စကားမောင် ဇူလိုင် ၁၀၊ ၂၀၂၄ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- MDY PDF သည် ပြီးခဲ့သည့် လကုန်ပိုင်းမှစ၍ ယနေ့အထိ နှစ်ပတ်အတွင်း စစ် ကောင်စီတပ်စခန်း ၄၄ ခုကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ မန်း-PDF သည် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့်အတူ ကျောက်မဲ၊ မိုးကုတ်၊ နောင်ချိုစသည့် ရှမ်းပြည်မြောက်ပိုင်းတွင် ၁၀၂၇ ဒုတိယလှိုင်းတွင်…
Browsing: နေ့စဉ်သတင်း
ခင်သရဖီဦး ဇူလိုင် ၁၀၊ ၂၀၂၄ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်ကောင်စီမှ ကုန်းလမ်း၊ ရေလမ်းပိတ်စို့ထားမှုများကြောင့် မြို့ပေါ်နေပြည်သူများ အကျပ်အတည်းများ ရင်ဆိုင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလမှစတင်ကာ စစ်ကောင်စီသည် ရေလမ်းကြောင်းနှင့် ကားလမ်းများအားပိတ်ထားပြီး လေကြောင်းခရီးတစ်ခုသာ သွားလာခွင့်ပြုထားခဲ့သည်။ “စစ်တွေမှာက လူတွေက နည်းသွားပြီး အလုပ်တွေကလည်း…
သဇင် ဇူလိုင် ၁၀၊၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် TNLA က ဒေသခံများကို ပြန်လည်နေထိုင်ခွင့်ပြုထားသော်လည်း လေကြောင်းအန္တရာယ်စိုးရိမ်သည့်အတွက် ကျောက်မဲဒေသခံများနေရပ်ပြန်လည်နေထိုင်ခြင်းမရှိသေးဟု ဒေသခံများထံက သိရသည်။ “အိမ်မပြန်ရသေးဘူး လောလောဆယ်တော့ ငြိမ်နေတယ်။ ဒါပေမယ့် လေယာဉ်ကြောက်တယ်လေ။ ၅၀၁ ၊ ၅၀၂ ဘက် မှာ စစ်တပ်ရှိနေတယ်။ အဲ့ဒီနေရာကို သူတို့…
သံလွင်ခက် ဇူလိုင် ၁၀၊ ၂၀၂၄ နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းများမှ အမျိုးသားညီညွှတ်ရေးအစိုးရ – NUG ကို ကလေးသူငယ်များအတွက် ကာကွယ်ဆေးထောက်ပံ့ခြင်းမရှိခဲ့ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးမှ ပြောသည်။ ယနေ့တွင် ပြုလုပ်ခဲ့သည့် “ပြည်သူ့အစိုးရ၏လူသားစာနာအရေးကျိုးပမ်းဆောင်ရွက်မှု၊ ပြည်သူ့ကျန်းမာရေး စိန်ခေါ်ချက်နှင့် မျှော်လင့်ချက်များ” အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးမှ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ယူနီဆပ်ဖ်၊…
သံလွင်ခက် ဇူလိုင် ၁၀၊ ၂၀၂၄ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြစ်အတွင်း သမ္ဗာန်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားကာ ၈ ဦးပျောက်ဆုံးနေ တယ်လို့ မြန်မာနိုင်ငံမီသတ်တပ်ဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ သမ္မာန်ဟာ ဗားကရားဆိပ်ကမ်းမှ ရေမိုင် (၅) ဖာလုံခန့်အကွာမှာ တိမ်းမောက်ခဲ့တာဖြစ်ပြီး ရေယာဉ်ပေါ်ပါရှိသူ (၁၇) ဦးအနက် (၉) ဦးအား…
ယမင်းဖူးပွင့်အောင် ဇူလိုင် ၉၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် စံချိန်တင်မြစ်ရေမြင့်တက်နေပြီး မြေနိမ့်ပိုင်းအိမ်များနှင့်ချင်းတွင်းမြစ်ကမ်းဘေးရှိ အိမ်များသည် ခေါင်မိုးအထိရေနစ်မြုပ်နေခြင်းကြောင့် သောက်သုံးရေများ အခက်အခဲများရှိနေသည်ဟု ပရဟိတအသင်းဝင်များထံက သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်း တွင်းမြစ်ရေမြင့်တက်ကာ ဟုမ္မလင်းမြို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ “တစ်မြို့လုံးပဲ။ မြို့ပြင်ရော။ လွတ်တာဆိုလို့ တောင်ပေါ်ပေါ့နော်။…
သဇင် ဇူလိုင် ၉ ၊ ၂၀၂၄ မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်က ၎င်းတို့၏မိုင်တိုင် (၅)တပ်စခန်းမကျစေရေးအတွက် လေကြောင်းဖြင့်ခုခံနေသည်ဟု ဒေသခံများထံက သိရသည်။ ယမန်နေ့ ဇူလိုင်လ ၈ ရက်မှ မိုးကုတ်မြို့နယ် မိုင်တိုင် ၅ တပ်စခန်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူများအပြင် ဗျူဟာကုန်းမှလည်း အတွဲလိုက်ဒုံးကျည်များဖြင့်…
နန်းဆုပန်ခန့် ဇူလိုင် ၉၊ ၂၀၂၄။ မိုးကုတ်- မန္တလေးလမ်းပိုင်း၊ လိပ်ကျ-ကျောက်ဖြူရွာအကြားတွင် ပိတ်မိနေသည့် မိုးကုတ်စစ်ရှောင်များ ကားလမ်းခတ္တပြန်ပွင့်၍ တိုက်ပွဲအခြေအနေကြည့်ကာ ကြိုကြားကြိုကြား လာသွားနေကြရသည်ဟု စစ်ရှောင်တစ်ချို့ထံကသိရသည်။ မိုးကုတ်- မန္တလေးလမ်းပိုင်းရှိ လိပ်ကျရွာနှင့် ကျောက်ဖြူလမ်းချင်းဆက် ဇွန်လ ၃၀ ရက်မှ ယနေ့မနက် ၁၀ နာရီ အထိ ရွာချင်းဆက်လမ်းပိုင်းပိတ်ထားခဲ့ပြီး…
သံလွင်ခက် ဇူလိုင် ၉၊ ၂၀၂၄ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေကြီးမှုနှင့် တိုက်ပွဲများကြောင့် နေရပ်စွန်ခွာကြရသည့် စစ်ဘေးရှောင်များနှင့် ရေဘေးရှောင်ထောင်ချီ အကူအညီများလိုအပ်နေသည်ဟု ဒေသလူမှုကူညီရေးအသင်းတစ်ချို့ထံက သိရသည်။ လတ်တလောတွင် ရေဘေးရှောင်နှင့် စစ်ဘေးရှောင် လူဦးရေ ၁,၀၀၀ ဝန်းကျင်သည် ရေဘေးရှောင်စခန်းများ၊ နီးစပ်ရာဆွေ မျိုးအိမ်များနှင့် ဘုန်းကြီးကျောင်းများတွင် နေထိုင်လျက်ရှိသည်ဟု လူမှုကူညီရေးအသင်းမှ…
မေသံလွင် ဇူလိုင် ၉၊ ၂၀၂၄။ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်းအနီးက ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒရုန်း၊လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း ဒေသခံသုံးဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ယမန့်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် ဘာဘူကုန်းကျေးရွာနှင့် ရမ်းမကျန်းကျေးရွာကြားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တောင်ခင်၊ ကြိတ်ကွင်း၊…