တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၏ အပတ်စဉ် ၆၇ စစ်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တစ်နေရာတွင် ပြီးခဲ့သည့် ဇွန်လ ၆ ရက်က ပြုလုပ်ခဲ့သည်။ ထိုသင်တန်းတွင် အမျိုးသား ၆၅၇ ဦးနှင့် အမျိုးသမီး ၁၆၅ ဦးအပါအဝင် စုစုပေါင်း ၈၂၂ ဦးတို့ တက်ရောက်ခဲ့ကြသည်။ အပတ်စဥ် ၆၇ စစ်ရေးသင်တန်းကာလမှာ သုံးလကျော်ကြာပြီး…
Browsing: ဓာတ်ပုံသတင်း
အမီးလေး ထိုင်းနိုင်ငံတွင် အမျိုးသမီးအလုပ်သမားများအား ဓမ္မတာလာစဉ် နားခွင့်ပေးရန် ဥပဒေအား မေလ ၂၀ ရက်တွင် အတည်ပြုလိုက်သည်ဟု Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်က အတည်ပြုပြောသည်။ “ဥပဒေက အတည်ပြုလိုက်တာ မှန်တယ်။ ဥပဒေကို အတည်ပြုလိုက်ပေမယ့် ဒီဟာကို စက်ရုံတွေမှာက ဘာအရေးကြီးလဲဆိုရင် ထုတ်ပြန်ကြေညာချက်တွေကို…
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းက ရွှေကုက္ကိုလ်၊ မယ်ထော်သလေး (KK Park) နှင့် ကျောက်ခက်နယ်မြေများတွင် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ၌ လုပ်ကိုင်နေသည့် အီသီယိုးပီးယားနိုင်ငံသား ၇၈ ဦး ကို ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။ ယင်းအီသီယိုးပီးယားနိုင်ငံသားများအား ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက အိန္ဒိယနိုင်ငံတွင်ရှိသည့်…
အကြမ်းမဖက် အာဏာဖီဆန်လှုပ်ရှားမှု (CDM) ပါဝင်ခဲ့သူများ၊ နိုင်ငံရေးကျဉ်းသားဟောင်းများ၊ တက်ကြွလှုပ်ရှားသူများနှင့် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ စုပေါင်း၍ Pressed Flower Artist အနုပညာဖြင့် ဖန်းတီးထားသည့် ပန်းချီရုပ်ပုံပြပွဲများကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ပြသခဲ့သည်။ “ဒီပွဲ ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကလည်း သူတို့တွေရပ်တည်နိုင်အောင် လုပ်ပေးချင်တဲ့ ရည်ရွယ်ချက်ပဲ”…
Naomi & Ruth Karen shop က ဦးဆောင်ပြုလုပ်ခဲ့တဲ့ Karen Traditional & Fashion Show ကို ထိုင်း-မြန်မာနယ်စပ်မြို့ မဲဆောက်မှာ ပြုလုပ်ခဲ့ပါတယ်။ ဧပြီလ ၁၉ ရက်၊ Wattana Village Resort မှာကျင်းပတဲ့ အဲဒီပွဲမှာ ကရင်ရိုးရာဝတ်စုံတွေ၊ ဒီဇိုင်းနာတွေဖန်တီးထားတဲ့…
ထိုင်းနိုင်ငံ၊ချင်းမိုင်းမြို့တွင် ဧပြီလ ၁၉ ရက်တွင် ချင်းမိုင်မြို့သက်တမ်း ၇၂၉ နှစ်ပြည့် အထိမ်းအမှတ်အဖြင့် လန့်နားရိုးရာ လက်သည်းချွန် အက အား ကပြဖျော်ဖြေခဲ့သည်။ ထိုကပွဲတွင် လူပေါင်း ၇၂၁၈ ဉီး ကပြခဲ့ပြီး လူအများဆုံး ကပြဖျောဖြေခဲ့ ခြင်းကြောင့် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ သတင်း – အမီးလေး ဓါတ်ပုံ…
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မယ်တော်ဆေးခန်းမိသားစုနှင့် လူမှုအခြေပြုအဖွဲ့အစည်းများပူးပေါင်းကျင်းပသော သက်ကြီးပူဇော်ပွဲကို မယ်တော်ဆေးခန်းတွင် အကျဉ်းချုံးပြုလုပ်ခဲ့သည်။ နှစ်စဉ်ကျင်းပလေ့ရှိသော သက်ကြီးပူဇော်ပွဲသည် လက်ရှိအချိန်တွင် ၁၅ ကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ငလျင်ကပ်ဘေးနှင့် နိုင်ငံရေးအခြေအနေများကြောင့် အကျဉ်းချုံးကျင်းပခဲ့သည်ဟု မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။ ယခုနှစ် သက်ကြီးပူဇော်ပွဲတွင် မြန်မာနိုင်ငံသားရွှေ့ပြောင်းအဖိုးအဖွား ၂၀၀နှင့် ထိုင်းအဖိုးအဖွား ၂၀…
မတ်လ ၂၈ ရက်၊ မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနှင့်ထိုင်းတွင် အသက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများကို ရည်စူးကာ မေတ္တာပို့ဆုတောင်းပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ဘာသာပေါင်းစုံမှာ ဦးဆောင်သူများနှင့် ပြည်သူများတက်ရောက်ခဲ့ကြပြီး ဆုတောင်းစကားများပြောကြားခြင်းနှင့် ဖယောင်းတိုင်ထွန်းဆုတောင်းခြင်းများပြုလုပ်ခဲ့သည်။ ဓါတ်ပုံ – သံလွင်ခက်
လူဦးရေ လေးသိန်းခွဲရှိသော ကရင်နီပြည်တွင် ဒေသခံ နှစ်သိန်းကျော်မှာ စစ်ဘေးရှောင်များဖြစ်သည်။ ရာနှင့်ချီနေသော စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံရင်း နှစ်သစ်ကူးကာလများကို ဖြတ်ကျော်ခဲ့ရသည်မှာ ၄ နှစ်ကျော်ခဲ့ပြီဖြစ်သည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို သင်္ကြန်ကာလအတွင်းပင် နေ့စဉ်ရက်ဆက်ကြုံတွေ့ခဲ့ရပြီး ကလေးငယ်များအပါအဝင် ဒေသခံအချို့မှာ နီးစပ်ရာရေချောင်းများတွင် ရေပက်ကစားခဲ့ကြရသည်။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ဒေသခံအချို့ ရေကစားနေကြသည့်…
ထိုင်းနိုင်ငံရဲ့ ဆုန်ခရမ်ပွဲတော်ဟာ မြန်မာသင်္ကြန်ထက် တစ်ရက်စောကျင်းပလေ့ရှိပါတယ်။ ဒီအတွက်ကြောင့် ထိုင်း ဆုန်ခရမ်ပွဲတော်အကြိုနေ့ဟာ ဧပြီ ၁၂ ရက်ဖြစ်ခဲ့ပြီး မြန်မာသင်္ကြန်အကြိုနေ့ကတော့ ဧပြီလ ၁၃ ရက်ပါ။ ထိုင်းအာဏာပိုင်တွေကတော့ ဒီနှစ်သင်္ကြန်ကို ဧပြီ ၁၃ ကနေ ၁၅ အထိ ကျင်းပမှာဖြစ်သလို ခရီးသွားလုပ်ငန်းအတွက်အကျိုးရှိစေဖို့နဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ထိပ်တန်းပွဲတော် ၁၀…