ခင်သရဖီဦး အာရက္ခတပ်တော် AA တပ်သား ကိုးဦးနှင့် PDF တပ်ဖွဲ့ဝင် ၆ ဦး နိုဝင်ဘာလ ၁၈ ရက်တွင် စစ်ကော်မရှင်ထံသို့ လက်နက်ချ အလင်းဝင်လာသည်ဟု စစ်ကော်မရှင် မီဒီယာများက ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကြေညာချက်တွင် ”PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံပြီး လက်နက်ကိုင် ဆန့်ကျင်သည့် အဖွဲ့အစည်းများအတွင်း…
Browsing: ပင်မစာမျက်နှာ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ KK Park အပါအဝင် နယ်စပ်ဒေသတစ်လျှောက် အခြေစိုက်လုပ်ကိုင်နေကြသော တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များကို ယနေ့ နိုဝင်ဘာလ ၁၇ ရက်မှစတင်၍ တရားဝင် “စစ်ကြေညာ” တိုက်ဖျက်သွားမည်ဖြစ်သည်ဟု ကရင်နယ်ခြားစောင့်တပ်/ကရင်အမျိုးသားတပ်မတော် (BGF/KNA) က ထုတ်ပြန်သည်။ ယနေ့ပြုလုပ်သော ထိုင်းမီဒီယာအချို့နှင့်တွေ့ဆုံရာတွင် BGF/KNA ၏…
နန်းဆုပန်ခန့် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်တပ်၏ ကာမီကာဇေကျရောက်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့နံနက်အစောပိုင်းမှစပြီး တိုက်ပွဲဖြစ်ပွားကာ စစ်ကော်မရှင်တပ်၏ ကာမီကာဇေ အသေခံဒရုန်းနှစ်လုံး မင်းလက်ပံကျေးရွာသို့ ကျရောက်ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ၎င်းက “တစ်လုံးက နှစ်ထပ်စာသင်ကျောင်းဆောင်မှာ ကျတာ။ တစ်လုံးက ဒီအိမ်မီးဖိုဆောင်မှာ ကျတာ။…
တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ၌ ခလရ ၂၂၄ ခေတ္တတပ်ရင်းမှူးမှာ ယင်းမတိုင်ခင်နေ့ရက်မှာပင် နယ်စပ်ဖြတ်ကျော်ထွက်ပြေးသွားခဲ့သည်ဟု CDM ဗိုလ်မှူး တင်လင်းအောင်က ပြောဆိုခဲ့သည်။ အဆိုပါ မောတောစခန်းကို သိမ်းပိုက်ရာတွင် စစ်သုံ့ပန်း ၄၀ ကျော် ထိန်းသိမ်းနိုင်ခဲ့ပြီး တပ်သား…
ခင်သရဖီဦး ရခိုင်ပြည်၊ ရသေ့တောင် ဘာထလေကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဦး သေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချခဲ့သည့်အတွက် ထိခိုက်သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။…
အာဏာသိမ်းစစ်တပ်အား ကျားဖြန့်လုပ်ငန်းများဖြင့် နာမည်ဆိုးထွက်ပေါ်နေသော KK Park အတွင်းသို့ BGFက ဝင်ခွင့်ပြုလုပ်သည့်နောက်ပိုင်းတွင် အဆောက်အဦးများအား ယမ်းဖောက်ခွဲမှုများပြုလုပ်လာခဲ့သည်မှာ ၄၃ ကြိမ်ရှိပြီဖြစ်သည်။ အောက်တိုဘာ ၂၃ ရက်မှ ယနေ့နိုဝင်ဘာ ၁၅ ရက်အထိ ၂၄ရက်တာ ကာလအတွင်း KKPark အတွင်းရှိ အဆောက်အဦးများကို နေ့စဉ်နဲ့အမျှ ဖောက်ခွဲခဲ့သည်။ ဖောက်ခွဲမှုများအဖြစ်…
တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်ကော်မရှင်တပ်သားများ အလံဖြူထောင်ခြင်း၊ ထိုင်းနယ်စပ်သို့ ထွက်ပြေးခြင်းများကြုံတွေ့ခဲ့ရပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ခဲ့သည်။ အဆိုပါ မောတောစခန်းကို သိမ်းပိုက်ရာတွင် တပ်သား ၃၀ ကျော် အလံဖြူထောင်ခဲ့ပြီးနောက် တပ်သား ၆၂ ဦးမှာ ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားခဲ့သည်ဟု ဒေသတွင်း စစ်ရေးဆိုင်ရာသတင်းရင်းမြစ်များထံမှ သိရှိရသည်။…
အာဏာသိမ်းစစ်ကောင်စီက (၁၀၅)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ယနေ့၊ နိုဝင်ဘာလ ၁၄ ရက် နံနက်တွင် ဒိန်းဒေါင်၊ ငြိမ်းချမ်း၊ အုန်းသီးအပါအဝင် အနုပညာရှင် ၁၃ ဦးကို လူမှုထူးချွန်ဆုများ ပေးခဲ့သည်။ လူမှုထူးချွန်ဆု ပထမအဆင့်ကို ဟာသသရုပ်ဆောင် ဒိန်းဒေါင်နှင့် ဒါရိုက်တာစင်ရော်မောင်မောင်တို့ကို ပေးခဲ့သည်။ လူမှုထူးချွန်ဆု ဒုတိယအဆင့်ကို ဟာသသရုပ်ဆောင် ငြိမ်းချမ်း၊…
အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသော ဆိုက်ဘာငွေလိမ်လုပ်ငန်းများ၊ လူမှောင်ခိုကူးမှုများနှင့် စနစ်တကျဖွဲ့စည်းထားသော ရာဇဝတ်ဂိုဏ်းများနှင့် ပတ်သက်ဆက်နွှယ်မှုအတွက် ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA) ၏ ထိပ်တန်းခေါင်းဆောင် လေးဦးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ ရက်တွင် ဒဏ်ခတ်ပိတ်ဆို့မှုစာရင်း ထည့်သွင်းလိုက်သည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) ၏ ထုတ်ပြန်ချက်အရ…
ခင်သရဖီဦး ရခိုင်အစပ် ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကော်မရှင်ဘက်မှ ထွက်ပြေးနေကြသူများအပြင် လက်နက်ချ အလင်းဝင်လာသူ ၇၀ ကျော် ရှိနေသည်ဟု AA က နိုဝင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်လိုက်သည်။ နတ်ရေကန်ဗျူဟာကုန်း၊ လေလာတောင်၊ ကပစ (၁၆) အနီးပတ်ဝန်းကျင်တွင် ဖြစ်ပွားနေသည့်…