သံလွင်ခက်။ ဇွန် ၇ ၊ ၂၀၂၃။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ၊ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ရှိနယ်မြေရဲစခန်းအပါအဝင် တပ်စခန်းတချို့ အတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အင်အားတိုးချထားသည်ဟုဒေသခံများထံကသိရသည်။ ယမန်နေ့ ဇွန် ၅ ရက် ညနေပိုင်းမှစတင်ကာ ပဲနွယ်ကုန်းမြို့၊ ညောင်ဝိုင်းကျေးရွာ၊ ကွင်းချောင်းဝကျေးရွာတို့ဘက်မှနတ်သံကွင်းဘက်သို့ အင်အားတိုးချဲ့မှုများ…
Browsing: နေ့စဉ်သတင်း
နန်းဆုပန်ခန့် ဇွန် ၇၊ ၂၀၂၃။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်နှင့် မြဝတီမြို့အနီးရှိ တရုတ်စီမံကိန်းများကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးများ ဖြတ်တောက်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။ ရွှေကုက္ကိုလ်မြို့သစ်နှင့် မြဝတီမြို့အနီးကို ပေးနေသည့် လျှပ်စစ်မီးများကို ဖြတ်တောက်မည်ဟု ယခုလဆန်းပိုင်း၌ထိုင်းနိုင်ငံဘက်က ကြေညာပြီးနောက်ပိုင်းမှာ လျှပ်စစ်မီးများ မရရှိတော့ခြင်းဖြစ်သည်။ ရွှေကုက္ကိုလ်မြို့သစ်တွင် ယခုလဇွန် ၅…
သံလွင်ခက် ဇွန် ၇၊ ၂၀၂၃။ ကရင်နီပြည်ရဲ့ တိုက်ပွဲတွေ အများဆုံးဖြစ်နေတဲ့ ဒီးမော့ဆိုမြို့နယ်မှာ အခြေစိုက်တဲ့ KNDF B 01 တပ်ရင်းဟာ ပုံမှန်ထောက်ပံ့မှုတွေ မရလို့ ရဲဘော်တွေအတွက် ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံနေကြရတယ်လို့ သိရပါတယ်။ ဒီးမော့ဆိုအရှေ့ခြမ်းကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ…
သဇင် ဇွန် ၆၊၂၀၂၃။ မန္တလေးတိုင်း ၊ အမရပူရမြို့နယ်၊ မရမ်းခြံရွာတွင် အလုပ်လက်မဲ့ဖြစ်နေသည့် အမျိုးသမီးများအား လက်မှုပညာပန်းထိုးပညာရပ် သင်ကြားပေးနေသည်ဟု ဦးဆောင်သူများထံက သိရသည်။ ၂၀၂၀ခုနှစ် ကိုဗစ်ကာလတွင် လုပ်ငန်းများရပ်နားခံရသူ အမျိုးသမီးများကို ပန်းထိုးသင်တန်းပို့ချကာ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် စတင်ခဲ့သည် ဟု ပန်းထိုးလုပ်ငန်းဦးဆောင်သူ မယ်ရွှေဘုတ်ကပြောသည်။ “ကိုဗစ်ဖြစ်တော့ ကျွန်မတို့ဘက်က အမျိုးသမီးတော်တော်များများ…
ဇွန် ၆၊ ၂၀၂၃။ သံလွင်ခက်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခဲ့သည့်အတွက် ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ယနေ့ ဇွန်လ ၆ ရက် နံနက် ၇ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့အထွက် တိုးဂိတ်အနီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များကဒေသခံအမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ကွတ်ခိုင်ဒေသခံတစ်ဦးက…
သံလွင်ခက်။ ဇွန် ၆ ၊ ၂၀၂၃။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ၊ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ညောင်ဝိုင်းကျေးရွာမှတစ်ဆင့် နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်နေသည်ဟု…
သံလွင်ခက် ဇွန် ၆၊ ၂၀၂၃။ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားစဉ် လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားသည့် (အရပ်ခေါ်ပေါ်တာဆွဲ) စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်က ဒေသခံ ၁၁ ဦး အစုလိုက်အသတ်ခံခဲ့ရသည်ဟု ရှေ့တန်းရောက် ရဲဘော်များထံက သိရသည်။ ကောလင်းမြို့နယ်၊ မုတ်ဝကျေးရွာက အမျိုးသား ၆ ဦး၊ ချပ်ကုန်းကျေးရွာက ၂ ဦး၊ အင်လျာကျေးရွာက…
(သူတို့မိုးဗြဲကို ထိန်းချုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအတွက်က မကောင်းဘူးပေါ့နော်။ ဒါကြောင့်လည်း သူတို့မထိန်းနိုင်အောင် မြို့ပျက်ရင်ပျက်ပါစေ အတက်နိုင်ဆုံးတော့ တော်လှန်မှာပဲ) သံလွင်ခက် ဇွန် ၆ ၊ ၂၀၂၃ ။ ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်စစ်ကြောင်းများက…
သံလွင်ခက်။ ဇွန် ၆ ၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ပိုင် မြန်မာ၀မ်ပေါင်ကုမ္ပဏီအနီးနားကျေးရွာများမှ စစ်ရှောင်ပြည်သူ၄၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများထံကသိရသည်။ ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသည့် အင်အား ၈၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝမ်ပေါင်ကုမ္ပဏီအနောက်တောင်ဘက် ၂ မိုင်ခန့်အကွာတွင်ရှိသည့် မိုးကြိုးပြင်ကျေးရွာနှင့် ရာဇကျေးရွာမှ…
ကောင်းချစ်အောင် ဇွန် ၅၊ ၂၀၂၃။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် ၂၁ နှင့် အမှတ် ၂၂ နှစ်ခုကိုကာကွယ်ရေးတပ်ဖွဲ့များက ပစ်မှတ် ထားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦးထက်မနည်းသေဆုံးခဲ့ပြီး ဗုံးသီးလောင်ချာထုတ်သည့် စက်ရုံနှင့် လက်နက်ဂိုထောင်များ ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် မေလ ၂၄ရက်တွင် ကပစ…