သံလွင်ခက် ဒီဇင်ဘာလ ၂၉၊၂၀၂၄။ အာရက္ခတပ်တော် AA ၏ တစ်နှစ်ကျော်ထိုးစစ်အတွင်း မြို့နယ် ၁၄ ခုမြောက်အဖြစ် ဂွမြို့ကို ဒီဇင်ဘာ ၂၉ ရက်တွင် နေ့လယ်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု AA က ယမန်နေ့တွင်ထုတ်ပြန်သည်။ မြို့နယ် ၁၇ ခုရှိသည့် ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် AA…
Browsing: တိုက်ပွဲသတင်း
သံလွင်ခက် ဒီဇင်ဘာ ၂၈၊ ၂၀၂၄။ ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်မြို့သိမ်း တိုက်ပွဲတွင် ချင်းညီနောင် တပ်ဖွဲ့နှင့် မဟာမိတ်အဖြစ် ပူးပေါင်းပါဝင်ခဲ့သည့် မုံရွာခရိုင်အမှတ် ၃ တပ်ရင်းက၊ ရဲဘော် ၇ ဦး တိုက်ပွဲအတွင်း ကျဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။ တိုက်ပွဲတွင် မုံရွာခရိုင် အမှတ် ၃…
သရဖီ ဒီဇင်ဘာ ၂၇၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို စစ်ကောင်စီတပ်မြို့တွင်း လုံခြုံရေးနှင့် စစ်ဆေးရေးကို ပိုမိုတင်းကြပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီအနေဖြင့် စစ်တွေမြို့ပေါ်ရှိ အများပြည်သူနှင့် သက်ဆိုင်သည့် စျေးတန်း၊ လမ်းမကြီး၊ ဆေးရုံး၊ ဆေးခန်းစသည့်နေရာများကို စစ်ဆေးရေးပိုမိုလုပ်ဆောင်နေခြင်းဖြစ်သည်။ “စစ်တွေမှာ အခုတလော နေ့ရော ညရော အရမ်းစစ်ဆေးတာတွေရှိတယ်။…
သံလွင်ခက် ဒီဇင်ဘာ ၂၁၊ ၂၀၂၄။ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ တင်းတိပ်ကျေးရွာရှိ ဒေသခံပြည်သူ လေးဦးကို စစ်ကောင်စီတပ်က ယမန်နေ့ညတွင် ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။ အဆိုပါ ဖြစ်စဉ်သည် ပျူစောထီးအဖွဲ့ဝင် ကိုမင်းသူ ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ပြီးနောက် တင်းတိပ် ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု…
သံလွင်ခက် ဒီဇင်ဘာလ ၂၁ ၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် Mi 17 ဖြင့် အင်အားဖြည့်တင်းခဲ့သော ဘုတလင်စစ်ကြောင်းမှ တပ်သားသစ် (၇) ဦး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ထံ အလင်းဝင်လာခဲ့သည်ဟု BNRA က ယနေ့တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် နိုဝင်ဘာ…
သံလွင်ခက် ဒီဇင်ဘာ ၁၉၊၂၀၂၄။ မွန်တိုင်းရင်းသားကိုယ်စားပြု လက်နက်ကိုင်တပ်ဖွဲ့ လေးခုသည် တစ်ခုတည်းသော မွန်တပ်တော်အနေဖြင့် ဖွဲ့စည်းပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့သည်ဟု အဆိုပါ လေးဖွဲ့က ယနေ့ ဒီဇင်ဘာ ၁၉ တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ အဖွဲ့လေးဖွဲ့သည် နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် အဖွဲ့မျာဖြစ်ပြီး မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်…
သံလွင်ခက် ဒီဇင်ဘာ ၁၈၊ ၂၀၂၄။ ၂၉ နှစ်ကြာ လက်လွှတ်ခဲ့ရသည့် ကရင် အမျိုးသား အစည်းအရုံး – KNU ၏ ဌာနချုပ်တည်ရှိရာ မာနယ်ပလောကျေးရွာကို ဒီဇင်ဘာ ၁၆ ရက်က KNU နှင့် ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တို့က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဟု ရှေ့တန်းရဲဘော်များထံက သိရသည်။ မာနယ်ပလောကျေးရွာရှိ…
ယမင်းဖူးပွင့်အောင် ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးအသုံးပြု၍ ဗုံးကြဲချတိုက်ခိုက်ခဲ့သည်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF က ယနေ့နံနက်တွင် ဓာတ်ပုံ သက်သေနှင့်တကွ ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် မိုးဗြဲမြို့ပြင်၌ အခြေစိုက်ထားသည့် စစ်ကောင်စီခြေမြန်တပ်ရင်း-ခမရ ၄၂၂ တပ်က…
ယမင်းဖူးပွင့်အောင် ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ မကွေးတိုင်း ပခုက္ကူခရိုင် ပခုက္ကူမြို့နယ် ရေလာလေးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၇ဦးထက်မနည်းဖမ်းဆီးရမိခဲ့သည်ဟု Earthquake People’s Defence Force က ယနေ့နံနက်တွင် ထုတ်ပြန်သည်။ Earthquake People’s…
သရဖီ ဒီဇင်ဘာ ၁၂၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ ဂွမြို့အနီးတွင် အာရက္ခတပ်တော်- AA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန်ခုခံနေသည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်မှစ၍ ယနေ့ထိ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကာ တင်းတော်ကျေးရွာအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ထွက်ပေါ်နေသည်ဟု…