မတ်လ ၂၈ ရက်မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇.၇ ငလျင်ကြောင့် ထိခိုက်သေဆုံးမှုများ များပြားခဲ့သည့် မန္တလေးနှင့် စစ်ကိုင်းဒေသများမှ ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မည့် မြေပြင်ဆေးရုံအဖွဲ့အပါအဝင်ဆေးဝါးများ ယနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဟု သံရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် အိန္ဒိယအစိုးရအနေဖြင့် မတ်လ ၂၉ ရက်နှင့် ၃၀…
Browsing: ငလျင်သတင်း
ပြင်းအား ၇.၇ အဆင့်ဖြင့် လှုပ်ခတ်ခဲ့သော ငလျင်ဘေးဒဏ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ အမြန်လုပ်ဆောင်နိုင်ရန်အတွက်ဒေါ်လာ ၂သန်း ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင့် မြန်မာနိုင်ငံ ဩစတြေးလျသံရုံးက သတင်းထုတ်ပြန်သည်။ ဩစတြေးအစိုးရအနေဖြင့် အဆိုပါ ကနဦးဒေါ်လာ ၂ သန်းကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ International Committee of the Red Cross (ICRC) မှတစ်ဆင့်…
မြန်မာနိုင်ငံကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်ကြုံတွေ့နေရသော ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများလုပ်ဆောင်ရန် ကယ်ဆယ်ရေးတပ်ဖွဲ့များကို ထိုင်းဘုရင့်တပ်မတော်ကစေလွှတ်ခဲ့သည်ဟု ထိုင်းသတင်းဌာန The Nation တွင် ဖော်ပြထားသည်။ အဆိုပါကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကို ဘန်ကောက်မြို့ရှိ ဒုံမောင်းလေဆိပ်တွင် စုဝေးကာ မတ်လ ၃၀ ရက် နံနက်ပိုင်းတွင် ထွက်ခွာခဲ့သည်ဟု ပါဝင်သည်။ အဆိုပါကယ်ဆယ်ရေးတပ်ဖွဲ့များတွင် ထိန်းချုပ်ရေးအဖွဲ့၊…
မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် အခက်အခဲကြုံတွေ့နေရသော ပြည်သူများအတွက် အခမဲ့ဖုန်းခေါ်ဆိုခွင့်များနှင့်စာတိုပို့ဆောင်မှုများကို MPT၊ ATOM တို့က ဝန်ဆောင်မှုပေးနေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ MPT အနေဖြင့် ငလျင်ဘေးသက်ရောက်ခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ဒေသခံ ပြည်သူများအတွက် ၎င်းတို့၏ မိသားစုများ မိတ်ဆွေများနှင့် အဆက်အသွယ် မပြတ်ရှိစေရန် MPT…
မတ်လ ၂၈ ရက် မွန်းလွဲပိုင်းတွင် တိုက်ခိုက်ခဲ့သော ငလျင်ဒဏ်ကြောင့် အရေးပေါ်ကယ်ဆယ်ကုသရေးများလုပ်ဆောင်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် ထိုးစစ်များအား ခေတ္တရပ်စဲမည်ဟု ယနေ့ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် မိမိကိုယ်ကို ခုခံကာကွယ်စစ်မှ တပါး ထိုးစစ်များအားလုံးကို မတ်လ ၃၀ ရက်မှ စတင်ကာ ၂ ပတ်ကြာရပ်နားထားမည်ဟု ဖော်ပြထားသည်။ ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊…
မတ်လ ၂၈ ရက် မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများ များပြားနေချိန်တွင် အွန်လိုင်းမှ လိမ်ညာအလှူခံများ လူမှုကွန်ရက်စာမျက်နှာတွင် ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။ ထိုသို့လိမ်ညာမှုများတွင် ကလေးငယ်များအရေးကူညီဆောင်ရွက်နေသော သရုပ်ဆောင်ခိုင်နှင်းဝေ၏ Facebook ပေ့ချ်ကဲ့သို့သော ဆင်တူပေ့ချ်ဖွင့်ကာ အလှူခံမှုများရှိလာခဲ့သည်။ “ခိုင်နှင်းဝေ ရင်သွေးငယ်များဂေဟာ”ဟုသော အမည်ကို ” “ခိုင်နှင်းဝေ မိဘမဲ့ကလေးများဂေဟာ” ဟု…
မြန်မာနိုင်ငံတွင် ယမန်နေ့ မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်ကြောင့် လူသားချင်းစာနာမှု အကူအညီ တောင်းဆိုချက်အရ စင်္ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ (SCDF) မှ သဘာဝဘေးကယ်ဆယ်ရေး လုပ်ငန်းများအတွက် Operation Lionheart (OLH) စစ်ဆင်ရေးအဖွဲ့ကို စေလွှတ်ထားပြီ ဖြစ်သည်ဟု အဆိုပါအဖွဲ့ ထုတ်ပြချက်အရ သိရသည်။ ယင်းအဖွဲ့သည်…
မောင်လှိုင်း မြန်မာနိုင်ငံရှိ မြို့ကြီးများနှင့် တိုင်းနှင့်ပြည်နယ်အချို့တွင် ယမန်နေ့မတ်လ ၂၈ နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် ပြည်သူများ အရေးပေါ် အခြေအနေကြုံနေရချိန်တွင် စစ်ကောင်စီမှ နွယ်ခွေရွာကို ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်ဟု ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်ခက်ကိုပြောသည်။ မတ်လ ၂၈ နေ့ညပိုင်း ၇နာရီခွဲဝန်းကျင်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီ အနောက် မြောက်တိုင်း…
မောင်လှိုင်း မတ်လ ၂၈ ရက်က လှုပ်ခတ်သွားသည့် ငလျင်ဒဏ်ကြောင့် အထိအနာဆုံးဖြစ်သည့် မန္တလေးမြို့တွင် သေဆုံးသူ ၆၉၄ ဦးအထိ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၆၄၀ ဦးရှိကာ ပျောက်ဆုံးသူ ၆၈ ဦးအထိ ရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့က စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံရှိ မြို့ကြီးများတွင်…
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဝင် ၃၇ ဦး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ မတ်လ ၂၉ ရက် မနက် ၇:၁၀ နာရီတွင် ရောက်ရှိလာသည်ဟု တရုတ်သံရုံး ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၏ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အချိန်မီ အရေးပေါ်ကူညီရန်အတွက် ငလျင်ဖြစ်ပြီး ၁၈ နာရီအတွင်း မြန်မာနိုင်ငံသို့…