ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသည့် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဟောင်း မဝတ်ရည်အောင်သည် စစ်ကောင်စီ၏ နှိပ်စက်ဒဏ်ရာများကြောင့် ထောင်ဒဏ်ကျခံရအပြီး ၄ နှစ်အကြာ ဇူလိုင် ၁၉ ရက် ညတွင် ကျဆုံးခဲ့သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်သည်။ အာဏာသိမ်းချိန်တွင် သမဂ္ဂတပ်ဦးအလံကိုင်စွဲကာ စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်ခဲ့သည့်သတ္တဗေဒ-ဒုတိယနှစ်ကျောင်းသူ မဝတ်ရည်အောင်ကို ၂၀၂၁ ခုနှစ်…
Browsing: ပင်မစာမျက်နှာ
ခင်သရဖီဦး မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နောင်ကျေးရွာကို ယမန့်နေ့က စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အဖွားအို တစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။ ဇူလိူင်လ ၁၈ ရက် နေ့လယ် ၁၂ နာရီခန့်တွင် နတ်ရေကန်ဗျူဟာကုန်းမှ ဒရုန်းဖြင့် ဗုံး နှစ်ကြိမ်…
နောင်ချိုမြို့ကို ဇူလိုင် ၁၆ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ နောင်ချိုမြို့ စစ်ကောင်စီက ထိန်းချုပ်ထားပြီးတဲ့နောက်မှာတော့ လားရှိုးမြို့နဲ့ နောင်ချိုး ကြားရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ သီပေါမြိုတွေကို ထိုးစစ်ဆင်လာနိုင်ဖွယ်ရှိပါတယ်။ သတင်း/တည်းဖြတ်- မောင်လှိုင်း တင်ဆက် -ဖေငယ် #နောင်ချို #ရှမ်းမြောက် #TNLA #ThanLwinKhetNews
ခင်သရဖီဦး ကျောက်ဖြူမြို့ အမှတ် (၃၂) ရဲတပ်ရင်းအနီးတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့အကြား ယမန့်နေ့မှစပြီး ထိတွေ့တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်ဟု သိရသည်။ အသက် ၃၀ အရွယ် စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ”အခုကတော့ တိုက်ပွဲ ပြန်စနေတဲ့ သဘောပေါ့နော်။ နှစ်ဖက်အထိအတွေ့ကတော့ ရှိတာပေါ့။ ဒရုန်းကတော့ စစ်တပ်က နေသာရင်…
သူရဇော် မန္တလေးမြို့ မြောက်ဘက်ရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည် သပိတ်ကျင်းမြို့ကို စစ်ကောင်စီတပ်များ ထိုးစစ်ဆင်နေပြီး သပိတ်ကျင်းမြို့အရှေ့ဘက် ၄ မိုင်အကွာထိ စစ်ကောင်စီ၏ ထိုးစစ် နီးကပ်လာနေသည်ဟု နယ်မြေသတင်းရင်းမြစ်များထံမှ သိရသည်။ ယခုလ ဇူလိုင် ၁၂ ရက်မှစ၍ စစ်ကောင်စီသည် မန္တလေးမြို့ မြောက်ဘက်ရှိ မတ္တရာနှင့် သပိတ်ကျင်းစသည့်ဒေသများကို စတင်…
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အနေဖြင့် တောင်ခမ်း၊ နောင်ချိုတိုက်ပွဲ သင်ခန်းစာများအား အခြေခံ၍ နိုင်ငံရေးလမ်းကြောင်းသစ်ကို လျှောက်လှမ်းသင့်သည်ဟု ဥပဒေအထောက်အကူပြုကွန်ရက်မှ ယနေ့ ထုတ်ပြန်လိုက်သည်။ TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ပေါ် ရပ်ကွက်တွေအပါအဝင် အစိုးရရုံးအားလုံးကို စစ်ကောင်စီက ဇူလိုင် ၁၅ ရက်တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်ဟု ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ ပိုးလမ်းမကြီး…
ခင်သရဖီဦး ရခိုင်ပြည်ထုတ် တောအရက်များတွင် သောက်သုံးရန် မသင့်သည့် မယ်သနော အဆိပ်ဓာတ် ၁၂ ရာခိုင်နှုန်းထိ ပါဝင်နေသည်ဟု အာရက္ခတပ်တော် AA က သတိပေးထားသည်။ အေအေ၏ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တောအရက်ဆိုသည်မှာ စနစ်တကျ အဆင့်ဆင့် ပေါင်းခံ ချက်လုပ်ထားခြင်းမဟုတ်၍ အဆိပ်ဓာတ် မယ်သနော ၅ ရာခိုင်နှုန်းမှ ၁၂…
ခင်သရဖီဦး ရခိုင်ပြည်နယ်အတွင်းက လွတ်မြောက်နယ်မြေများတွင် အာရက္ခတပ်တော် AA မှ ဖွင့်လှစ်ပေးထားသည့် အင်တာနက်အား မြို့အားလုံးတွင် ယနေ့ ဇူလိုင်လ ၁၇ ရက်မှစ၍ တန်းတူဈေးတစ်ခုအား သတ်မှတ်ပေးလိုက်သည်ဟု သိရသည်။ အာရက္ခတပ်တော်၏ ပြည်သူ့ဝန်ဆောင်မှုဌာနမှ ဖွင့်လှစ်ထားသည့် နေရာများတွင် ယခင်က တစ်မြို့နှင့် တစ်မြို့ အင်တာနက်အသုံးပြုခ မတူညီသည့်အပြင် ဈေးနူန်းမှာလည်း…
ဘုန်းမောင် လားရှိုးမြို့သည် ၂၀၂၅ ခုနှစ် ဧပြီလအတွင်း စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ သေနတ်တစ်ချက်မဖောက်ဘဲ ထိုသို့ပြန်ပေးလိုက်ရခြင်းက မြန်မာ့တော်လှန်ရေးနှင့်အတူ မြန်မာနိုင်ငံရှိ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုများအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် မဟာဗျူဟာပိုင်းဆိုင်ရာအပေါ် ကြီးမားသော အပြောင်းအလဲတစ်ရပ်ဖြစ်စေခဲ့ပါသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” အတွင်း လားရှိုးမြို့ကို…
တအာင်းတပ် – TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်လိုက်သည်ဟု မြေပြင်အခြေအနေ သိရှိသူများမှ သံလွင်ခက်ကို ပြောသည်။ စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ယမန်နေ့ ဇူလိုင် ၁၅ ရက်တွင် နောင်ချိုမြို့၏ သုံးပုံ တစ်ပုံအား သိမ်းပိုက်ရရှိထားပြီဟု ဓာတ်ပုံများနှင့်တကွ ရေးသားထားသလို ယနေ့…