Browsing: နိုင်ငံတကာသတင်း

ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေးရဲ့ သီးချင်းသံတွေ ပြန့်လွင့်နေတဲ့ မနက်ခင်း ****************************** သံလွင်ခက် ဇန်ဝါရီ ၉ ၊ ၂၀၂၄ ။ ” မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ အောင်ခြင်းနဲ့အောင်ခြင်း ပထမပါ.. ” တရားပွဲ၊ အလှူပွဲတွေ၊ ဓမ္မာရုံတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့  အိမ်တွေမှာ  မနက်ခင်း အချိန်ခါတွေမှာ ဆယ်စုနှစ်များစွာ…

Read More

မြဝတီ-မဲဆောက် အမှတ်၁ တံတားတွင် ယနေ့နံနက်ပိုင်း ကမ်းကူးသူများပြားများ၊ နာရီချီကြာတန်းစီကြရ ******************************** သံလွင်ခက် ဒီဇင်ဘာ ၃၁ ၊ ၂၀၂၃ ။ ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော် အမှတ်၁ တံတားဖြတ်သန်းခွင့်ကို မြန်မာဘက်ခြမ်းက ယမန်နေ့တွင် တစ်ရက်ပိတ်လိုက်သဖြင့်ယနေ့၌ နံနက်အစောပိုင်းကတည်းက တန်းစီသူများပြီး နာရီချီကြာအောင် စောင့်ဆိုင်းကြရခြင်းဖြစ်သည်ဟု ကမ်းကူသူများက ပြောသည်…

Read More

သံလွင်ခက် အောက်တိုဘာ ၉ ၊ ၂၀၂၃။ အောက်တိုဘာ ၈ ရက် မနက်ပိုင်းမှာ ပါလက်စတိုင်း ဟားမတ်စ်စစ်သွေးကြွအဖွဲ့တွေက အစ္စရေးနိုင်ငံကို ရုတ်တရက်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ လူပေါင်း ၁၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဂါဇာ ကမ်းမြောင်မှာရှိတဲ့ လူပေါင်း ၇၄၀၀၀ နီးပါး အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေအဖြစ်ဖွင့်လှစ်ထားတဲ့ စာသင် ကျောင်းတွေမှာခိုလှုံနေရတယ်လို့…

Read More

သံလွင်ခက် မေ ၂၃၊ ၂၀၂၃။ မြန်မာနိုင်ငံနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နယ်မြေခံရဲများနှင့် လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ယခုရက်သတ္တပတ်အတွင်း စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မဲဆောက်မြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံသားများထံက သိရသည်။ အဆိုပါပူးပေါင်းအဖွဲ့များသည် မြို့တွင်း သွားလာသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာဈေးဆိုင်အချို့ကိုပါ ဝင်ရောက်စစ်ဆေးမှု ပြုလုပ်နေသည်ဟု မဲဆောက်တွင် နေထိုင်သည့်…

Read More

သဇင် မေ ၁၀၊၂၀၂၃။ ထိုင်းနိုင်ငံရွေးကောက်ပွဲရလဒ်သည် မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် သက်ရောက်မှုရှိသည့်အတွက် အစိုးရအပြောင်းအလဲကို မျှော်လင့်မှုများရှိသည်ဟု လေ့လာသူများနှင့် ရွှေ့ပြောင်းမြန်မာအရေးဆောင်ရွက်နေသူများကသံလွင်ခက်ကို ပြောသည်။ အလုပ်သမား အခွင့်အရေးနှင့် ခံစားခွင့်များပိုရနိုင်သည့်အတွက် အထွေထွေရွေးကောက်ပွဲတွင် ဖြူးထိုင်းပါတီအနိုင်ရရှိရေး  မြန်မာရွှေ့ပြောင်းအလုပ်သမားများက မျှော်လင့်မှုများရှိသည်ဟု ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီသူ ကိုသားကြီးက ပြောသည်။ ကိုသားကြီးက “အာဏာသိမ်းစစ်တပ်ပါတီကလွဲရင် အခြားပါတီတွေဟာ မြန်မာနိုင်ငံအပေါ်မှာ ဒီမိုကရေစီစံနှုန်းနဲ့အညီ…

Read More

ကောင်းချစ်အောင် မေ ၃၊ ၂၀၂၃။ တရုတ််နိုင်ငံခြားရေး၀န်ကြီး မစ္စတာချင်ကန်း Qin Gang မြန်မာနိုင်ငံသို့လာရောက်ခြင်းသည်  တရုတ်နိုင်ငံအနေဖြင့်နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ကြောင်း ပြသနေခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောကြောင်း စစ်ကောင်စီ၏မြန်မာ့အလင်း သတင်းစာ၌ဖော်ပြထားသည်။ ယမန်‌နေ့က နေပြည်တော်သို့ ရောက်ရှိလာခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ထိုနေ့ ညနေပိုင်းတွင်အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်။ တရုတ်နိုင်ငံခြားရေးခရီးစဥ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်ကဖော်ပြထားရာတွင် နှစ်နိုင်ငံသံတမာန်ဆက်ဆံရေးတိုးမြှင့်မှု၊…

Read More

သဇင် ဧပြီ ၃၊ ၂၀၂၃။ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ ခယ်ကွန်းစက်ရုံရှိ အလုပ်ဖြုတ်ခံလိုက်ရသည့် မြန်မာ (MOU-နှစ်နိုင်ငံသဘောတူညီမှုစာချုပ်)  အလုပ်သမား ၁၀၆၀ ဦး အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ကူညီသူများကပြောသည်။ မတ်လ ၃၀ ရက် ညနေ၃နာရီခန့်တွင် မဟာချိုင်မြို့ ခယ်ကွန်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်မှထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။…

Read More

ယမင်းဖူးပွင့်အောင် မတ် ၃၀၊ ၂၀၂၃။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၏ လေထုညစ်ညမ်းမှုသည် ယနေ့တွင်  စံချိန်တင်အမြင့်ဆုံးရောက်ရှိနေသည်ဟု IQ Air (ဆွစ်ဇာလန်အခြေစိုက် လေထုအရည်အသွေးတိုင်းတာသော နည်းပညာကုမ္ပဏီ) ၏ စစ်တမ်းက ထုတ်ပြန်သည်။ အဆိုပါလေထုညစ်ညမ်းမှုကြောင့် ချင်းမိုင်မြို့တွင်နေထိုင်သူများ အသက်ရှူရခက်သည့်အခြေနေ ခံစားရသည်ဟုနေထိုင်သူများက ပြောသည်။ လေထုညစ်ညမ်းမှုကို သာမာန်မျက်လုံးဖြင့်ပင် မြင်ရပြီး အမှုန်များလည်းပျံ့နှံ့နေသည်ဟု …

Read More

၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် မလေးရှားနိုင်ငံမှ အမျိုးသမီးသရုပ်ဆောင်ဖြစ်သည့် Michelle Yeoh သည် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်အဖြစ် အော်စကာဆုရရှိခဲ့သည်ဟု သိရသည်။ Michelle သည် Everything Everywhere All At Once ဇာတ်ကားဖြင့် အဆိုပါဆုကို ရရှိခဲ့ခြင်းပြီး အော်စကာဆုရသည့် ပထမဆုံး  အာရှအမျိုးသမီးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ အသက်၆၀…

Read More

လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ၎င်း၏ တတိယအကြိမ်မြောက် သမ္မတသက်တမ်း ထမ်းဆောင်ရန် ကွန်ဂရက်အစည်းအဝေးတွင် တရားဝင်အပ်နှင်းခံခဲ့ရသည်ဟု နိုင်ငံတကာသတင်းဌာနများက ဖော်ပြသည်။ ပြီးခဲ့သည့် မတ်လ၁၀ရက်နေ့တွင် ပြုလုပ်သည့် အဆိုပါ ကွန်ဂရက်အစည်းအဝေးတွင် ထောက်ခံမှုမဲပေါင်း ၂၉၅၂မဲဖြင့် တတိယသမ္မတသက်တမ်းကို အတည်ပြုလိုက်ခြင်းဖြစ်သည်။ ရှီကျင့်ဖျင်သည် ပြီးခဲ့သည့်နှစ်ပိုင်းက ပြုလုပ်သည့် China Communist Party…

Read More