Browsing: ပင်မစာမျက်နှာ

နန်းဆုပန်ခန့် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်နှင့် ရသေ့ဂူတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ဖလူးကျေးရွာလမ်းရှိ ဗြောက်အိုးထားရှိရာနေရာသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ယနေ့ အောက်တိုဘာလ ၃၁ ရက် နေ့လယ် ၁ နာရီခွဲကျော်တွင် ဖလူးလမ်းရှိ ပေ ၄၀၊ ၆၀ ပတ်လည်ခန့်ရှိသော ဗြောက်အိုးထားရှိရာဂိုဒေါင်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု…

Read More

နန်းဆုပန်ခန့် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ပူးပေါင်း၍ အောက်တိုဘာ ၂၆ တွင် သိမ်းပိုက်နိုင်ခဲ့ပြီး jampar စက် နှစ် လုံးနှင့် အတူ လက်နက် ၂၁ လက်ရရှိခဲ့သည်ဟု အောက်တိုဘာ ၃၀ ရက်တွင် အထူးတိုင်းစစ်ဌာနက ထုတ်ပြန်သည်။ မောင်းမကန်ရဲစခန်းတိုက်ခိုက်မှုအတွင်း ရရှိသည့် လက်နက်ခဲယမ်းများမှာ…

Read More

ခင်သရဖီဦး ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နှင့် ရသေ့တောင်မြို့နယ်တို့ကို စစ်တပ်မှ ယနေ့ နေလည် ၂ နာရီခွဲခန့်မှ စတင်၍ ဂျက်ဖိုက်တာဖြင့် Drop ဗုံးများ ကြဲနေသည်ဟု ဒေသခံများထံမှ သိရသည်။ ရသေ့တောင်မြို့နယ်၊ မူစဲကမ်းရှိ ဇီးကိုင်းကျေးရွာကိုလည်း စစ်တပ်က ယနေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ဗုံးများ…

Read More

နန်းဆုပန်ခန့် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်ကို ထိန်းချုပ်ခဲ့ပြီးနောက် ထိုင်းမြန်မာနယ်စပ်အနီးရှိ ဖလူး၊ မင်းလက်ပံစသည့် ကျေးရွာများကို ပြန်လည်ရရှိရေးအတွက် စစ်တပ်ဘက်မှ လေကြောင်း၊ လက်နက်ကြီး ပိုမိုအသုံးပြုလာသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ လွန်ခဲ့သည့် ၃ ရက်ခန့်မှစပြီး ဖလူး၊ မင်းလက်ပံသို့ ထိုးစစ်ဆင်ရန် စစ်တပ်ဘက်မှ ကြိုးပမ်းကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့တွင်တော့…

Read More

ခင်သရဖီဦး စစ်ကော်မရှင် တပ်စွဲထားသည့် စစ်တွေမြို့ရှိ တပ်ရင်း၊တပ်မ များမှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေသည့်အတွက် ပုဏ္ဏားကျွန်းဒေသခံများမှာ ဆက်လက်ပြီး စစ်ဘေးရှောင်နေရသည်ဟု မြို့ခံများထံ မှသိရသည်။ စစ်တွေမြို့ရှိ စစ်ကောင်စီတပ်များမှ ပုဏ္ဏားကျွန်းမြို့ပေါ် အပါအဝင် အနီးအနားမှ ရွာများအား ရမ်းသမ်းပစ်ခတ်နေသည့်အတွက် ဒေသခံများမှာ ပြန်လည် နေရပ်စွန့်ခွာနေကြရကြောင်း အသက် (၂၇)အရွယ်…

Read More

တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC တို့ တရုတ်နိုင်ငံ တွင် နှစ်ရက်ကြာ တွေ့ဆုံပြီးနောက်တွင် နှစ်ဘက်ရောက်ရှိနေသည့် နေရာများတွင် တပ်များအားလုံးရပ်တန့်မည်ဖြစ်ပြီး အပြန်အလှန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့သည်ဟု TNLA မှ သတင်းထုတ်ပြန်သည်။   တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA မှ…

Read More

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အတွင်း ယနေ့တစ်ရက်တည်းတွင် နိုင်ငံခြားသား ရုပ်အလောင်း လေးလောင်း မျောပါလာသည်ဟု ဒေသခံများထံမှ သိရသည်။ “မြဝတီမြို့ဘေး သောင်ရင်းမြစ်ထဲမှာ မျောလာတာ တွေ့ရတာ။ မနက်က တစ်လောင်း၊ နေ့လယ်က နှစ်လောင်း ညနေက တစ်လောင်းမျောလာတာ” ဟု မြဝတီ‌ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ ထိုရုပ်အလောင်းများမှာ မည်သည့်…

Read More

စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၁ တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် အောက်တိုဘာ ၂၈ မှ ဒီဇင်ဘာ ၂၆ ရက်အထိ မဲဆွယ်စည်းရုံးခွင့် တရားဝင် စတင်ပြီဖြစ်သည်။ လာမည့် ၂၀၂၅ ဒီဇင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၁ အား ခရိုင်အဆင့်…

Read More

ခင်သရဖီဦး ရခိုင်ပြည်၊ တောင်ကုတ်မြို့ရှိ မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသွားသည်ဟု ဒေသခံများထံမှ သိရသည်။ ယမန်နေ့ အောက်တိုဘာလ ၂၇ ရက် ည ၇ နာရီခွဲကျော်ခန့်တွင် ပေါင် ၅၀၀ ဗုံးတစ်လုံး လာရောက် ကြဲချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ တောင်ကုတ်မြို့မှ အသက် ၃၀ အရွယ်…

Read More

ပဲခူးတိုင်း ဒိုက်ဦး အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများထဲမှ အကျဉ်းထောင်အလုပ် မလုပ်သူများအား ပါဆယ်ပို့ခွင့် ပိတ်ခြင်းများ လုပ်ဆောင်နေသည်ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP မှ အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်သည်။ “ဒီလို ၂ ပတ်တစ်ခါ ပို့ခွင့်ရတဲ့ ပါဆယ်တွေကို အခုလို ကန့်သတ်မှုတွေ ရှိနေတာကြောင့် နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့ စားရေးသောက်ရေးအခက်အခဲရှိပါတယ်။…

Read More