ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသော်လည်း ၎င်းအရှိန်ကြောင့် လာမည့် ၂၄ နာရီအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေရာကွက်၍ မိုးသည်းထန်ခြင်း၊ မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသဌာနက ယနေ့ နံနက်ပိုင်းတွင် သတိပေးချက် ထုတ်ပြန်ထားသည်။ အဆိုပါ မုန်တိုင်းငယ်၏ သက်ရောက်မှုကြောင့် လာမည့်…
Browsing: ပင်မစာမျက်နှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တည်ထောင်ခြင်း ၃၇ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သော ယနေ့တွင် စစ်ကော်မရှင်ကကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို အတုအယောင်အဖြစ် သတ်မှတ်ကာ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။ အဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ၏ ထုတ်ပြန်ချက်တွင် စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံရေးတရားဝင်မှုရရန် လှည့်ဖြားခြင်းသာဖြစ်ပြီး တရားမျှတမှုရှိမည် မဟုတ်သည့်အတွက်…
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ တာဆောင်ရမ်းမြို့နယ်အတွင်း မြန်မာနိုင်ငံဘက်မှ တရားမဝင် တင်သွင်းလာသော ကြက်သွန်နီ ကီလိုဂရမ် ၆၀၀ ကို ထိုင်းပူးပေါင်းအဖွဲ့က စက်တင်ဘာလ ၂၆ ရက်က ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံသားတစ်ဦးကို ထိန်းသိမ်းခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။ အဆိုပါနေ့ ညနေ ၅ နာရီခန့်တွင် ပူးပေါင်းအဖွဲ့က တာဆောင်ရမ်းမြို့နယ်၊ မဲစလစ်လောင်ကျေးရွာရှိ…
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာကို စစ်တပ်က ယနေ့ နံနက် ၁၁ ခွဲခန့်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူ ကိုးဦး သေဆုံးပြီး ၁၁ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ “ကံထူးမ ကျေးရွာ အနောက်ခြမ်းမှာရှိတဲ့…
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးမှ ထုတ်ပေးထားသည့် CI စာအုပ်မှ PJ စာအုပ်ပြောင်းထားသည့် စာအုပ်အသစ်များမှာ ယနေ့မှ စ၍ Passport For Thailand Only တုံးထုခြင်းအား မြန်မာရွှေ့ပြောင်းလုပ်သားများ အများဆုံး အလုပ်လုပ်ကိုင်သည့် မြို့ဖြစ်သည့် မဟာချိုင်တွင် စတင်လုပ်ဆောင်နေသည်ဟု အလုပ်သမားအရေးလုပ်ဆောင်သူများက ဆိုသည်။ “ဒီရက်ပိုင်းအတွင်းမှာ…
မြန်မာနိုင်ငံသည် လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေလိုအပ်ချက် ပြည့်မီမှု အနည်းဆုံးသော နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ပြီး ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှု အကူအညီများပေးရန် လိုအပ်သည့် ရန်ပုံငွေ၏ ၁၂ ရာခိုင်နှုန်းခန့်သာ ရရှိထားသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA မှ စက်တင်ဘာ ၂၄ တွင် ထုတ်ပြန်လိုက်သည်။ ယခုနှစ် နှစ်ဝက်အတွင်း…
ခင်သရဖီဦး မောင်တောမြောက်ပိုင်းတွင် အာရက္ခတပ်တော် AA နှင့် ARSA – အာဆာအဖွဲ့တို့ကြား တိုက်ပွဲများဆက်လက် ဖြစ်ပွားလျက်ရှိသည်ဟု AA နှင့် နီးစပ်သူများထံမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်မှစတင်ပြီး မောင်တောမြောက်ပိုင်းရှိ ဝေလာတောင်တန်းဘက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု AA နှင့် နီးစပ်သည့် အသက်…
ဖိုးသောကြာ Chrome အသုံးပြုသူအားလုံး၏ ကွန်ပျူတာများကို ဟက်ကာများက ထိန်းချုပ်သွားနိုင်လောက်သည့် လုံခြုံရေးချို့ယွင်းမှုအား တွေ့ရှိခဲ့ပြီးနောက် သုံးစွဲသူများအနေဖြင့် ဘရောက်ဇာများ ချက်ချင်း အပ်ဒိတ်လုပ်ကာ လုံခြုံရေးအဆင့်မြှင့်တင်ကြရန် Google က ညွှန်ကြားထားသည်။ အဆိုပါ လုံခြုံရေးချို့ယွင်းချက်ကို စက်တင်ဘာ ၁၆ ရက်တွင် Google ၏ Threat Analysis Group…
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်နှင့်သောင်ရင်းမြစ်သာခြားသော မြန်မာနိုင်ငံ၊ လေးကေ့ကော်ဘက်ခြမ်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီးလက်နက်ကြီးကျည်တစ်လုံး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း နယ်စပ်သတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါ မော်တာကျည်မှာ ယနေ့ စက်တင်ဘာလ ၂၄ ရက်တွင် မဲဆောက်မြို့၊ မယ်တောင်ရပ်ကွက်အနီးရှိ သစ်တောဧရိယာအတွင်းသို့ ကျရောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့် အဆောက်အအုံ ပျက်စီးမှုများ မရှိခဲ့ဟု ထိုင်းအာဏာပိုင်များက…
အမေရိကန်သမ္မတ ထရမ့်နှင့် ထိပ်တန်းဖက်ဒရယ်ကျန်းမာရေးအရာရှိများသည် အကိုက်အခဲပျောက်ဆေး Tylenol ၏ အဓိကပါဝင်ပစ္စည်းဖြစ်သော Acetaminophen ကြောင့် Autism ဖြစ်နိုင်သည်ဟု အချက်အလက်အသစ်မရှိဘဲ တနင်္လာနေ့တွင် သတိပေးခဲ့သည်။ ၎င်းတို့၏ ပြောဆိုမှုများသည် Autism ကို အများစုလက်ခံထားသော အယူအဆများနှင့် ဆန့်ကျင်နေသည်။ အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးဝန်ကြီး ရောဘတ်…