ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းဝင်ရောက်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်များတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့များ ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းများပါသိမ်းဆည်းရရှိခဲ့သည်ဟု ဖယ်ခုံ PDF တပ်ရင်း၂က သတင်းထုတ်ပြန်သည်။ ယခုလ မတ်လ၁၁ရက်၊ နံနက်စောစောအချိန်တွင် ကုရင်ကျေးရွာအုပ်စုတောင်ကြားတွင် စစ်ကောင်စီတပ်များ ခိုးဝင်ရောက်ရှိနေကြောင်း သတင်းရရှိခဲ့၍ ဖယ်ခုံ PKPDF-2 နှင့် မဟာမိတ်အင်အားစုများ တောနင်းရှာဖွေရာနေ့လယ် ၁၀ နာရီခွဲခန့်တွင် ထိတွေ့မှုစဖြစ်ခဲ့သည်။…
Browsing: နေ့စဉ်သတင်း
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် တာတိုင်ရွာ ပြည်သူများကို အစုလိုက်သတ်သွားသည်ဆိုသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် စစ်ကြောင်းထိုးမှုများဆက်တိုက်လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှသိရသည်။ တပ်မ(၉၉)လက်အောက်ခံဖြစ်သော ထိုစစ်ကြောင်းသည် မတ်လ(၁)ရက်မှ ယနေ့အထိ စစ်ကြောင်းထိုးမှုကြောင့်တာတိုင်ရွာပြည်သူ (၁၇)ဦးနှင့် လက္ကပင်ကျေးရွာရှိ ပြည်သူ(၆)ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံထားရသူများလည်းရှိနေသေးသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။အဆိုပါ သေဆုံးသူများတွင် အမျိုးသမီးများလည်းပါဝင်နေသည်။ ထိုစစ်ကြောင်းသည် တာတိုင်ရွာ၌ဒေသခံများကိုအစုလိုက်သတ်ခဲ့ပြီးနောက် မတ်လ(၅)ရက်မှ (၇)ရက်နေ့အထိ…
စစ်ကိုင်းတိုင်းဒေသကြီး ၊ မြောင်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်က စစ်မျက်နှာနှစ်ခု တစ်ပြိုင်တည်းဖွင့်၍စစ်ကြောင်းထိုးဝင်လာသောကြောင့် ပြည်သူ ၁၅၀၀၀ ကျော်အရေးပေါ်ထွက်ပြေးနေရသည်ဟု ဒေသခံများထံမှသိရသည်။ ယနေ့ မတ်လ၁၃ရက်၊ နံနက် ၆နာရီကျော်ကတည်းက စစ်ကောင်စီတပ်က စစ်မျက်နှာ ၂ ခု တစ်ပြိုင်တည်း ဖွင့်ပြီးမြောင်မြို့နယ်အတွင်းရှိ ကျေးရွာများအား ရွာစဉ်တောက်လျှောက် ထိုးစစ်ဆင်နေသည်ဟု မြောင်မြို့နယ် ပြည်သူကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ CDSOMက…
“သူတို့ကအော်တယ်။ မလုပ်ပါနဲ့ ။မပစ်ပါနဲ့။ ချမ်းသာပေးပါပေါ့ ။အဲလို ပြောနေတဲ့အချိန်မှာ သေနတ်သံတွေကြားရတာ ” ပင်လောင်းမြို့နယ် နမ်းနိန်းဘုန်ကြီးကျောင်းတွင် ပအိုဝ်းသံဃာတော်များနှင့်ပြည်သူများ သတ်ဖြတ်ခံရသည့်ညတွင် ကြားရသည့်အသံများကို KRU တာဝန်ခံကိုလင်းလင်းက ပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ ၊ နမ်းနိန်းကျေးရွာအတွင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က မတ်လ ၁၁ ရက်တွင်…
၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် မလေးရှားနိုင်ငံမှ အမျိုးသမီးသရုပ်ဆောင်ဖြစ်သည့် Michelle Yeoh သည် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်အဖြစ် အော်စကာဆုရရှိခဲ့သည်ဟု သိရသည်။ Michelle သည် Everything Everywhere All At Once ဇာတ်ကားဖြင့် အဆိုပါဆုကို ရရှိခဲ့ခြင်းပြီး အော်စကာဆုရသည့် ပထမဆုံး အာရှအမျိုးသမီးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ အသက်၆၀…
လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ၎င်း၏ တတိယအကြိမ်မြောက် သမ္မတသက်တမ်း ထမ်းဆောင်ရန် ကွန်ဂရက်အစည်းအဝေးတွင် တရားဝင်အပ်နှင်းခံခဲ့ရသည်ဟု နိုင်ငံတကာသတင်းဌာနများက ဖော်ပြသည်။ ပြီးခဲ့သည့် မတ်လ၁၀ရက်နေ့တွင် ပြုလုပ်သည့် အဆိုပါ ကွန်ဂရက်အစည်းအဝေးတွင် ထောက်ခံမှုမဲပေါင်း ၂၉၅၂မဲဖြင့် တတိယသမ္မတသက်တမ်းကို အတည်ပြုလိုက်ခြင်းဖြစ်သည်။ ရှီကျင့်ဖျင်သည် ပြီးခဲ့သည့်နှစ်ပိုင်းက ပြုလုပ်သည့် China Communist Party…
ပထမအကြိမ် ကျေးရွာအတွင်းစစ်ကြောင်းလာရောက်ချိန်တွင် “အေးအေးချမ်းချမ်းပဲနေကြ ဘာမှမလုပ်ဘူး “စသည့် စစ်ကောင်စီတပ်၏ စည်းရုံးမှုကို ယုံစားမိ၍ ယခုအကြိမ်စစ်ကြောင်းလာချိန်၌ ကြိုတင်ထုပ်ပိုးရှောင်တိမ်းမှုများမပြုလုပ်ခဲ့သောကြောင့် နေအိမ်နှင့်ပိုင်ဆိုင်သမျှ ပစ္စည်းများ ပြာပုံအတိဖြစ်သွားရသည်ဟု ကျောက်မှော်ရွာဒေသခံတစ်ဦးက ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ကျောက်မှော်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၀၀ ကျော်အထိမီးလောင်ပြာကျခဲ့ရသည်။ အင်အား…
NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံဝက်လက်မြို့နယ် ပကဖနှင့် တပ်ရင်း-၂ တို့မှ ဖမ်းဆီးထားသည့် GZ Special Task Force-Wetlet အဖွဲ့မှရဲဘော်၁၉ဦးကို ဥပဒေအကြောင်းအရ အကာအကွယ်ပေးရန် ဒေသခံပြည်သူများက ဆန္ဒသဘောထားလက်မှတ်များ စုစည်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနထံ တင်ပြထားသည်ဟု သိရသည်။ ပြည်သူများ၏ အကူအညီတောင်းခံမှုကြောင့် ဒေသခံပြည်သူများ၏ ဆန္ဒလက်မှတ်များ ၅၀၀ကို စုစည်းပြီး…
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုနှင့် စစ်ကြောင်းထိုးမီးရှို့မှုကြောင့်ပြည်သူခြောက်ဦးသေဆုံးခဲ့ပြီး နေအိမ် ၁၅၀ ခန့်မီးလောင်ပျက်စီးခဲ့သည် ဟု ဒေသခံများထံက သိရသည်။ ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့မှ ယနေ့အထိ ဆယ်ရက်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် များ၏ ပစ်ခတ်မှုကြောင့်ယင်းမာပင်ဒေသခံ ခြောက်ဦး သေဆုံးခဲ့ခြင်းဖြစ်သည် ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။…
အမှုလိုက် ရှေ့နေများအနေဖြင့် တရားခွင်အတွင်းမှာသည်ပင်လျှင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်မှုများကို ကြုံတွေ့နေရသည်ဟု အမှုလိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေများထံက သိရသည်။ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသူများကို တရားဥပဒေအရ အကာကွယ်ပေးရန် ဆောင်ရွက်ပေးနေရသည့်ရှေ့နေများ ကိုယ်တိုင် တရားခွင်အတွင်း ခြိမ်းခြောက်ခံနေရခြင်းဖြစ်ဟု မန္တလေးမြို့တွင် အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ပြောသည်။ ၎င်းက ” တရားခွင်မှာတောင်…