Browsing: ပင်မစာမျက်နှာ

စစ်တပ်အာဏာစတင်သိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်အထိ စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် ပြည်သူ ၇၁၀၀ ကျော်အထိ သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ထုတ်ပြန်ထားသည်။ အာဏာရှင်ဆန်ကျင့်ရေးလှုပ်ရှားမှုများနှင့် ဒီမိုကရေစီအရေးလှုပ်ရှားမှုများအပြင် အပြစ်မဲ့ပြည်သူများအား စစ်ကောင်စီမှ အကြောင်းမဲ့ တိုက်ခိုက်ခြင်းကြောင့် လေးနှစ်ကျော်ကာလအတွင်း စုစုပေါင်း…

Read More

နှောင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ပိတ်ပင်ရေး၊ ကျား/မ ခွဲခြားဆက်ဆံမှု ပပျောက်ရေးနှင့် ပတ်သက်သည့် ကတိကဝတ်ပြုလွှာပါ အချက်အလက်များအား ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်က ခေါင်းဆောင်များနှင့် ရဲဘော်ရဲဘက်များအား လိုက်နာရမည်ဟု KNU ပြောခွင့်ရ ဖဒိုစောတောနီးက ပြောသည်။ အဆိုပါ ကတိတဝတ်ပြုလွှာပါ အချက်များအား ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင်…

Read More

ခင်သရဖီဦး မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ် အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်းတွင် စစ်ကောင်စီက ကားများဖြင့် စစ်သား ၁၅၀၀ ခန့်ပါဝင်သည့် စစ်ကြောင်းများဖြင့် အင်အားဖြည့်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်မှစ၍ စစ်ကား ၆၀ ကျော်ဖြင့် စစ်အင်အားဖြည့်နေခြင်းဖြစ်ကာ ယင်းစစ်ကားများမှာ ရခိုင်ဘက်သို့…

Read More

ဘုန်းမောင် စစ်မက်ဇုန်အတွင်းမဲပေးခြင်း ရွေးကောက်ပွဲမဲပေး‌ရေးလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ မရရှိသေးပေမယ့် နိုင်ငံသားအများစုဟာ တိုက်ပွဲဖြစ်နေတဲ့‌ ဒေသတွေမှာ ဒါမှမဟုတ် စစ်သားတွေရဲ့ မျက်စိအောက်မှာ မဲပေးဖို့ ဖြစ်လာနိုင်ပါတယ်။ အချို့သော မဲဆန္ဒနယ်တွေမှာဆိုရင်တော့ အကြမ်းဖက်မှုတွေ ပိုဖြစ်လာနိုင်တယ်လို့ ပြည်သူ တချို့က ပြောပါတယ်။ နိုင်ငံတွင်းက လူပေါင်း ၃ ဒဿမ ၅ သန်းကျော်…

Read More

ခင်သရဖီဦး မာန်အောင်ကျွန်းနှင့် ရမ်းဗြဲကျွန်းနားတွင် သွားလာကာ အပြစ်မဲ့ပြည်သူများအား လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် စစ်ကောင်စီ စစ်သင်္ဘောတစ်စီးကို အာရက္ခတပ်တော် AA က ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့ရာ သင်္ဘောမီးလောင်၍ ထွက်ပြေးသွားသည်ဟု AA မှ အတည်ပြုသည်။   ယမန့်နေ ဩဂုတ်လ ၂၉ ရက် ည ၅…

Read More

ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်နှင့် ဖုန်းပြောဆိုမှုတွေ ပေါက်ကြားပြီးနောက်ပိုင်း နယ်စပ်အငြင်းပွားမှုအပေါ် ဖြေရှင်းမှုများသည် ကျင့်ဝတ်စည်းကမ်းဥပဒေကို ချိုးဖောက်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့သောကြောင့် ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ကို ယနေ့တွင် ရာထူးကနေ ဖယ်ရှားလိုက်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ထိုင်းဝန်ကြီးချုပ်နှင့် အတူ အစိုးရအဖွဲ့တစ်ခုလုံးအား ရာထူးကနေ ဖယ်ရှား လိုက်ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်…

Read More

ခင်သရဖီဦး စစ်ကောင်စီ ထိန်းချုပ်ထားသည့် စစ်တွေမြို့တွင် ရှိသည့် အမြောက်တပ်များမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် နေထိုင်သည့် ဒေသခံတချို့ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု သိရသည်။ ပုဏ္ဏားကျွန်းမြို့နယ်က ငှက်ကြီးကျွန်းကျေးရွာ၊ ပဒေသာ ကျေးရွာ၊ အလယ်ချောင်း၊ တန်ဘက်လမ်းကျေးရွာနှင့် ကျွဲထိုး စသည့်ကျေးရွာများမှ ဒေသခံ ၅၀၀၀ ခန့်သည် အခြားဘေးလွတ်ရာ…

Read More

ဘုန်းမောင် မြန်မာစစ်တပ်ဟာ ကလေးသူငယ်တွေအပေါ် နှိပ်စက်ညှင်းပန်းမှုတွေအပါအဝင် မြန်မာပြည်သူတွေအပေါ် နှိပ်စက်ညှင်းပန်းတဲ့အထောက်အထားတွေတိုးလာနေပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတော်အာဏာမတရား သိမ်းယူထားတဲ့စစ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့အပေါ် အရိပ်ဆိုးကြီးလိုအုပ်မိုးထားတဲ့ စစ်အာဏာရှင်စနစ်ကို ခွာချပြီး စစ်တပ်ကထိန်းချုပ်ထားနိုင်သေးတဲ့မြို့၊ ရွာတွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ နဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မြို့၊ ရွာတွေမှာပါ ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေပါ တယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ဟာ…

Read More

မြန်မာနိုင်ငံတွင် သုံးစွဲသူ ၂၃ သန်းကျော်ရှိပြီး လူသုံးအများဆုံး ဆက်သွယ်ရေးကုမ္ပကြီး ဖြစ်သည့် တယ်လီနောသည် သုံးစွဲသူများ၏ အချက်အလက်များကို အာဏသိမ်းစစ်ကောင်စီထံသို့ ပေးပို့ခဲ့သည်။ အထူးသဖြင့် ကြိုးပေးခံခဲ့ရသည့် နွေဦးတော်လှန်ရေး ခေါင်းဆောင်များ ဖြစ်သည့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့၏ ဆက်သွယ်ရေး ဒေတာအချက်အလက်များအား စစ်ကောင်စီထံ ပေးအပ်ခဲ့သည်။ ထိုကြောင့် တယ်လီနောနှင့် တယ်လီနော…

Read More

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကော်မရှင် အကြား တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် အပစ်ရပ်ရေးအတွက် ဆွေးနွေးမှုနှင့် ပတ်သက်၍ သတင်းများ ပျံ့နှံနေသော်လည်း ရလဒ်အား အတည်မပြုနိုင်သေးဟု TNLA‌ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးမှ ပြောသည်။ ယမန်နေ့ ဩဂုတ်လ၊ ၂၇ ရက်တွင် တရုတ်အစိုးရ၏ အကူအညီဖြင့် TNLA…

Read More