုင်းမြေပြိုပျက်စီးပြီး ကားများလမ်းခုလတ်၌ ပိတ်မိနေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သည်ဟု ဒေသခံများထံကသိရသည်။ “မြေတွေ အကုန်ပြိုထားတဲ့အခါကြတော့ တယန်ဇွပ်ရွာမှာ ပိတ်မိနေတယ်။ မြစ်ကြီးနားပြန်လာလို့မရဘူး။ ဖုန်ကျန်ရွာမှာလည်း တံတားနဲ့မြေကြီးအစပ်မှာ ရေတိုက်စားလို့ ဟောင်းလောင်းကြီးဖြစ်သွားတာပေါ့” ဟု…
ခင်သရဖီဦး ဇူလိုင် ၆၊ ၂၀၂၄ ရခိုင်ပြည်၊ သံတွဲမြို့နယ်တို့တွင် တိုက်ပွဲရှောင်နေသည့်ဒေသခံများ၏နေအိမ်များ ဖောက်ထွင်းခိုးယူခံရမှုများရှိနေသည်ဟု သံတွဲစစ်ရှောင်ဒေသခံများထံမှ သိရသည်။ “အိမ်တွေက လူမရှိတဲ့ အိမ်ဆို ရပ်ကွက်တိုင်းက ဖောက်ခံရပါတယ်။ ရပ်ကွက်တိုင်း နီးပါးပါပဲ။ သူတို့ကရတဲ့ ပစ္စည်းယူသွားပါတယ်။ မီးဖိုးချောင်းက ပစ္စည်းတွေကအစ တစ်ခုမကျန်အကုန်ကို မသွားကြတာ” ဟု သံတွဲဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။…
သံလွင်ခက်။ ဇူလိုင် ၆ ၊ ၂၀၂၄။ ကရင်ပြည်နယ်၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်၏လက်နက်ကြီး၊ ဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်က ဒေသခံ သုံးဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင် အမျိုးသားအစည်းအရုံး- KNU က ယနေ့တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇူလိုင်လ…
သံလွင်ခက် ဇူလိုင် ၆၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်- SSPP/SSA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့အကြား နှစ်ဖက်ခေါင်းဆောင်များ ညှိနှိုင်းကာပစ်ခတ်မှုများ ရပ်တန့်အဆုံးသတ်လိုက်ပြီဟု ယမန့်နေ့တွင် TNLA က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇူလိုင် ၅ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများကို…
ယမင်းဖူးပွင့်အောင် ဇူလိုင် ၅၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အနီးက နွားမွေးမြူရေးခြံတစ်ခြံကို ယနေ့တွင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့သည်ဟု ဒေသခံများထံက သိရသည်။ “နွားခြံနားကို လာကြဲသွားတာပါ။ လက်ရှိတော့ ဒေသခံတွေ လုံခြုံရေးသတိ ထားနေရတယ်” ဟု ဒေသံခံတစ်ဦးက ပြောသည်။ ကွတ်ခိုင်မြို့အဝင် လွိုင်ဆမ်ဆစ်တောင်ခြေအနီးရှိ နွားမွေးမြူရေးခြံကို ယနေ့နေ့လည်…