မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့အား အကြမ်းဖက်အုပ်စုများအဖြစ် NUG က ယနေ့တွင် ကြေညာလိုက်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၂အဖြစ် ယနေ့ ဒီဇင်ဘာလ (၆)ရက်စွဲဖြင့် ကြေညာခြင်းဖြစ်သည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င) နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို…
Author: thanlwinkhet
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာများဘက်ကိုစစ်ကောင်စီတပ်က အတွဲလိုက်ပစ်လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ ယမန်နေ့ နံနက်အစောပိုင်း ၄နာရီဝန်းကျင်ကတည်းက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေခဲ့သောစစ်ကောင်စီတပ်သည် ယမန်နေ့ ဒီဇင်ဘာလ၅ရက် ညပိုင်း၌ လည်း အတွဲလိုက်ပစ်လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည်။ စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းက လက်နက်ကြီး ပစ်ခတ်မှုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲဘော်များက မှတ်တမ်းရယူထားနိုင်ပြီး မီးရှူးမီးပန်းများသဖွယ်…
လှည်းကူးတွင် ယနေ့နံနက်ပိုင်း၌ တွေ့ရှိရသည့် ရိုဟင်ဂျာ ၁၃ ဦး၏ အလောင်းများပေါ်၌ ဒဏ်ရာများတွေ့ရှိရပြီး အသတ်ခံရသည့်အခြေအနေဖြစ်သည်ဟု ရိုဟင်ဂျာအရေးကူညီပေးနေသူ ရိုနေဆန်းလွင်က သံလွင်ခက်ကိုပြောသည်။ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ဘားလားကျေးရွာအုပ်စု တပင်ရွှေထီးလမ်းမပေါ်တွင် စွန့်ပစ်ထားသည့် ရိုဟင်ဂျာ ၁၃ ဦး၏အလောင်းများကို ဒေသခံများက ယနေ့ဒီဇင်ဘာလ ၅ရက်၊ နံနက် ၈နာရီခန့်တွင် တွေ့ရှိခဲ့သည်။…
အင်အား ၁၀၀ ခန့်ရှိသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိ အခိုက်များစွာဖြင့် တပ်ဆုတ်ခွာသွားပြီဖြစ်သော်လည်း ထိတွေ့တိုက်ပွဲများ အချိန်မရွေးပြန်လည်ဖြစ်ပွားနိုင်သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။ ကရင်နီပြည် ၊ လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာဆေးခန်းနှင့်စာသင်ကျောင်းတို့တွင် လနှင့်ချီတပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် KA နှင့် KNDF တပ်ရင်း ၂နှင့်တပ် ၁၄ တို့ပူးပေါင်း၍…
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းသို့ အင်အားအလုံးအ ရင်းဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များနှင့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ ယနေ့တွင်လည်း ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။ ဒီဇင်ဘာလ (၃)ရက်နေ့ နံနက် (၉)နာရီခွဲအချိန်မှစ၍ ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာဖက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KNDF B (01)၊ B (05)၊ B (06)…
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံများထံမှသိရသည်။ ယနေ့ ဒီဇင်ဘာလ၃ရက် ညနေ ၃နာရီ၅၅မိနစ်ခန့်တွင် လေယာဥ်နှစ်စီးဖြင့် ပတ်ဝဲပျံသန်း၍ ဗုံးကြဲတိုက်နေခြင်းဖြစ်သည်ဟု သိရသည်။ ” ဘယ်နေရာတွေကို ကြဲနေလည်းဆိုတာတော့ အတိအကျမသိရသေးဘူး။ အခုထိ လေယာဥ်တွေ ဝဲပျံနေတုန်းပဲ ” ဟု ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ညနေ ၄…
KNU-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ အမှတ်(၅)တပ်မဟာထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်နှင့် BGF-နယ်ခြားစောင့်တပ်များမှ နယ်မြေကျူးကျော်ဝင်ရောက်၍ လူ့အခွင့်အရေးပေါင်းစုံချိုးဖောက်နေသည့်အတွက် နေ့စဉ်နှင့်အမျှ ထိတွေ့ရင်ဆိုင်တိုက်ပွဲများဖြစ်ပေါ်လျှက်ရှိသည်ဟု ကေအဲန်ယူ မူတြော်သတင်းကထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း၌ မူတြော်ခရိုင်တွင် နယ်မြေခံKNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ်(၅)တပ်မဟာလက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများမှစစ်သည်တော်များနှင့် စစ်ကောင်စီတပ်၊ BGFတပ်များတို့ ထိတွေ့တိုက်ပွဲပေါင်း(၁၁၆)ကြိမ်ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်နှင့် BGFတပ်ဘက်တို့မှ (၆၉)ဦးသေဆုံး၍ (၅၁)ဦးဒဏ်ရာအနာတရရရှိခဲ့သည်။…
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFနှင့်မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ထားခဲ့ရာ ပြီးခဲ့သော ၃လအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၅ ဦး သေဆုံးခဲ့၍ ၈၃ဦးဒဏ်ရာရရှိခဲ့ သည်ဟု KNDFက ထုတ်ပြန်ထားသည်။ ပြီးခဲ့သောနိုဝင်ဘာလ၊ အောက်တိုဘာလနှင့်စက်တင်ဘာလအတွင်းတို့၌ ကရင်နီပြည်တွင် စစ်ကောင်စီတပ်နှင့်ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲပေါင်း ၁၁၇ ကြိမ်ဖြစ်ပွားခဲ့သည်။ သုံးလတာတိုက်ပွဲများအတွင်း၌ KNDF ရဲဘော် ၁၂ ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်များ၏…
တရုတ်နိုင်ငံမှာသုံးစွဲတဲ့ ” မြေအောက်ဘုရားရှိခိုးကျောင်း” ဆိုတဲ့ အသုံးအနှုန်းက တရုတ်အစိုးရ ခွင့်မပြုတဲ့ ” တရုတ်ကက်သလစ်ဘုရား ရှိခိုးကျောင်း ” ကို ရည်ညွှန်းတဲ့ ဝေါဟာရဖြစ်ပါတယ်။ အဲဒီ မြေအောက် ဘုရားရှိခိုးကျောင်းတွေဟာ တရုတ်နိုင်ငံက ခွင့်ပြုထားတဲ့ ” တရုတ်မျိုးချစ်ကက်သလစ်အဖွဲ့အစည်း(CPCA ) ”နဲ့ ဆက်စပ် ပတ်သက်တာမျိုး မရှိသလို…
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးဌာနနှင့် ဝန်ကြီးများကို စာရင်းစစ်ချုပ်က ငွေစာရင်းစိစစ်နေသည်ဟု NUG သမ္မတရုံးဝန်ကြီးပြောခွင့်ရ ဦးကျော်ဇော်က သံလွင်ခက်ကို ပြောသည်။ “ကျွန်တော်တို့ရဲ့ဝန်ကြီးဌာနတွေအကုန်လုံး အစိုးရအဖွဲ့ရဲ့လုပ်ဆောင်ချက်တွေ စာရင်းဇယားတွေကို သုံးစွဲချက် ဝင်ငွေ၊ထွက်ငွေတွေအားလုံးကို လမ်းညွန်ချက်တွေနဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်မလုပ်ဆိုတာကို စစ်ဆေးတာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ စာရင်းစစ်ချုပ်ရုံးအဖွဲ့အနေဖြင့် ဝန်ထမ်းလိုအပ်ချက်များရှိသော်လည်း လုပ်ထုံးလုပ်နည်းများအတိုင်း…