ထန်တလန် ကြားကာလ စာသင်ကျောင်းများ ပြန်မဖွင့်နိုင်သေး ************ ဖေဖော်ဝါရီ ၁ ၊ ၂၀၂၃။ ချင်းပြည်နယ် မြောက်ပိုင်း၊ ထန်တလန်မြို့က ကြားကာလပညာရေးကျောင်းများ ယနေ့ အချိန်အထိ ပြန်လည် မဖွင့်နိုင်သေးဟု ပညာရေးတာဝန်ခံများက ပြောသည်။ ထန်တလန်မြို့အနီး စစ်ကောင်စီတပ်၏ ကင်းထောက်လေယာဉ်များ မကြာခဏ ပျံသန်းမှုများကြောင့် ကြားကာလ ပညာသင်ကြားရေး…
Author: thanlwinkhet
စစ်ကောင်စီလုပ်ရပ်သည် မြန်မာနိုင်ငံရှိ မတူကွဲပြားသည့် ဘာသာဝင်များအကြား အမုန်းတရားများ တိုးပွါးစေနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။ အာဏာသိမ်းထားသည့် ၂ နှစ်တာကာလအတွင်း ဘာသာရေးအဆောက်အအုံများအပါအဝင်နေအိမ်ပေါင်း၅၇,၈၀၉ ဖျက်ဆီးခံထားရသည်ဟု စစ်တမ်းနှင့် အချက်အလက်များကောက်ယူနေသည့် ISP Myanmar ကသတင်းထုတ်ပြန်ထားသည်။ ဘာသာရေး အဆောက်အဦးများ မီးရှို့ဖျက်ဆီးခံရမှုများသည် စုံလင်ကွဲပြားသည့် ဘာသာဝင်များအကြား အမုန်းတရား ကြီးထွားစေနိုင်သည်ဟု ISP…
စစ်ကောင်စီ၏ ကာကွယ်ရေးနှင့် လုံခြုံရေးအစည်း အဝေးကို ယနေ့ ဇန်နဝါရီ ၃၁ ရက် နေပြည်တော်တွင်ကျင်းပခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် ကာလုံအဖွဲ့ဝင်များ တဖြစ်လဲ စစ်ဗိုလ်ချုပ်များ တက်ရောက်ခဲ့သည်ဟု စစ်ကောင်စီ ထိန်းချုပ်မီဒီယာများတွင် ဖော်ပြထားသည်။ အဆိုပါအစည်းအဝေးတွင် စစ်ကောင်စီအနေဖြင့် နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးအောင်ကြိုးပမ်းနေသော်လည်း နိုင်ငံမှာ ပုံမှန်အခြေအနေမဟုတ်သေးကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ယာယီသမ္မတ ဦးမြင့်ဆွေထံ…
ပြည်တော်ပြန် CDM ******* မေသံလွင် ဇန်နဝါရီ ၃၁၊ ၂၀၂၃။ သူမ အိမ်နှင့် မိုင်ပေါင်းများစွာဝေးသည့် နယ်စပ်မြို့ တစ်နေရာက ဆယ်ပေပတ်လည် အခန်းကျဉ်းတစ်ခုကို အေးတစ်ယောက် မမျှော်လင့်ဘဲ ရောက်ရှိသွားသည်။ နေမမြင်၊ လမမြင် အခန်းကျဉ်းလေးထဲက အေးတစ်ယောက် မှောင်မိုက်မှုနှင့် တိတ်ဆိတ်မှုအကြား အဖော်ပြုခဲ့ရသည်။ ရုံးတက်ဝတ်စုံကို ကျော့ကျော့ဝတ်ပြီး…
” လေယာဥ်လာကြဲတဲ့ နေ့က အလှူအတွက် ချက်နေပြုနေကြတာ။ အဲဒီအလှူက ပထမတစ်ခါ ရက်ရွေ့ထားပြီးပြီ။ အခုလည်း မအောင်မြင်ဘူး ” *********************************** Saw Smith ဇန်နဝါရီ ၃၁ ၊ ၂၀၂၃ ။ ရဟန်းခံ၊ ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာပွဲအတွက် ချက်ပြုတ်နေကြသည့် နေအိမ်ကို စစ်ကောင်စီက…
အင်အား ၂၀၀ ကျော် စစ်ကြောင်းသုံးကြောင်းခွဲ၍ ကသာ၊ မိုးတားတိုက်နယ်ကျေးရွာနေအိမ်များကို မီးရှို့ ********************************* Saw Smith ဇန်နဝါရီ ၃၁၊ ၂၀၂၃ ။ စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်၊ မိုးတားတိုက်နယ်ရှိ ကျေးရွာနေအိမ်းများကို စစ်ကောင်စီတပ်က မီးရှို့မှုများဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ ယခုဇန်နဝါရီလ တတိယအပတ်တွင် စစ်ကောင်စီတပ်က လေကြာင်းမှ…
မြဝတီ-မဲဆောက်တံတားမှ ပြန်ဝင်လာသူများကို ဖမ်းဆီးငွေညှစ်နေ၍ အလုပ်သမားများ ပြန်ဝင်ရန် စိုးရိမ်နေ ************************ ဇန်နဝါရီ ၃၀၊ ၂၀၂၃ ။ ထိုင်း-မြန်မာချစ်ကြည်ရေး မြဝတီ – မဲဆောက် အမှတ် (၁) တံတားကိုဖြတ်၍ မြန်မာနိုင်ငံအတွင်းသို့ ပြန်ဝင်လာသူများကို စစ်ကောင်စီက ဖမ်းဆီး ငွေညှစ်မှုများ ပြုလုပ်နေ၍ ပြန်ဝင်ရန် စိုးရိမ်နေကြသည်ဟု…
ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ *********************************** သံလွင်ခက်။ ဇန်နဝါရီလ ၃၀၊ ၂၀၂၃။ ဧရာဝတီတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို စစ်ကောင်စီထိန်းချုပ် တရားရုံးက ယနေ့ ဇန်နဝါရီလ ၃၀ ရက်တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM…
ခြေနှစ်ဖက်ဆုံးရှုံးထားပေမယ့် တော်လှန်ရေးခရီးဆုံးခန်းတိုင် လျှောက်လှမ်းဖို့ ဆန္ဒပြင်းပြနေတဲ့ ရဲဘော်နှစ်ဦး ***************************** Saw Smith ဇန်နဝါရီ ၃၀၊ ၂၀၂၃ ။ ” ငါတို့ပေးဆပ်လိုက်ရတာ အလကားပေးဆပ်လိုက်ရတာမှမဟုတ်တာ ဒီမိုကကရေစီအတွက်ပဲ ။ ငါတို့စိတ်ဓာတ်ကျစရာ မလိုဘူး ” ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးလိုက်ရသည့် ရဲဘော်နှစ်ဦး တစ်ယောက်နှင့်တစ်ယောက် အားပေးနှစ်သိမ့် ပြောဆိုနေကြခြင်းပင်။…
ဈေးဆိုင်ပိတ်ရန်မလိုသည့် တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်ပြုလုပ်မည် *************************** ဂျာမုန်း ဇန်နဝါရီ ၃၀၊၂၀၂၃။ ဈေးဆိုင်များပိတ်ရန်မလိုသည့် တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်ကို အာဏာသိမ်း ၂ နှစ်ပြည့် ဖေဖေဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်ရန် ဦးဆောင်သူများက စီစဥ်နေသည်။ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် Silent Strike တွင် ပြည်သူများအန္တရာယ်ကင်းစေရန် ဈေးဆိုင်များကို ပိတ်ထားရန်မလိုဘဲ…