Browsing: ပင်မစာမျက်နှာ

ကရင်လက်နက်ကိုင်အစုအဖွဲ့တစ်ခုဖြစ်သော ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၏ စစ်ဦးစီးချုပ်အပါအဝင် ခေါင်းဆောင်ပိုင်းနေရာများတွင် ရာထူးအပြောင်းအလဲလုပ်ဆောင်လုပ်သည်ဟု ၎င်းအဖွဲ့အစည်း၏ စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။ ဒီဇင်ဘာ ၂၁ ရက်တွင် ကျရောက်သော ၃၁ နှစ်ပြည့် DKBA အခမ်းအနားနေ့ရက်မှ စတင်ကာ ဒီဇင်ဘာ ၂၄ ရက်အထိ တပ်မှူးများဆိုင်ရာအစည်းအဝေးကို ဌာနချုပ်ရှိရာ ကော်သူးမွဲခီး(ဆုံဆည်းမြိုင်တွင် ပြုလုပ်ခဲ့ပြီးနောက် ယင်းသို့…

Read More

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်အား ပြည်သူ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး ၃၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF က ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၉ ရက်မှစတင်၍ ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်စစ်ကြောင်းနှင့် တော်လှန်ရေးအင်အားစုများအကြား ဒီဇင်ဘာလ…

Read More

လစ်ဗျား စစ်ဦးစီးချုပ် Mohammed Ali Ahmed al-Haddad နှင့် ထိပ်တန်းစစ်ဘက်ဆိုင်ရာ အရာရှိ လေးဦးတို့သည် ယမန်နေ့ညက တူရကီနိုင်ငံမြို့တော် အန်ကာရာအနီး ၎င်းတို့ စီးနင်းလာသည့် ပုဂ္ဂလိက ဂျက်လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးခဲ့သည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် တူရကီစစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဆင့်မြင့် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများ…

Read More

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ထံသို့ တစ်ပတ်တာကာလအတွင်း အာဏာသိမ်းစစ်တပ်မှ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ စုစုပေါင်း ရှစ်ဦး ဆက်တိုက်အလင်းဝင်ရောက်လာသည်ဟု KNU ဗဟိုက ထုတ်ပြန်သည်။ စစ်ကော်မရှင်တပ်၏ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းခံရသည့် တပ်သား ငါးဦးသည် ခလယ်လွီထူခရိုင်၊ မူးမြို့နယ်အခြေစိုက် KNLA တပ်ရင်း (၈)…

Read More

ခင်သရဖီဦး ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာ ၃ ရွာအား စစ်ကော်မရှင်တပ်က ဗုံးကြဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက် ညနေ ၅ နာရီမှ ည ၉ နာရီအချိန်အတွင်း ဆင်အင်းကြီး၊ ကွမ်းတောင်နှင့် ခမောင်းတောတို့အား ဗုံးကြဲခဲ့သည့်အတွက် နေအိမ်တချို့ ပျက်စီးခဲ့ရသည်ဟု…

Read More

ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်သော အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်သဖြင့် လက်မခံနိုင်ကြောင်းကို စစ်ကိုင်းတိုင်း၊ ချင်းတွင်းခရိုင်အတွင်းရှိ ဒေသခံအချို့က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ စစ်အုပ်စုသည် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲအပိုင်း ၁ ကို ပြုလုပ်မည်ဖြစ်ပြီး ၂၀၂၆ ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ…

Read More

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်အနီးရှိ ဟိုတယ်တစ်ခုတွင် မြန်မာစစ်တပ်ထံ ပေးပို့ရန်ဟု ယူဆရသည့် ဒရုန်း ၁၀ စင်းနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း Bangkok Post က ဖော်ပြထားသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က လေဆိပ်အနီးတွင် ဒရုန်းများ ပျံသန်းနေကြောင်း သတင်းပေးချက်အရ လတ်ကယဘန်…

Read More

ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်သော အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်သဖြင့် လက်မခံနိုင်ကြောင်းကို မုံရွာခရိုင်အတွင်းရှိ ဒေသခံအချို့က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ရုပ်သံ – ပေးပို့ #စစ်အုပ်စုရွေးကောက်ပွဲ #လက်မခံ #မုံရွာခရိုင် #ဆန္ဒထုတ်ဖော် #ThanLwinKhetNews

Read More

Justice For Myanmar (JFM) ၏ တိုင်ကြားမှုနှင့် ဖိအားပေးမှုများကြောင့် ဩစတြေးလျအခြေစိုက် တိုက်ရိုက်ရုပ်သံလွှင့် ပလက်ဖောင်း Kick အပါအဝင် နိုင်ငံတကာ နည်းပညာကုမ္ပဏီကြီးများဖြစ်သော Twitch, YouTube, Facebook နှင့် MediaFire တို့သည် မြန်မာစစ်အုပ်စု၏ ဝါဒဖြန့်ချိရေးချန်နယ်များနှင့် အကောင့်များကို ၎င်းတို့ ပလက်ဖောင်းများပေါ်မှ ဖယ်ရှားလိုက်ပြီ…

Read More

ခင်သရဖီဦး ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်ရှိ ပင်လယ်ပြင်သို့ ဘင်္ဂလားဒေ့ချ်ဘက်မှ ခိုးဝင်လာသည့် ငါးဖမ်းသမားများ နေ့စဉ်နီးပါး ရှိနေပြီး အာရက္ခတပ်တော်မှလည်း ဖမ်းဆီးမှုများ လုပ်ဆောင်နေရသည်ဟု မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။ မောင်တောမြို့နယ်ရှိ အလယ်သံကျော်ကမ်းစပ်၊ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာအနီးတွင် အများဆုံးဖမ်းမိနေခြင်းဖြစ်သည်ဟု အသက် ၃၀ အရွယ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။…

Read More