အလုပ်သမားသမဂ္ဂ၊ မုဆိုးကမ်းနားနှင့် မဟာမိတ်အဖွဲ့များသည် ယနေ့တွင် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးသို့ သွားရောက်ကာ BIMSTEC အစည်းအဝေးသို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံမှ ဖိတ်ကြားခဲ့ခြင်းနှင့် ပတ်သက်၍ ကြေညာချက်ဖတ်ကြားခဲ့သည်။ အဆိုပါ ကြေညာချက်တွင် တောင်းဆိုချက် ၄ ခုပါဝင်ပြီး ထိုင်းအစိုးရအား စစ်ကောင်စီနှင့် ဆက်ဆံရေးပုံစံအားလုံးကို အဆုံးသတ်ရမည်ဖြစ်ပြီး ထိုင်းနိုင်ငံက…
Browsing: ပင်မစာမျက်နှာ
ရွှေ့ပြောင်းအလုပ်သမားများ၏ “မင်းအောင်လှိုင်” ကို ဆန့်ကျင်ဆန္ဒပြမှုကို စီစဉ်သူများအား ထိုင်းအမျိုးသားရေးလှုပ်ရှားသူများ ပါဝင်သည့် အဖွဲ့အစည်းကာကွယ်ရေးအုပ်စုက ယနေ့နံနက်တွင် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သဖြင့် မစတင်နိုင်ဘဲ ရပ်တန့်ခဲ့ရသည်ဟု ထိုင်းသတင်းဖော်ပြချက်များအရ သိရသည်။ ဧပြီလ ၅ ရက်နေ့၊ နံနက် ၁၀:၄၅ နာရီတွင် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများပါဝင်သော Bright Future အဖွဲ့က…
မောင်လှိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အား ထိန်းချုပ်ထားသည့် ကိုးကန့်တပ် MNDAA ၂၀၂၅ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ပြန်လည်ဆုတ်ခွာမည်ဟု MNDAA နှင့်နီးစပ်သည့် စစ်ရေးသတင်း အရင်းအမြစ်များထံမှ သိရသည်။ ကိုးကန့်တပ် MNDAA မှ ကျန်းမားရေးဌာနနှင့် ပညာရေးဌာနများမှ တပ်ဖွဲ့ဝင်များ ကနဦး တပ်ဆုတ်ခွာမည် ဖြစ်သည်ဟု…
စစ်ကောင်စီတပ်သည် ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ လက်ပံခုန်ရွာအနီးရှိ နေရာကို မတ်လ ၂၃ ရက် ည ၁၁ နာရီ ၄၈ မိနစ်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ နေပြည်တော်လေတပ်စခန်းမှထွက်လာသော Jet Fighter နှစ်စီးဖြင့် တစ်ကြိမ်လျှင်ဗုံးသီး (၅) လုံးစီ( ၅)ကြိမ်ကျဲချတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူတစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်…
မတ်လ ၂၃ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိတ်ရှိန်ရွှေဆိုင်အား သေနတ်ပြကာ ဓါးပြတိုက်ခဲ့သော လူငယ်လေးဦးအား မွန်းလွဲပိုင်းအချိန်၌ ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ တိတ်ရှိန်ရွှေဆိုင်၏ ပိုင်ရှင်ဖြစ်သူ မမြတ်သဥ္ဇာမိုးနှင့် ဝန်ထမ်းအမျိုးသမီး ၇ ဦးမှာ ဆိုင်ဖွင့်လှစ်ရန်ပြင်ဆင်နေစဉ် နံနက်…
ခင်သရဖီဦး ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မင်းသားတောင်ရွာတွင် ချောင်းထဲမှ ကောက်ယူလာသည့် စစ်ကျန် ဗုံးသီး တစ်လုံးအား ပေါက်မပေါက်ကို မီးပုံထဲသို့ ထည့်ပြီး စမ်းကြည့်ရာမှ ပေါက်ကွဲပြီး လူငယ်တစ်ဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။ ယမန့်နေ့ မတ်လ ၁၉ ရက် ညနေ ၃…
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများမှ ခေါ်ထုတ်ထားသည့် တရုတ်နိုင်ငံသား ၃၈၀ ဦးကို ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားမှတဆင့် သက်ဆိုင်ရာ နိုင်ငံများဆီသို့ မတ်လ ၁၉ ရက်တွင် လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် မတ်လ ၁၈ ရက်ကလည်း ဂျပန်နိုင်ငံသား တစ်ဦးအပါအဝင် နိုင်ငံခြားသား…
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊တဘလုခို့ခီးကျေးရွာက ဒေသခံ နှစ်ဦးသေဆုံးခဲ့ သည်ဟု KNU က ယနေ့တွင်ထုတ်ပြန်သည်။ မတ်လ ၁၉ ရက်၊ နေ့လည် ၁၁ နာရီခွဲအချိန်တွင်စစ်ကောင်စီ၏ နေပြည်တော်လေတပ်မှ Yak-130 Jet Fighter တစ်စီးဖြင့်…
စစ်ကောင်စီ ဖမ်းဆီးလိုက်သည့် မှုးယစ်ဆေးဝါးအမှု ဖြစ်စဉ်တွင် အာရက္ခတပ်တော် AA ပါဝင်ပတ်သက်သည်ဟု စွပ်စွဲချက် က နိုင်ငံရေးအရ ထိုးနက်ချက်တခုသာဖြစ်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) မှ မတ်လ ၁၉ရက် တွင် တုံ့ပြန်လိုက်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ် ၉၆ ဘီလီယံတန်ဖိုးရှိသည့် မှုးယစ်ဆေးဝါးတွေကို ဖမ်းဆီးမိခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးအမှုသည်…
အမီးလေး အန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် မြန်မာနိုင်ငံသား ၁၀ ဦးသည် နာတာရှည်ရောဂါခံစားနေရပြီး ဆေးကုခွင့်မရခြင်းကြောင့် စိုးရိမ်နေရကြောင်း India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ် ကပြောသည်။ “နာတာရှည်ရောဂါသည်တွေက ဆေးကုသခွင့်မရှိပါဘူး၊ အကုန်လုံးအတူတူပဲထားတော့ စိုးရိမ်ရတယ်၊ လက်ရှိအချိန်မှာ အင်ဖာထောင်မှာဖမ်းဆီးခံထားရတဲ့ထဲက နာတာရှည်ရောဂါသည် ၁၀ ဦးခန့်…