Browsing: နေ့စဉ်သတင်း

မောင်ဘဦး စက်တင်ဘာ ၁၂၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ပုသိမ်- မုံရွာလမ်းဘေးရှိ ခရိုင်ရဲတပ်ရင်း ၂၈ အနီးဝန်းကျင်တွင် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများမှ ဒေသခံ ၁၁ ဦးကို စစ်ကောင်စီရဲတပ်ရင်းက အကြောင်းမဲ့ဖမ်းဆီးသွားသည်ဟု ပ.က.ဖ အဖွဲ့ဝင်တစ်ဦးထံက သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက် ညနေပိုင်းတွင်…

Read More

ထွယ် စက်တင်ဘာ ၁၂၊ ၂၀၂၄။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်နေသဖြင့် လူနေအိမ်များမီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံတစ်ဦးနှင့် ရှေ့တန်းရဲဘော်ထံကသိရသည်။ ယနေ့နံနက်ပိုင်းတွင် ဆိုင်းတောင်နယ်မြေခံရဲစခန်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ပြီးနောက် နေ့လည် ၁ နာရီဝန်းကျင်မှစပြီး စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဉ် ၂ စီးဖြင့်…

Read More

ခင်သရဖီဦး စက်တင်ဘာ ၁၂၊ ၂၀၂၄။ ရခိုင်ပြည်၊ ဂွမြို့နယ် ကျိန္တလီမြို့ဝန်းကျင် ဂန့်ဂေါ်တောင်ကျေးရွာက ချင်းလူငယ် ၃ ဦးကို စစ်ကောင်စီက မနေ့ကဖမ်းဆီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် သြဂုတ်လမှစတင်ကာ ကျိန္တလီမြို့အနီးတွင်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး လက်ရှိတွင် AA ထိုးစစ်ကို ကုလားပြင်နှင့် ဂန့်ဂေါ်တောင်ဆည်အနီးရှိ စစ်ကြောင်းတို့ပူးပေါင်းပြီး ဂန့်ဂေါ်ကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေသည်။…

Read More

သံလွင်ခက် စက်တင်ဘာ ၁၂၊ ၂၀၂၄။ မြန်မာ့ရိုးရာလက်ဝှေ့ကစားသမား ထွန်းထွန်းမင်းက သူဘဝရဲ့ပထမဆုံး မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရေဘေးသင့်ပြည်သူတွေအတွက် လေလံတင်ရောင်းချသွားမယ်လို့ ဒီကနေ့မှာ ပြောဆိုလိုက်ပါတယ်။ “ဒီခါးပတ်ကိုရရှိဖို့ ကျွန်တော့ရဲ့အသက်နဲ့ ရင်းပြီးကြိုးစားခဲ့သလို ကျွန်တော်တန်ဖိုးထားမြတ်နိူးတဲ့ ခါးပတ်ဖြစ်နေပေမယ့်လည်း ရေဘေးသင့်ပြည်သူတွေနဲ့ယှဥ်လာတဲ့အခါ ကျွန်တော့မှာ ခံနိုင်ရည်မရှိတော့ပါဘူး။ ဒါ့ကြောင့် ကျွန်တော့အနေနဲ့ ဒီခါးပတ်ရဲ့လေလံပွဲလေးကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်” လို့ ထွန်းထွန်းမင်းက…

Read More

ယမင်းဖူးပွင့်အောင် စက်တင်ဘာ ၁၂၊ ၂၀၂၄။ ကရင်နီပြည်အနောက်ဘက်ခြမ်း တောင်ငူ-လိပ်သို-ယာဒိုလမ်းမပေါ်ရှိ ယာဒိုစစ်ဘေးရှောင်စခန်းတွင် ရေကြီးရေလျှံမှုကြောင့် နေအိမ် ၁၀ လုံးခန့်ရေထဲမျောပါပြီး ပြည်သူ ၃ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ရှောင်ကူညီသူများထံက သိရသည်။ ယမန်နေ့ နံနက် ၄ နာရီမှ တောင်ကျချောင်းရေ ရေစီးကြမ်းသည့်အတွက် နေအိမ်များအိမ်လုံးကျွတ်မျောပါသွားခြင်းဖြစ်သည်ဟု ထွန်းမြန်မာဒိုနေးရှင်းမှ စစ်ရှောင်အရေးကူညီသူ ကိုဖိုးဇော်က…

Read More

(ရမည်သင်းဒေသခံ ၁၀ ဦးသေဆုံး) ယမင်းဖူးပွင့်အောင် စက်တင်ဘာ ၁၂၊ ၂၀၂၄။ မန္တလေးတိုင်းနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်ပေါင်း ၁၀ ခုနီးပါးတွင် ရေကြီးရေလျှံ နေပြီး နေအိမ်ခေါင်မိုးနှင့် သစ်ပင်ပေါ်တွင် ရေဘေးရှောင်နေရသူများကို ရှာဖွေကယ်ဆယ်နေသည်ဟု မန္တလေးလူမှုကူညီရေးအသင်းဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။ “ရေကတော့ မနေ့ကမနက်ပိုင်းလောက်ကစပြီး ဝင်လာတာပေါ့။ ရေတက်တဲ့အရှိန်ကတော့ မြန်တယ်ပဲ ပြောရမှာပေါ့။…

Read More

ထွယ် စက်တင်ဘာ ၁၂၊ ၂၀၂၄။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာရှိ စစ်ကောင်စီ၏ ရဲကင်းစခန်းကို ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်- KIA နှင့်ပူးပေါင်းတပ်က မီးရှို့ဖျက်ဆီးရှင်းလင်းရေးပြုလုပ်ခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်ထံက သိရသည်။ အဆိုပါ ရဲကင်းစခန်းကို ယမန်နေ့ညပိုင်းက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကာ ယနေ့နံနက်က…

Read More

မောင်ဘဦး စက်တင်ဘာ ၇၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်စီမံကိန်းတွင် တပ်စွဲထားသည့် စစ်‌‌ကောင်စီတပ်မှ အနီးနား ကျေးရွာများကို နှစ်ရက်ဆက် စစ်ကြောင်းထိုးခဲ့သဖြင့် ဒေသခံများထွက်ပြေးတိမ်ရှောင်ခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်တွင် ယင်းစက်ရုံကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရပြီးနောက် အင်အား ၆၀ ရှိသည့် စစ်ကောင်စီတပ်သည်…

Read More

(နောက် ၁ ရက်အတွင်း ၃ ပေခန့် မြင့်တက်နိုင်ပြီး စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိမည်) မေသံလွင် စက်တင်ဘာ ၁၁ ၊ ၂၀၂၄။ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေမြင့်တက်လာသဖြင့် ဒုတိယအကြိမ် ရေကြီးရေလျှံမှုနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများထံက သိရသည်။ ယမန့်နေ့ ညနေပိုင်းကစပြီး မြဝတီမြို့ အမှတ်…

Read More

နန်းဆုပန်ခန့် စက်တင်ဘာ ၁၁၊ ၂၀၂၄။ ထိုင်းနိုင်ငံမှတစ်ဆင့် စစ်ကောင်စီတပ်ထံ လွှဲပြောင်းခံခဲ့ရသည့် မြန်မာလုပ်သား ၂၇ ဦးသည် KNU တပ်မဟာ ၄၊ တပ်ရင်း ၇၊ တပ်ခွဲ ၅ ထံ ယခုလ ပထမအပတ်တွင် လာရောက်ခိုလှုံခဲ့သည်ဟု တပ်မဟာ ၄ သတင်းစဉ်ဖြစ်သည့် Kwe Ka…

Read More