ဖိုးသောကြာ ရခိုင်ပြည်နယ်၊ ကျေ ာက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများကို နိုဝင်ဘာလ ၁၇ ရက် တစ်ရက်တည်းတွင် စစ်ကော်မရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်ဟု အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်သည်။ ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာကို နေ့လယ် ၁၂:၃၅ နာရီခန့်တွင် လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး…
Browsing: တိုက်ပွဲသတင်း
ခင်သရဖီဦး ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ဘာထလေကျေးရွာနှင့် နွားတင်းကုပ်ကျေးရွာများအတွင်းသို့ ရော့ကတ် နှစ်လုံးစီဖြင့် ရှေ့ဆင့်နောက်ဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ၅ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိသွားသည်ဟု ဒေသခံများထံမှ သိရသည်။ ရသေ့တောင်မှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ”ကျတဲ့နေ့ကတည်းက တပြိုင်းတည်း ချသွားတာပေါ့။…
တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ၌ ခလရ ၂၂၄ ခေတ္တတပ်ရင်းမှူးမှာ ယင်းမတိုင်ခင်နေ့ရက်မှာပင် နယ်စပ်ဖြတ်ကျော်ထွက်ပြေးသွားခဲ့သည်ဟု CDM ဗိုလ်မှူး တင်လင်းအောင်က ပြောဆိုခဲ့သည်။ အဆိုပါ မောတောစခန်းကို သိမ်းပိုက်ရာတွင် စစ်သုံ့ပန်း ၄၀ ကျော် ထိန်းသိမ်းနိုင်ခဲ့ပြီး တပ်သား…
တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်ကော်မရှင်တပ်သားများ အလံဖြူထောင်ခြင်း၊ ထိုင်းနယ်စပ်သို့ ထွက်ပြေးခြင်းများကြုံတွေ့ခဲ့ရပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ခဲ့သည်။ အဆိုပါ မောတောစခန်းကို သိမ်းပိုက်ရာတွင် တပ်သား ၃၀ ကျော် အလံဖြူထောင်ခဲ့ပြီးနောက် တပ်သား ၆၂ ဦးမှာ ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားခဲ့သည်ဟု ဒေသတွင်း စစ်ရေးဆိုင်ရာသတင်းရင်းမြစ်များထံမှ သိရှိရသည်။…
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီ-ဝေါလေလမ်းပိုင်းတွင်ရှိသော၊ ဖလူးကြီးကျေးရွာရှိ ကာစီနိုရုံတစ်ခုသို့ အာဏာသိမ်းစစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ တပ်သား နှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။ နိုဝင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဖလူးကြီးကျေးရွာ၊ ဘုရားကုန်းအနီးရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)ပိုင်ဆိုင်သော…
တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၄ ရက်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့၊ နိုဝင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် မောတောင်မြို့အဝင်ရှိ စစ်ကော်မရှင်တပ်၏ စစ်ဆေးရေးဂိတ်ကို နိုဝင်ဘာလ ၁၁ ရက်၊…
ခင်သရဖီဦး အာရက္ခတပ်တော် AA နှင့် စစ်ကော်မရှင်တို့ တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်ဖြူတွင် ကျေးရွာ ၁၅ ရွာခန့်မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု စစ်ဘေးရှောင်များထံမှ သိရသည်။ မင်းပြင်ကျေးရွာနားအရှေ့ဘက်ရှိ ပင်လယ်ပြင်တွင် တပ်ချထားသည့် စစ်ကော်မရှင် ရေတပ် (နေဗီ) မှ ပစ်ခတ်နေခြင်း ဖြစ်သည်ဟု သိရသည်။…
မန္တလေးတိုင်း၊ မတ္တရာ၊ စဥ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များတွင် တိုက်ပွဲများ တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာနေသဖြင့် ဒေသခံပြည်သူများ ဘေးအန္တရာယ်ကင်းရေး ကြိုတင်ပြင်ဆင်ထားကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ယနေ့ သတိပေး တိုက်တွန်းလိုက်သည်။ စစ်ကောင်စီက လာမည့် ၂၀၂၅ ဒီဇင်ဘာလနှင့် ၂၀၂၆ ဇန်နဝါရီလတို့တွင် တရားမဝင် အတုအယောင် ရွေးကောက်ပွဲ…
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသအနီးတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ တပ်မ ၂၂ မှ တပ်သားနှစ်ဦး လက်နက်နှင့်အတူ KNU တပ်မဟာ ၆ အထူးတိုင်းစစ်ဒေသ ဗျူဟာ ၃၂ ထံ အလင်းဝင်လာသည်ဟု မြေပြင်သတင်းရင်းမြစ်ထံမှသိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၉ ရက်က အဆိုပါတပ်သားနှစ်ဦး အလင်းဝင်လာခဲ့ခြင်းဖြစ်သည်ဟု မြေပြင်ရဲဘော်တစ်ဦးက…
ခင်သရဖီဦး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်ဖြူတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်ဖြင့်လည်းကောင်း၊ ဒရုန်းဖြင့် လည်းကောင်း အာရက္ခတပ်တော် AA ၏ ထိုးစစ်အား အပြင်းအထန် ကာကွယ်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံများထံမှ သိရသည်။ ကျောက်ဖြူမြို့နယ်မှ AA ထိန်းချုပ်ထားသည့် နေရာများကို ထိုကဲ့သို့ လေကြောင်းမှနေ၍ တိုက်ခိုက်မူများ ဆက်တိုက်…