ခင်သရဖီဦး သြဂုတ် ၄၊ ၂၀၂၄။ ရခိုင်ပြည်၊ ဂွမြို့နယ်မှဒေသခံတစ်ဦး ဩဂုတ် ၂ ရက်က မိုင်းနင်းမိပြီး ခြေတစ်ဖက် ဆုံးရှုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ မိုင်းနင်းမိသူမှာ အသက်(၄၁) နှစ်အရွယ် ဦးကိုကြီးဆိုသူဖြစ်ပြီး ၎င်းနေထိုင်သည့် ပုန်းညက်ရွာမှ မော်ဖျားရွာသို့သွားသည့်လမ်းတွင် မိုင်းနင်းမိပြီ ညာဘက်ခြေထောက်တစ်ချောင်း ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။ “ဦးကိုကြီးက ပုန်းညက်ကနေ…
Browsing: နေ့စဉ်သတင်း
ယမင်းဖူးပွင့်အောင် ဩဂုတ် ၄၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အကျဉ်းထောင်ကို ကိုးကန့်တပ်ဖွဲ့- MNDAA က သိမ်းပိုက်ခဲ့ပြီးနောက် အကျဉ်းချခံထားရသည့် တအာင်းအမျိုးသား ၁၁၈ ဦးကို တအာင်းတပ်မတော်- PSLF/TNLA ထံ လွှဲပြောင်းပေးလိုက်သည်ဟု TNLA က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ ကိုးကန့်တပ်မတော် MNDAA ဦးဆောင်၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်အတူ…
သံလွင်ခက်။ ဩဂုတ် ၃၊ ၂၀၂၄။ ဩဂုတ်လ ၄ ရက် ညနေပိုင်းအချိန်တွင် အာဂျင်တီးနားနိုင်ငံသူ ဖလော်ရန်ဆီယာနှင့် ယှဉ်ပြိုင်ထိုးသတ်ရန်အတွက် ကယန်းတိုင်းရင်းသူ ဘရော်နီကာမှာ ယနေ့တွင် ဆေးစစ်ဝိတ်ချိန်ခြင်းများ ပြုလုပ်ခဲ့သည်။ ယှဉ်ပြိုင်မည့် ဖလော်ရန်ဆီယာမှာ အရပ်အမြင့် ၁၆၉ စင်တီမီတာရှိပြီး ဘရော်နီကာမှာ ၁၆၄ စင်တီမီတာအမြင့်ရှိသည်။ ဘရော်နီကာသည် ၂၀၂၂…
သံလွင်ခက်။ ဩဂုတ် ၃ ၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြည်သူများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီကို နိုင်ငံတကာအနေဖြင့် ပြင်းပြင်းထန်ထန် အရေးယူပေးရန် ကိုးကန့်တပ်ဖွဲ့ (MNDAA)က ယမန်နေ့တွင် ထုတ်ပြန်တောင်းဆိုထားသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ လဆန်းပိုင်းမှ စ၍ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ နောင်ချို တိုက်ပွဲများတွင်…
သံလွင်ခက် ဩဂုတ် ၃ ၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တပ်စခန်းသည် ယနေ့မနက်ပိုင်းတွင် ကိုးကန့်တပ်- MNDAA လက်ထဲသို့ကျရောက်ခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်ကစပြီး MNDAA ဦးဆောင်သည့် ပူးပေါင်းတပ်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တပ်စခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်လအကြာ၌ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။…
သဇင် ဩဂုတ် ၂၊၂၀၂၄ ယခုနှစ် ၆ လအတွင်း စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူနေအိမ်ပေါင်း ၁၅,၀၀၀ နီးပါး ဆုံးရှုံးခဲ့ရသည်ဟု Data for Myanmar ကောက်ယူထားသည့် စာရင်းများအရ သိရသည်။ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း မတ်လ၊ ဧပြီလ နှင့်…
ထွယ် ဩဂုတ် ၂၊ ၂၀၂၄။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တယန်ဇွပ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ကာကင်းစခန်းများကို ယနေ့နံနက် ၉ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်များက အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ်ရှိ ခြေလျင်တပ်ရင်း ခ.လ.ရ…
သဇင် ဩဂုတ် ၂၊၂၀၂၄ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် တက်ကောတဲတိုက်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်ခြေ ၁၅ လုံးခန့်ကို မီးရှို့ဖျက်စီးခဲ့ပြီး ဒေသခံအမျိုးသားနှစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ပေါက်ခေါင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ဩဂုတ်လ ၂ ရက်တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇူလိုင်ဒုတိယအပတ်မှ စတင်၍ အင်အား ၁၈၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည်…
သဇင် ဩဂုတ် ၂၊ ၂၀၂၄ မွန်ပြည်နယ်၊ သထုံမြို့နယ် ကမာစိုင်ကျေးရွာအနီး ယနေ့နံနက်ပိုင်းတွင် မိုင်းခွဲဖျက်စီးခံခဲ့ရသည့် ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ အမှတ် ၃/၁၃၄ သံကူကွန်ရစ်တံတားတွင် မြေဖို့ပြီးစီး၍ ယာယီဖြတ်သန်းခွင့်ရနေပြီဟု ဒေသခံများထံက သိရသည်။ အလျား ၇၀ ပေ၊ အနံ ၁၂ ပေ ရှိသည့် ယင်းတံတားသည် ယနေ့နံနက်အစောပိုင်းတွင်…
ခင်သရဖီဦး သြဂုတ် ၁၊ ၂၀၂၄ ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုရပ်တန့်နေခြင်းကြောင့် စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်နေပြီး ကုန်စျေးနှုန်းမှာလည်း ၃ ဆအထိ မြင့်တက်နေသည်ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် ဇွန်လတွင် စစ်ကောင်စီတပ်နှင့် AA တို့အကြား ထိတွေ့တိုက်ပွဲတစ်ချို့ရှိခဲ့ပြီးနောက် စစ်ကောင်စီမှစစ်ဆေးရေးတင်းကြပ်လာသဖြင့် ကုန်တင်ကားသွားလာမှုတစ်ချို့ရပ်တန့်နေပြီး ကုန်စည်စျေးနှုန်းများမြင့်တက်လာရခြင်း ဖြစ်သည်။ “ရန်ကုန်ဖက်က…