Browsing: ပင်မစာမျက်နှာ

အပစ်ရပ် သက်တမ်း တစ်လတိုးထားသည့် စစ်ကောင်စီသည် မေလ ၉ ရက် တစ်ရက်တည်းတွင် တအာင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်နယ်မြေများကို လေ‌ကြောင်းမှ ဒရုန်းများ အသုံးပြု၍ အဆိပ်ငွေ့ဗုံး ၂၁ ကြိမ် ကြဲချတိုက်ခိုက်ခဲ့သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ် နောင်လင်၊ တောင်လှနှင့် သရက်ချိုရွာများသို့ မေ…

Read More

အမီးလေး ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်ရှိ မြင်းမထိတောင်တွင် တူးဖော်မည့် သတ္တုတူးဖော်မည့် ကုမ္ပဏီများနှင့် ‌ဒေသခံ ပရာဒေါင်းဆွေမျိုးစုများ မေလ ၉ ရက်က တွေ့ဆုံဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု တစ်စုံတရာ မရရှိခဲ့ဟု ပရာဒေါင်းဆွေမျိုးစု၏ ဥက္ကဌ ခွန်းအောင်နိုင်စိုးက ပြောသည်။ ၎င်းက “‌ဒေသခံတွေကို အပေါင်းလက္ခဏာဆောင်တဲ့ တောင်းဆိုချက်များကို တောင်းဆိုပေးပါလို့ပဲ ပြောတယ်”…

Read More

ထိုင်းနိုင်ငံမှာ တကျော့ပြန်ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်လာနေတာကြောင့် ကျန်းမာရေးအသိရှိရှိနဲ့ နေကြဖို့ ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန DDC က ထုတ်ပြန်ထားပါတယ်။ မကြာခင် ကျောင်းဖွင့်ချိန် ရောက်လာတော့မှာဖြစ်သလို မိုးရာသီလို အချိန်မျိုးမှာ ရောဂါ ပိုပြီး ပျံ့နှံ့နိုင်တဲ့အတွက် ကိုဗစ်နဲ့ တုပ်ကွေးရောဂါဆိုင်ရာ ကာကွယ်ရေးလမ်းညွှန်ချက်တွေကို လိုက်နာဖို့ DDC က အကြံပြုထားပါတယ်။ ထိုင်းနိုင်ငံမှာ…

Read More

မေလ ၉ ရက် ညပိုင်းတွင် ဘန်ကောက်မြို့၊ လုံပ္ပနီကွင်း၌ ကျင်းပနေသော ONE Lumpinee 107 တွင် ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် ပြိုင်ဖက်ဖြစ်သူ အသက် ၁၉ နှစ်အရွယ် ထိုင်းလက်ဝှေ့မယ် ဂျူနီယာကို အနိုင်ရရှိသည်။ ဘရော်နီကာသည် ယှဉ်ပြိုုင်ထိုးသတ်ခဲ့ရာတွင် ဂျူနီယာအား အမှတ်စဉ် ၃ ကြိမ်အထိရေတွက်ခံရသည်အထိ…

Read More

အမီးလေး တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ရှောင်နေသည့် ဘုန်းကြီးကျောင်းအား စစ်ကောင်စီက မေလ ၈ ရက်တွင် လေကြောင်းဗုံးကြဲခဲ့ရာ စစ်ရှောင်ပြည်သူ ၁၅ ဦးသေဆုံးပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဗန်းမော် UG အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “ဗုံးကြဲတာကတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိတယ်ဆိုပြီး ဘုန်းကြီးကျောင်းကို…

Read More

၂၈ နှစ်နီးပါးခန့် လက်လွှတ်ခဲ့ရသည့် ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် တပ်မဟာ (၄) ရှိ ထီးခီးစခန်းအပါအဝင် တပ်မဟာ(၃) နှင့် တပ်မဟာ(၇) က စစ်ကောင်စီ စခန်း သုံးခုကို ကရင်အမျိုးသားအစည်းအရုံး KNU/KNLA ပူးပေါင်းတပ်များက အပြီးသတ် သိမ်းလိုက်နိုင်သည်ဟု KNU က မေ ၉…

Read More

ကက်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် ရောဘတ် ဖရန့်စစ် ပရီဗို့စ်ကို မနေ့က ရွေးချယ်တင်မြှောက်လိုက်ပါတယ်။ အခုရွေးချယ်တင်မြှောက်ခံလိုက်ရတဲ့ ပုပ်ရဟန်းမင်းကြီးဟာ အမေရိကန်ပြည်ထောင်စုကနေ ပုပ်ရဟန်းမင်းကြီးအဖြစ် ပထမဆုံးရွေးချယ်တင်မြှောက်ခံရသူလည်းဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးပျံလွန်တော်မူပြီးနောက် ရဟန်းမင်းကြီးသစ် ရွေးချယ်ပွဲကို ဗာတီကန်မြို့မှာ ရှိတဲ့ ဆင်းစတင်းဘုရားကျောင်းအတွင်း ကာဒီနယ်ဘုန်းတော်ကြီး ၁၃၃ ပါးက လျှို့ဝှက်စနစ်နဲ့ ရွေးချယ်ခဲ့ကြပါတယ်။ အဲဒီပုပ်ရဟန်းမင်းကြီးသစ်…

Read More

ခင်သရဖီဦး ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်က ရေလုပ်သား ၆ ဦးကို ကျောက်ဖြူအနီး ပင်လယ်ပြင်တွင် ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီရေတပ်က မေလ ၃ ရက်တွင် ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်တောက်နေသည်ဟု ဒေသခံများထံမှ သိရသည်။ ယင်းသို့ ဖမ်းဆီးခံရသူများမှာ အသက် ၂၅ နှစ်မှ ၃၅…

Read More

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များကို ထောက်ပံ့စရိတ်အဖြစ် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၄.၉ သန်း ပေးပို့ခဲ့ပြီးဖြစ်သည်ဟု မေလ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထောက်ပံ့စရိတ် အမေရိကန်ဒေါ်လာ ၂၄.၉ သန်းထဲမှ ၂၂.၅ သန်းကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF)…

Read More

စစ်ကောင်စီတပ်နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)တို့ကြား ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်မှုးအရာအရှိများအပါအဝင် တပ်သား ၃၀ သေဆုံးခဲ့သည်ဟု MLA မှ ထုတ်ပြန်ထားသည်။ မွန်ပြည်နယ် ကျုံဒိုးမြို့နယ် နွားခြံကုန်းကျေးရွာအနီးသို့ စစ်ကြောင်းထိုးသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် မွန်တော်လှန်ရေးတပ်ဖွဲ့များနှင့် ကရင်တော်လှန်ရေးအင်အားစုများတို့ကြားမှ ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု…

Read More