သံလွင်ခက်။ ဧပြီ ၁၀ ၊ ၂၀၂၃။ ပဲခူးတိုင်း ( အရှေ့ခြမ်း ) ၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အဝင် သံတံတားအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟုဒေသခံများထံက သိရသည်။ ယမန်နေ့ ၊ ဧပြီ ၉ ရက် ၊…
Browsing: တိုက်ပွဲသတင်း
Saw Smith ဧပြီ ၁၀ ၊ ၂၀၂၃ ။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ဗာရ်းစခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF တပ်ဖွဲ့ဝင်များက ယနေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု အဆိုပါတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်ကွာဝေးသည့် ဖလမ်း-ကလေးလမ်းပေါ်ရှိ ဗာရ်းစစ်ကောင်စီတပ်စခန်းကို CNDF တပ်ဖွဲ့ဝင်များက နံနက် ၅…
နန်းဆုပန်ခန့် ဧပြီ ၉ ၊ ၂၀၂၃ ။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီး မဲကနဲကျေးရွာတွင် စစ်ကောင်စီတက်နှင့်BGFတပ်တို့ကို ကော်ဘရာစစ်ကြောင်းနှင့်Venom စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု တိုက်ပွဲတွင်း၌ ပါဝင်သည့်ရဲဘော်များထံမှ သိရသည်။ ယနေ့ဧပြီလ၉ရက်၊ နံနက်၉နာရီဝန်ကျင်း၌ မြဝတီကုန်သွယ်ရေးဇုန်ထိပ် မဲကနယ်ကျေးရွာတွင် ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၄၊ တပ်ခွဲ ၅ နှင့်အတူ…
သံလွင်ခက်။ ဧပြီ ၉၊ ၂၀၂၃။ ကချင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် ဧပြီလ ၆ ရက်နေ့နှင့် ၇ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ KPDF ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်ဟု ရှေ့တန်းရောက်ရဲဘော်များက သံလွင်ခက်ကိုပြောသည်။ အင်အား…
Saw Smith ဧပြီ ၈ ၊ ၂၀၂၃ ။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကရင်နယ်ခြားစောင့်တပ် BGF တပ်၏ တောင်သုံးလုံးစခန်းကိုKNLAနှင့်PDFပူးပေါင်း ကျားဖြူစစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ ကော့ကရိတ်-မြဝတီ လမ်းဟောင်းပေါ်ရှိ တောင်သုံးလုံး GBF စခန်းကို ယမန်နေ့ ဧပြီ၇ရက် နေ့လည်ပိုင်းတွင် ကျားဖြူစစ်ကြောင်းက သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်ဟု…
သံလွင်ခက်။ ဧပြီ ၈၊ ၂၀၂၃။ မတ်လကုန်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်ကို မြေပြင်စစ်ကြောင်းသာမကလေကြောင်းပစ်ကူများဖြင့် ပူးတွဲ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု ကချင်လွတ်မြောက်ရေးတပ်-KIA အဖွဲ့ထံက သိရသည်။ စစ်ကောင်စီတပ်က စွန့်လွှတ်လိုက်ရသည့် နယ်မြေများကို ပြန်လည်ရယူလိုသဖြင့် စစ်ကြောင်းထိုး ထိုးစစ်ဆင် နေခြင်းဖြစ်သည်ဟု ကချင်လွတ်မြောက်ရေးတပ် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက…
Saw Smith ဧပြီ ၇ ၊ ၂၀၂၃ ။ ရှမ်း-ကယားနယ်စပ် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းများဆက်တိုက်ထိုးလာနေသည့်အတွက်နေ့စဥ်နီးပါးတိုက်ပွဲများ ဖြစ်ပွားနေသည်ဟု တော်လှန်ရေးပူးပေါင်းတပ်များထံမှသိရသည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၄ရက်မှစ၍တိုက်ပွဲဖြစ်ပွားနေသည့် ပင်လောင်းမြို့နယ်တွင် ယခုလအစပိုင်း၌လည်းတိုက်ပွဲများပြင်းထန်ဖြစ်ပွားနေသည်။ ” စစ်ကောင်စီက သူတို့နယ်မြေစိုးမိုးမှုတွေပြန်ရဖို့ စစ်ကြောင်းတွေ ဆက်တိုက်ထိုးလာတယ်ပေါ့နော်။ ဒီ့မတိုင်ခင်ဟိုးအရင်က သူတို့ရောက်ခဲ့တဲ့နေရာတွေအထိ သူတို့ပြန်တက်လာတဲ့ အနေအထားရှိတယ်ပေါ့နော်…
Saw Smith ဧပြီ ၇ ၊ ၂၀၂၃။ တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေသည့် ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မြို့သစ်အနီးတိုက်ပွဲတွင်း၌ စစ်ကောင်စီနှင့်BGFတပ်တို့မှ ၈၅ ဦးထက်မနည်းသေဆုံးသည်ဟု Lion Battalion ဗျူဟာစစ်ကြောင်းကသတင်းထုတ်ပြန်သည်။ ရွှေကုက္ကိုလ်မြို့သစ်အနီး ထီးဝါးပလော၊ ထီးကော်ထော်ကျေးရွာများအတွင်း KNLA၊ KNDO၊ PDF ပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီတပ်၊ BGFတပ်တို့ ဧပြီ…
သံလွင်ခက်။ ဧပြီ ၆၊ ၂၀၂၃။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ၊ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး ဧပြီလ ၅ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၄ ကြိမ်ပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ လေကြောင်းတိုက်ခိုက်မှု မတိုင်ခင် ယမန်နေ့ မွန်းလွဲပိုင်းက စီသာကျေးရွာကိုလက်နက်ကြီးများ…
သဇင် ဧပြီ ၆၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ပုလဲအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFစခန်းတစ်ခုအား စစ်ကောင်စီတပ်ဖွဲ့ဝင်များကMi35 ရဟတ်ယာဉ်( ၂)စင်းဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။ ယမန်နေ့ ဧပြီလ ၅ရက် မနက် ၉နာရီခွဲခန့်တွင် ပုလဲအခြေစိုက် M7 PDF စခန်းအား လေကြောင်းမှတိုက်သည်နှင့်တစ်ပြိုင်နက် မြေပြင်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ…