မာရှယ်လောထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၀င်များ ငွေကြေးတောင်းခံမှု ပိုများလာ ************************* ဖေဖော်ဝါရီ ၁၇၊၂၀၂၃။ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ်မြို့နယ်တွင် မာရှယ်လောထုတ်ပြန်ပြီးနောက် ကုန်တင်ယာဉ်မောင်းများထံမှ ငွေကြေးတောင်းခံမှုများ ပိုများလာသည်ဟု ကုန်တင်ယာဉ်မောင်းများက သံလွင်ခက်ကို ပြောသည်။ မာရှယ်လောထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် လက်အောက်ခံပျူစောထီးတပ်ဖွဲ့၀င်များက ယာဉ်မောင်းများထံမှ ငွေကြေးကောက်ခံကာ ဒူးထောက်စစ်ဆေးခံရမှုများလည်းရှိသည်ဟု ကုန်တင်ယာဉ်မောင်းများက ပြောသည်။ ကုန်တင်ယာဉ်မောင်းတစ်ဦးက “…
Browsing: နေ့စဉ်သတင်း
PDF စစ်ကြောင်း ၇ ကြောင်းကို လက်နက်များ NUG ဆက်တိုက်တပ်ဆင်ပေး ******************************** ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃။ ကရင်ပြည်နယ်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းတို့ရှိ ရဲဘော်များကို လက်နက်များတပ်ဆင်ပေးခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။ တောင်ပိုင်းစစ်ဒေသ၊…
တိုက်လေယာဥ် ၃ စီးဖြင့် ဗုံးကြဲချမှုကြောင့် စာသင်ကျောင်း ၇ လုံးနှင့် နေအိမ်အဆောက်အဦးများ မီးလောင်ပျက်စီး ***************************** ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃။ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က တိုက်လေယာဥ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်း ၇ ကျောင်းနှင့် နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့သည်ဟု…
KNU တပ်မဟာ၆ နယ်မြေရှိ PDF စစ်ကြောင်းများကို NUG သုံးလဆက်တိုက် လက်နက်များတပ်ဆင်ပေး *************************** ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃ ။ ကရင်ပြည်နယ်၊ ကေအဲန်ယူတပ်မဟာ၆ နယ်မြေအတွင်း၌ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေသည့် နဂါးနီစစ်ကြောင်းအား NUG မှ လက်နက်များတပ်ဆင်ပေးသည်ဟု သိရသည်။ အဆိုပါလက်နက်များအား တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး…
မုံရွာမြို့ ညောင်ပင်စောက် လဝကရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြို့ပြပျောက်ကြားတပ်ဖွဲ့များပူးပေါင်းကာ အလစ်ငိုက်ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်၊ ညနေ ၄နာရီဝန်းကျင်ခန့်တွင် အဆိုပါရုံးရှေ့၌ လုံခြုံရေးယူရန်ထွက်လာသည့် စစ်ကောင်စီစစ်သားများကို စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုကို ChinDwin Attack Force တပ်ရင်း-၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys အဖွဲ့ကဉီးဆောင်ပြီး အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့(CAF)၊ မုံရွာခရိုင်တပ်ရင်း-၄ တပ်ခွဲ Teachers People Defense Force၊Spring Dove တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လဝကရုံးထဲတွင် အင်အားနှစ်ဆယ်ဝန်းကျင်ခန့်ရှိပြီး ရုံးရှေ့သို့ လုံခြုံရေးယူရန်ထွက်လာသည့် စစ်သားငါးယောက်ထွက်အလာကို စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု ChinDwin Attack Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။ “သူတို့ထွက်အလာကို ကျွန်တော်တို့ကားပေါ်ကနေ စောင့်နေခဲ့တာ ပစ်ပြီး အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်”ဟု၎င်းကပြောသည်။ ထိုပစ်ခတ်မှုတွင် စစ်သားငါးဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကျန်နှစ်ဦးမှာ ရုံးအတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ရက်တွင်လည်း မုံရွာ နမခစစ်ဌာနချုပ်ကို ရှောတိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှု ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲပြီး သံဃာတော်များ ထိခိုက်ဒဏ်ရာရ *********************************** ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၃ ။ စစ်ကောင်စီတပ်၏ (ခမရ-၉) မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိကျောင်းအိုင်ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲပြီး သံဃာတော်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့တွင် ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်၏ အမှတ်…
၁၀ရက်ကြာ ချင်းပြည်နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၄၀ထက်မနည်းသေဆုံး *************** ဖေဖော်ဝါရီ၁၃၊ ၂၀၂၃။ Chin National Army(CNA) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြားဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ၁ရက်မှ ၁၁ရက်နေ့အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ဦးထက်မနည်းသေဆုံးခဲ့သည်ဟု CNA၏ထုတ်ပြန်ချက်အရသိရသည်။ CNA တပ်မဟာ၁နယ်မြေအတွင်း Zotungဒေသသို့ဖေဖော်ဝါရီ၄ရက်နေ့တွင် အင်အား၁၅၀ ဝန်းကျင်ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသောကြောင့်…
စစ်ကောင်စီအထိုင်တပ်နှင့် ရဲစခန်း ၁၅ ခုကို NUG PDF နှင့်ဒေသခံကာကွယ်ရေးတပ်များ ပူးပေါင်းတိုက် ************************* ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃ ။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်များက စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရေးပစ်မှတ်များကို မဟာဗျုဟာကျ ဟန်ချက်ညီညီ တိုက်ခိုက်နိုင်ခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။ ယခုလ ဖေဖော်ဝါရီ…
ပြည်သူ့စစ် သင်တန်းကျောင်းဆင်း တစ်ဦး ပစ်ခတ်ခံရ ******************** သံလွင်ခက်။ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃။ ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာမှ ပျူစောထီး ခေါင်းဆောင် ဦးကျော်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ကျောက်တံခါးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့တွင်ထုတ်ပြန်သည်။ ယမန့်နေ့ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၅နာရီ ခန့်တွင် အမှတ်…
ထွေအုပ်ဝန်ထမ်းများ၊ ပျူစောထီးအဖွဲ့များအပြင် သာမန်အရပ်သားပြည်သူများပါ တရားဝင်လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားနိုင်သည့် မူဝါဒတစ်ခုကို စစ်ကောင်စီက အတည်ပြုလိုက်ကြောင်း သိရသည်။ ဗိုလ်ချုပ်နေဝင်းလက်ထက် ၁၉၇၇ခုနှစ်ကတည်းက ပြဌာန်းထားသည့် လက်နက်ကိုင်ဆောင်ရေး ဥပဒေကိုပြင်ဆင်မှု ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီ ၃၁ ရက်စွဲဖြင့် စစ်ကောင်စီလက်အောက်ခံပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က အတည်ပြုပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။ လက်နက်ကိုင်ဆောင်ခွင့်လျှောက်ထားသူသည်…