မကွေးတိုင်းဒေသကြီး မလိုင်မြို့နယ်ရှိ မလှိုင်မြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းအား အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ်တွင် ဖမ်းဆီးထားပြီး အဆက်သွယ်မရဘဲ သတင်းအစနပျောက်ဆုံးနေသည်ဟု သိရသည်။ မလှိုင်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းသည်ယမန်နှစ် မတ်လ ခုနှစ်ရက်တွင် မိတ္ထီလာမြို့ နှင့် မလိုင်မြို့ကြားတွင် ဖမ်းဆီးခံခဲ့ရပြီး တပ်မ (၉၉)တွင် ချုပ်နှောင်ထားသည်ဟု မလှိုင်မြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးမှ သံလွင်ခက်ကို ပြောသည်။…
Browsing: နေ့စဉ်သတင်း
အာဏာသိမ်း ၂ နှစ်တာ ကာလအတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ ဦးခန့် သေဆုံးခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့တွင် ထုတ်ပြန်သည်။ ထို့ပြင် ကျန်းမာရေးဝန်ထမ်း (၉၀၀) ဦးခန့် ကို ဖမ်းဆီးပြီး (၇၈၀) ဦးခန့်ကို ထိခိုက်ဒဏ်ရာရစေခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အာဏာသိမ်းပြီးနောက် ဆေးရုံ/ဆေးခန်း…
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin attack force) နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားပြီး နှစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ဦးခန့် သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလကုန်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် နေရာဒေသများတွင်တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ပွားခဲ့သည်ဟု Chindwin attack force ၏…
မကွေးတိုင်းဒေသကြီး၊ချောက်မြို့ပေါ်ရှိ စစ်ကြောရေးစခန်းရှေ့ လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများကိုကာကွယ်ရေးတပ်ဖွဲ့များက ရှောင်တခင်ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ယမန့်နေ့ညနေ ၆နာရီ၄၅မိနစ်ခန့်တွင် အဆိုပါစစ်ကြောရေးစခန်းရှေ့တွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားသုံးဦးကို ပစ္စတိုများဖြင့် အလစ်ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု Chauk Guerrilla Force ဒုခေါင်းဆောင်ဗိုလ်ပေတက သံလွင်ခက်ကိုပြောသည်။ “သုံးကောင်က စခန်းရှေ့မီးရောင်အောက်မှာရပ်နေတာ ကျွန်တော်တို့ကအတိုနဲ့ဝင်ပစ်တော့ တစ်ယောက်လဲကျသွားတာ တွေ့ရတယ်”ဟု ၎င်းကဆိုသည်။ လက်ရှိအချိန်ထိသိရှိချက်အရ ရင်ခွဲရုံသို့…
စစ်ကောင်စီက အာဏာသိမ်းခဲ့သည့် နှစ်နှစ်နှင့်တစ်လပြည့်မြောက်သည့် အချိန်၌ ကရင်နီပြည်တွင် စစ်ကောင်စီတပ်များကြောင့် ပြည်သူ ၄၃၉ ဦးသေဆုံးခဲ့သည်ဟု သိရသည်။ အာဏာစသိမ်းသည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက်မှ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အထိ ကရင်နီပြည်တွင် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရခြင်းနှင့် ပတ်သက်ပြီး တိုးတက်သောကရင်နီပြည်သူ့အင်အားစု…
ကရင်အမျိုးသားအစည်းအရုံး KNU ၏ တွေ့ဆုံဆွေးနွေးမှု ကမ်းလှမ်းချက်ကို ကြိုဆိုသည်ဟု ကမ္ဘာတစ်ဝှမ်းရှိကရင်လူ့အဖွဲ့အစည်းများ၏ အိတ်ဖွင့်ပေးစာနှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ နော်ဆဲဆဲက သံလွင်ခက်ကိုပြောသည်။ ကမ္ဘာတစ်ဝှမ်းရှိ ကရင် လူ့အဖွဲ့အစည်းများ၏ အိတ်ဖွင့်ပေးစာနှင့်ပတ်သက်၍ လိုအပ်ပါက ပွင့်လင်းရင်းနှီးစွာဖြင့်တွေ့ဆုံဆွေးနွေးရန် အသင့်ရှိသည်ဟု ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် KNU ၏ ထုတ်ပြန်ချက်အပေါ်နော်ဆဲဆဲက ယခုကဲ့သို့…
ရေစကြိုမြို့နယ်အတွင်းရှိ ဂွက်ကြီးရွာမှ ပျူစောထီးခေါင်းဆောင်ငါးဦးကို ညတိုက်ပွဲဖော်ဆောင်ပြီး သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု သိရသည်။ အလယ်သောင်ကျေးရွာအုပ်စုရှိ ဂွက်ကြီးရွာသည် ပျူစောထီးတပ်ဖွဲ့များ စခန်းချနေသည့်ရွာတစ်ခုဖြစ်ပြီး ပျူခေါင်းဆောင်များက ယခုလကုန်ပိုင်းတွင် စစ်ကောင်စီတပ်များ လာရောက်စခန်းချရန် အကူအညီတောင်းထားသည်ကို ကြားသိရသောကြောင့် ယခုလ ဖေဖော်ဝါရီ ၂၅ရက်ညတွင် သွားရောက်သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု Myingyan Black Tiger(MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက သံလွင်ခက်ကို…
အွန်လိုင်းမှတစ်ဆင့်ပတ်စ်ပို့စ်လျှောက်ရာတွင် ကွန်ပျူတာနှင့်Wifi တို့ကိုသာအဓိကအသုံးပြုလုပ်ဆောင်နေရသည့်အတွက် မီးမမှန်မှုကလည်း အခက်အခဲတစ်ခုအဖြစ်ရှိနေသည်ဟု လျှောက်ထားသူများက ပြောသည်။ လိုင်းကြပ်မှုများကြောင့် ကွန်ပျူတာဖြင့်သာ အသုံးပြုနေကြသည့်တိုင် Website ထဲဝင်ရသည်မှာ နာရီနှင့်ချီအချိန်ကြာသည့်အပြင် မီးပျက်နေမှုကြောင့် ခဏခဏပြန်ဝင်ရသည့် ပြဿနာများလည်း ရှိနေသည်ဟု သိရသည်။ ” ဖုန်းနဲ့က လျှောက်ရတာအဆင်မပြေပါဘူး။ လိုင်းကြပ်လို့ လပ်တော့တို့ကွန်ပျူတာတို့နဲ့ပဲ အဆင်ပြေတယ်။ မီးခဏခဏပျက်ရင်တော့…
မကွေးတိုင်းဒေသကြီး ၊ရေစကြိုမြို့၊အမှတ် (၂)စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံတွင် တပ်ဆွဲထားသော စစ်ကောင်စီ တပ်သားများကို လောင်ချာများဖြင့် Myingyan Black Tiger (MBT)အဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့သည်ဟုသိရသည် ။ ဖေဖော်ဝါရီလ ၂၆ရက် ည (၉) နာရီခွဲခန့် တွင် စစ်ကောင်စီတပ်သား အင်အား ၃၀ဦးဝန်းကျင်သည် စုပေါင်းရုံးကွင်းအတွင်း တန်းစီနေချိန်တွင် အဝေးပစ်…
စစ်ကောင်စီတပ်၏ ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ် နှင့် မိုးဗြဲ၊ဖယ်ခုံ အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ စစ်ဘေးရှောင် အမျိုးသမီး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် စစ်ကောင်စီတပ် ၁၀၂၊ ၄၂၇ တပ်ရင်းများကပစ်သည့်…