ယမင်းဖူးပွင့်အောင် ဇူလိုင် ၁၆၊ ၂၀၂၄ ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းကို စတင်ခဲ့ပြီးနောက် ရက်ပေါင်း ၂၁ ရက်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA တို့သည် တရုတ်ကွန်မြူနစ်ပါတီ တတိယအကြိမ် စုံညီအစည်းအဝေးကျင်းပရန်ရှိနေခြင်းကြောင့် လေးရက်ကြာ အပစ်ရပ်ဆဲမည်ဟု ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်…
Browsing: တိုက်ပွဲသတင်း
ယမင်းဖူးပွင့်အောင် ဇူလိုင် ၁၅၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို ယနေ့နေ့လည် ၁၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံစစ်ကြောင်း ထိုးဝင်ရောက်လာသည်ဟု ဒေသခံများထံက သိရသည်။ အဆိုပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းသည် အင်အား ၃၀၀ ခန့်ပါရှိပြီး ယမန်နေ့ညတွင် ရှမ်းပြည်တောင်ပိုင်းဘက်မှ စတင်ထွက်ခွာလာခြင်းဖြစ်သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA နှင့် နီးစပ်သူတစ်ဦးက…
သံလွင်ခက် ဇူလိုင် ၁၅၊ ၂၀၂၄ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လောက်ကိုင်မြို့က ဒေသခံတစ်ဦး သေဆုံးခဲ့သည်ဟု ကိုးကန့်တပ်မတော်- MNDAA၏ သတင်းဌာနတစ်ခုဖြစ်သည့် The Kokang တွင်ဖော်ပြထားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက် နံနက် ၂ နာရီခန့်တွင် လောက်ကိုင်မြို့ တုံချိန်ဒေသကို…
စကားမောင် ဇူလိုင် ၁၅၊ ၂၀၂၄ မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက် ၅ ခုမှ ပြည်သူများနှင့် သံဃာများကို ရပ်ကွက်အတွင်းမှ ထွက်ခွာခိုင်းနေပြီး တပ်စွဲရန်ပြင်ဆင်နေသည်ဟု ဒေသခံများထံကသိရသည်။ ယနေ့ နံနက် ၁၀ ပိုင်းမှစတင်၍ စည်ပင်သာယာ၊ မင်းတံတား၊ စစ်တန်း၊ ဗိုလ်ကုန်းနှင့် ဗျူဟာကုန်းစသည့် ရပ်ကွက်တွင်…
သံလွင်ခက်။ ဇူလိုင် ၁၃ ၊ ၂၀၂၄ ။ ၄ ရက်သာ အပစ်ရပ်စဲမည်ဟု ကိုးကန့်တပ်မတော် (MNDAA)က ထုတ်ပြန်ထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများပြင်းထန်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။ ဇူလိုင်လ ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် MNDAA ၏ ထုတ်ပြန်ချက်တွင် ယနေ့ ည…
စကားမောင် ဇူလိုင် ၁၃၊ ၂၀၂၄ မိုးကုတ်မြို့အရှေ့ပိုင်းတွင် ယနေ့မနက် ၁၁ နာရီဝန်းကျင်မှစ၍ ဒရုန်းများပျံဝဲနေကာ လက်နက်ကြီး၊ လက်နက်ငယ်များ ဆက်တိုက်ပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်းနေသည်ဟု မိုးကုတ်မြို့ခံများထံက သိရသည်။ “အခု မိုးကုတ်မြို့ မင်းတံတားရပ်ကွက်မှာ အခြေနေဆိုးနေပါတယ်။ အသံပဲကြားတယ် ထွက်မကြည့်ရဲဘူး။ လက်နက်ကြီးပစ်တဲ့ အချက်ရေများတယ်။ အိမ်ထဲမှာ ရှိတာလေးနဲ့ လုံခြုံအောင်နေနေရတယ်ဗျ…
ခင်သရဖီဦး ဇူလိုင် ၁၂၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ အဓိကတပ်ရင်းများကို AA က သိမ်းပိုက်ခဲ့ပြီးနောက် သံတွဲမြို့ထဲနှင့် အနီးအနားရှိ ကျေးရွာတချို့ကို စစ်ကောင်စီကလေကြောင်းက ဗုံးကြဲတိုက်ခိုက်သဖြင့် လူတချို့ ထိခိုက်သေဆုံးမှုများရှိသည်ဟု ဒေသခံများထံက သိရသည်။ ယမန့်နေ့ ဇူလိုင် လ ၁၁ ရက် တစ်ရက်တည်းတွင် သံတွဲမြို့ရှိ…
ပန်ပန် ဇူလိုင် ၁၂၊ ၂၀၂၄။ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်ရှိ စစ်ကောင်စီအမြောက်ကုန်းမှ ၁၂၀ မမ လက်နက်ကြီး ဖြင့် နီးစပ်ရာကျေးရွာများကို ယမန့်နေ့ည ၁၀ နာရီဝန်းကျင်ပစ်ခတ်ခဲ့ရာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်- DKBA ခြံဝင်းထဲကို ရောက်ပေါက်ကွဲခဲ့သည်ဟု တာဝန်ရှိသူထံက သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၃…
စကားမောင် ဇူလိုင် ၁၁၊ ၂၀၂၄ မန္တလေးတိုင်း၊ မိုးကုတ်မြို့မှ စစ်ရှောင်လာသူများသည် မိုးကုတ် – မတ္တရာလမ်းတစ်လျှောက်တွင် ပိတ်မိနေသည်မှာ ၁၁ ရက်ကြာရှိနေပြီဟု ဒေသခံများထံက သိရသည်။ မိုးကုတ်စစ်ရှောင်များသည် မန္တလေးအသွားလမ်းရှိ ဇရပ်ကွင်း၊ လိပ်ကျကျေးရွာများတွင် လူဦးရေတစ်သောင်းကျော်ပိတ်မိနေသည်ဟု ကူညီပေးနေသူများထံက သိရသည်။ “လမ်းဖွင့်တာက ပုံသေမရှိပါဘူး။ တိုက်ပွဲအခြေအနေအရ အဖွင့်အပိတ်လုပ်ပေးတယ်”…
သဇင် ဇူလိုင် ၁၁၊ ၂၀၂၄ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ထမင်းမစားကျေးရွာအနီး နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီဗိုလ်မှူးတစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး နှစ်ဦးအရှင်ဖမ်းဆီးရမိခဲ့သည်ဟု မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) က ယနေ့ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်သည်။ ယမန့်နေ့ ဇူလိုင်လ ၁၀ ရက်…