ခင်သရဖီဦး တရုတ် ရင်းနှီးမြုပ်နှံ့မှု ရေနက်ဆိပ်ကမ်း စီမံကိန်းရှိသော ကျောက်ဖြူတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက် အပြန်အလှန် လက်နက်ကြီးများ ပစ်ခတ်နေပြီး တိုက်ပွဲ ပြင်းထန်နေသည်ဟု သိရသည်။ ဓညဝတီ ရေတပ်စခန်းအား AA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ထိုးစစ်ဆင်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု အာရက္ခတပ်တော်…
Browsing: တိုက်ပွဲသတင်း
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် အရေးပေါ် အခြေအနေ ကြုံတွေ့နေရချိန်မှ ကူညီကယ်ဆယ်ရေးလုပ်နေသည့် မေလ ၁၆ ရက်အထိ တစ်လခွဲနီးပါးအတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူများအား လေကြောင်းမှ အကြိမ်ရေ ၄၅၀ အထိ တိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ခဲ့သည်။ အဆိုပါကာလအတွင်း…
အိန္ဒိယ – မြန်မာနယ်စပ် မဏိပူရ်ပြည်နယ် ချန်ဒဲလ်ခရိုင်မှာ အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့မေလ ၁၄ ရက်က ချန်ဒဲလ်ခရိုင် နယူးဆမ်တာရွာအနီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အိန္ဒိယစစ်တပ်ရဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က…
ကရင်နီပြည်နယ် မိုးဗြဲဒေသသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် ပအိုဝ်းပြည့်သူစစ် PNO ပူးပေါင်းတပ်ဖွဲ့ဝင်များထဲမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များထံသို့ ဘက်ပြောင်း ခိုလှုံလာသူ ၁၆ ဦး ရှိသည်ဟု ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ မေလ ၁၆ ရက်က ထုတ်ပြန်လိုက်သည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များထံသို့ အလင်းဝင်လာသူများသည် မေလ ၆ ရက်မှ…
ခင်သရဖီဦး ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အား စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ကျောက်တော်မြို့ခံများသည် လေကြောင်းအန္တရာယ် ထိခိုက်မှု မရှိစေရန် ဘေးလွတ်ရာ နေရာများသို့ ရွေ့ပြောင်းနေထိုင်နေကြသည်ဟု သိရသည်။ ကျောက်တော်မြို့အား စစ်ကောင်စီက မေလ ၁၄ ရက်တွင် ဂျက် ဖိုက်တာ တစ်စီးဖြင့် ဗုံး နှစ်ကြိမ်…
ကာနီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကချင်ပြည်နယ် နယ်စပ်တို့တွင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေပြီး စစ်ရေးပြင်ဆင်နေသောကြောင့် ဒေသခံများစိုးရိမ်နေရသည်ဟု ဆိုကြသည်။ နာဂဒေသ နန်းယွန်းမြို့နယ်နှင့် ကချင်ပြည်နယ် တနိုင်းမြို့နယ်များသို့ စစ်ကောင်စီတပ်က အလုံးအရင်းဖြင့် မေလဆန်းပိုင်းတွင် ဝင်ရောက်လာသည်ဟု သိရသည်။ ယင်းမြို့များရှိ စစ်ကောင်စီတပ်စခန်းများနှင့် ကျေးရွာများတွင် တပ်ဖြန့်ထားသည်ဟုလည်းဈေးရောင်းသည့် အသက် ၂၀ ကျော်အရွယ် ဒေသခံ…
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ တာကရယ်မြို့နယ်ရှိ စစ်ကောင်စီ အခြေစိုက်စခန်း တစ်ခုကို မေ ၁၃ ရက် ညပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) မှ ယနေ့ ထုတ်ပြန်သည်။ အဆိုပါစခန်းသည် တာကရယ်မြို့နယ်၊ ကာတဲကျေးရွာအနီးတွင် စစ်ကောင်စီ၏ ခလရ-၂၄ နှင့် အမြာက်တပ် (အမတ) -၃၁၁ အခြေစိုက်သည့် တညာကျိုး…
ခင်သရဖီဦး စစ်ကောင်စီ ယမန်နေ့က ဗုံးကြဲခဲ့သည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ရွာမရပ်ကွက်အား ယနေ့ မေလ ၁၅ ရက် နေ့လည် ၂ နာရီ ၅မိနစ်တွင် ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ လေကြောင်းတိုက်ခိုက်ခံရခြင်းကြောင့် လူအသေအပျောက်ရှိခဲ့ပြီး နေအိမ်များပါ ပျက်စီးခဲ့သည့် ရွာမရပ်ကွက်အား နေ့လယ် ၂…
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာအနီး ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက ယမန်နေ့ မေလ (၁၄)ရက်နေ့ ညပိုင်းတွင် ပေါင် (၅၀၀)ဗုံး (၂)လုံးကြဲချခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ ဘန်ကောက်စစ်ရှောင်စခန်းဟောင်းကို စစ်ကောင်စီက ယမန်နေ့ မေလ (၁၄)ရက်နေ့ ည (၈)နာရီ (၄၀)မိနစ်ဝန်းကျင် အချိန်တွင် ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံး (၂)လုံး…
ခင်သရဖီဦး ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို ယနေ့ ညနေ ၃:၅၁ နာရီအချိန်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အမျိုးသမီးငယ် တစ်ဦး သေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကနဦး သတင်းရရှိသည်။ ”ရွာမ ရပ်ကွက်က ရွှေကျောင်းဘုန်းကြီးကျောင်း နောက်လမ်းကို စစ်ကောင်စီက ဗုံးတစ်လုံး ကြဲသွားတာပါ။ တအား အသံကျယ်ပါတယ်။ အဲဒီမှာ…