အမရာနွေဦး မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ကို ဩဂုတ်လ ၁၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယင်းနေ့ ညနေ ၆:၅၆ နာရီမှစ၍ ပေါက်မြို့နယ်အရှေ့မြောက်ခြမ်း၊ တောင်ခြမ်းနှင့် အလယ်ကြောသို့ တံတားဦးလေတပ်မှ Y12 လေယာဉ်တစ်စီးဖြင့် ဗုံးများ ကြဲချခဲ့ခြင်း ဖြစ်သည်။ ညနေ…
Browsing: တိုက်ပွဲသတင်း
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသော မာနယ်ပလောဒေသ ပွိုင့် ၉၁၃ ဗျူဟာစခန်း ပြန်လည်ရရှိရေးအတွက် တိုက်ပွဲအတွင်း ပါဝင်ခဲ့ကြသည့် FFD တာဝန်ခံနှင့် တပ်ဖွဲ့ဝင်ရဲဘော်များအား KNLA ဗဟိုမှ ဂုဏ်ပြုမှတ်တမ်းလွှာပေးပို့ခဲ့သည်ဟု Force for federal Democracy – FFD တပ်ဖွဲ့မှ ဩဂုတ် ၁၉…
ကျိုက်ထိုမြို့နယ်အတွင်းက ပိန္နဲကုန်းရွာအား စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။ ယနေ့ ဩဂုတ်လ ၁၉ ရက် နံနက် ကိုးနာရီကျော်တွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက ပျဥ်းကတိုးကုန်း…
ကရင်ပြည်နယ်အတွင်း ဆုံးရှုံးလိုက်ရသော နယ်မြေများနှင့် ကော့ကရိတ် – မြဝတီအာရှလမ်းကို အလုံးစုံ ပြန်လည်ရရှိရေးအတွက် တစ်နှစ်ခွဲအကြာ ဩဂုတ်လ ၁၂ ရက်တွင် စစ်ကောင်စီဘက်မှ တဖန် ပြန်လည်ထိုးစစ်ဆင်ခဲ့သည်။ ထိုသို့ပြန်လည်ထိုးစစ်ဆင်ခဲ့သည့် အောင်ဇေယျဒုတိယလှိုင်းသည် ရက်သတ္တပတ်ပြည့်နေပြီဖြစ်ပြီး ကော့ကရိတ်ကာကင်းကိုလည်း ချိုးဖျက်နိုင်ခဲ့သည်။ သို့သော် ရက်သတ္တပတ်အတွင်း စစ်တပ်ဘက်မှ ၁၀ ဦးထက် မနည်း…
ဩဂုတ် ၁၇ ရက်က ဗုံးကြဲခံရခြင်းကြောင့် အရပ်သား ၃၀ ကျော်သေဆုံးခဲ့ရသည့် မော်ချီးဒေသတွင် ဩဂုတ် ၁၉ ရက် နံနက် ၆ နာရီကျော်တွင် ထပ်မံဗုံးကြဲခံရ၍ အရပ်သား လေးဦး ထိခိုက်ဒဏ်ရာရရှိပြီး နှစ်ဦးမှာ ပြင်းပြင်းထန်ထန် ထိခိုက်ထားသည်ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) မှ တွဲဖက်အတွင်းရေးမှူး…
အာဏာသိမ်းကာလ ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၅ ဩဂုတ် ၁၅ ရက်အထိ လေးနှစ်ကျော်အတွင်း စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူနှင့် အရပ်သားပြည်သူ စုစုပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ထုတ်ပြန်ထားသည်။ ထိုသို့ သေဆုံးသူများထဲတွင် အမျိုးသမီး ၁၇၀၀ ကျော်ပါဝင်ပြီး…
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီမှ ယနေ့ ဩဂုတ် ၁၇ ရက်၊ နံနက် ၈:၅၀ နာရီခန့်တွင် လေကြောင်းဖြင့် ဗုံး နှစ်လုံး ပစ်ချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ဒေသခံ အမျိူးသမီးတစ်ဦးက “၈ နာရီ ၅၀ လောက်မှာ တစ်လုံး၊ ၉ နာရီလောက်မှာ တစ်လုံး၊ နှစ်လုံး…
မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်းရှိ အမှတ်(၁) သံမဏိစက်ရုံအတွင်း တပ်စွဲထားသော စစ်တပ်မှ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် တောင်သာမြို့နယ်၊ ရုံးပင် ကျေးရွာရှိ အိမ်တစ်အိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။ ဩဂုတ်လ ၁၃ ရက် ည ၉ နာရီကျော်တွင် မြင်းခြံမြို့အနီး အမှတ် (၁)…
ခင်သရဖီဦး ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နှင့် မအီမြို့နယ်၊ လုံးတော်ပေါက်ကျေးရွာကို ယမန့်နေ့ ဩဂုတ်လ ၁၃ ရက်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ လက်ရှိတွင် တောင်ကုတ်မြို့ မည်သည့်နေရာအား ပစ်ချခဲ့သည်ကို အတည်မပြုနိုင်သေးဟု တောင်ကုတ်ဒေသခံ အသက် ၃၀ အရွယ် တစ်ဦးက ပြောသည်။ ၎င်းက ”တောင်ကုတ်မြို့ထဲကို…
ကေအဲန်ယူ တပ်မဟာ ၇ နယ်မြေကို စစ်တပ်က ယနေ့ည ၇:၄၀ နာရီမှစ၍ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ “Y12 နဲ့ လာကြဲတာ။ လေယာဉ်သံ အကျယ်ကြီးပဲ။ ခြောက်ခေါက်လောက် လာကြဲတာ။ အလုံး နှစ်ဆယ်လောက်တောင် ရှိမလားပဲ” ဟု ကရင်ဘက်ခြမ်း မော်ပယ်ခိုကျေးရွာ ဒေသခံ တစ်ဦးက…