ပြီးခဲ့တဲ့ဇွန်လ ၁၃ ရက်၊ ကြာသပတေးညမှာ အစ္စရေးက အီရန်ကိုတို က်ခိုက်အပြီးမှာပဲ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်က ‘တတိယကမ္ဘာစစ် စတင်နေပြီ’ လို့ ကြေညာလိုက်ပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံအနေနဲ့ တပ်သားသစ် တစ်သန်း အသင့်ပြင်စုစည်းထားဖို့ကိုလည်း ရုရှားစစ်ခေါင်းဆောင်ပိုင်းမှာ ထင်ရှားတဲ့ အသက် ၅၁ နှစ်အရွယ် ဗိုလ်ချုပ်…
Browsing: နိုင်ငံတကာသတင်း
အမေဒါဘတ်ရှိ အဆာဝါ ပြည်သူ့ဆေးရုံတွင် Air India လေယာဉ်ပေါ်ရှိ သူတို့ ချစ်ရသူများကို ရှာဖွေနေကြသော ဆွေမျိုးများကြားတွင် အိပ်ရာတစ်ခုပေါ် ၌ လဲလျောင်းနေသည့် အသက် ၄၀ အရွယ် Vishwash Kumar Ramesh က သေဘေးမှ လွတ်မြောက်ခဲ့သည်ဟု ဆိုသည်။ “ပျံသန်းပြီး သုံးဆယ်စက္ကန့်အကြာမှာ ဆူညံသံအကျယ်ကြီး…
ခရီးသည် ၂၄၂ ဦး သယ်ဆောင်လာသည့် အိန္ဒိယလေကြောင်းလိုင်း လေယာဉ်တစ်စင်းသည် နိုင်ငံ အနောက်ပိုင်း Ahmedabad (အမေဒါဘတ်) မြို့ရှိ လေဆိပ်အနီးတွင် ပျက်ကျခဲ့သည်ဟု လေကြောင်းလိုင်းနှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများက အတည်ပြုပြောသည်။
ခရီးသည် ၂၄၂ ဦး သယ်ဆောင်လာသည့် အိန္ဒိယလေကြောင်းလိုင်း လေယာဉ်တစ်စင်းသည် နိုင်ငံ အနောက်ပိုင်း Ahmedabad (အမေဒါဘတ်) မြို့ရှိ လေဆိပ်အနီးတွင် ပျက်ကျခဲ့သည်ဟု လေကြောင်းလိုင်းနှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများက အတည်ပြုပြောသည်။ အဆိုပါ လေယာဉ်သည် ယူကေနိုင်ငံ လန်ဒန်မြို့ရှိ ဂတ်ဝစ်လေဆိပ်သို့ သွားရောက်မည့် လေယာဉ်ဖြစ်ပြီး လေဆိပ်အနီးရှိ လူနေအိမ်ခြေများရှိရာသို့…
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်က ထွက်ပြေးပြီး ဘင်္ဂလား ဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ဖို့အတွက် ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် – AA နဲ့ ထိတွေ့ဆက်ဆံဖို့လိုတယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ကိုယ်စားလှယ် ဂျိုနသန် ရှာရီရာက တိုက်တွန်းလိုက်ပါတယ်။…
ဇွန်လပထမဆုံးရက်မှာပဲ ယူကရိန်းက ပင့်ကူမျှင်စစ်ဆင်ရေး – Spider’s Web ဆင်နွှဲခဲ့ပြီး ရုရှားစစ်အခြေစိုက်စခန်း ၄ ခုက စစ်လေယာဥ် ၄၀ ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ရုရှား – ယူကရိန်းစစ်ပွဲ စတင်ခဲ့တဲ့ ၄ နှစ်တာကာလအတွင်း အခုတိုက်ခိုက်မှုက အကြီးမားဆုံးသော တာဝေးပစ်တိုက်ခိုက်မှုလည်း ဖြစ်ခဲ့ပါတယ်။ ယူကရိန်းရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတဲ့…
အခုနှစ်ကုန်မှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ စီစဥ်နေပေမယ့် ပြည်သူတွေ အပြည့်အဝ ပူးပေါင်းပါဝင်မှာမဟုတ်တဲ့အတွက် အရာထင်မှာမဟုတ်ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ ဝန်ကြီးက မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးက ခက်ခဲကြမ်းတမ်းပြီး လွယ်ကူချောမွေ့လာအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့ ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခတွေ သက်သာရာရစေဖို့…
အာရှနိုင်ငံတွေထဲက ဟောင်ကောင်၊ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတွေမှာ ကိုဗစ် ၁၉ ဟာ စိုးရိမ်စရာ ကိစ္စ တစ်ခု အဖြစ် တိတ်တဆိတ် ပြန်လည်ထွက်ပေါ်လာနေပါတယ်။ လတ်တလောမှာ ပြင်းထန်လူနာနဲ့ ကူးစက်သူအရေအတွက် သိသိသာသာမြင့်တက်လာနေတာပါ။ ဟောင်ကောင်မှာ ကိုဗစ် ၁၉ အခြေအနေက သေသေချာချာ စစ်ဆေးစောင့်ကြည့်မှုအောက် တဖန်ပြန်ပြီး ရောက်ရှိနေပါတယ်။…
ကက်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် ရောဘတ် ဖရန့်စစ် ပရီဗို့စ်ကို မနေ့က ရွေးချယ်တင်မြှောက်လိုက်ပါတယ်။ အခုရွေးချယ်တင်မြှောက်ခံလိုက်ရတဲ့ ပုပ်ရဟန်းမင်းကြီးဟာ အမေရိကန်ပြည်ထောင်စုကနေ ပုပ်ရဟန်းမင်းကြီးအဖြစ် ပထမဆုံးရွေးချယ်တင်မြှောက်ခံရသူလည်းဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးပျံလွန်တော်မူပြီးနောက် ရဟန်းမင်းကြီးသစ် ရွေးချယ်ပွဲကို ဗာတီကန်မြို့မှာ ရှိတဲ့ ဆင်းစတင်းဘုရားကျောင်းအတွင်း ကာဒီနယ်ဘုန်းတော်ကြီး ၁၃၃ ပါးက လျှို့ဝှက်စနစ်နဲ့ ရွေးချယ်ခဲ့ကြပါတယ်။ အဲဒီပုပ်ရဟန်းမင်းကြီးသစ်…
မေလ ၇ ရက်၊ ဗုဒ္ဓဟူးနေ့အစောပိုင်းမှာပဲ အိန္ဒိယနိုင်ငံက ပါကစ္စတန်နဲ့ ပါကစ္စတန် ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသတွေက နေရာ ၉ နေရာကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အိန္ဒိယက အဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ အကြမ်းဖက်သမားတွေနဲ့ ဆက်စပ်ပတ်သက်တဲ့ နေရာတွေ ဖြစ်တယ်လို့ အိန္ဒိယက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က…