Author: thanlwinkhet

စစ်ကောင်စီတပ်နှင့်ပျူစောထီးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းသို့ ညအချိန်မတော်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်  ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ခင်ဦးမြို့နယ်သတင်းပြန်ကြားရေးအဖွဲ့တာဝန်ရှိသူ  ကိုနေသူရကပြောသည်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင် ၊ခင်ဦးနယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းအထိုင်ချ  စစ်ကောင်စီတပ်သားများ နှင့် ရွာသစ်ကုန်းရွာရှိ ပျူစောထီးများက ယမန်နေ့ည ၈နာရီခွဲခန့်တွင် ၆၀မမ နှင့် လက်နက်ငယ်များဖြင့် အနီးနားရှိ အင်းပတ်ကျေးရွာအတွင်း ပစ်ခတ်ခဲ့သည်။…

Read More

ကရင်လက်နက်ကိုင် အချင်းချင်း တိုက်ခိုက်ခြင်းမပြုရန် နိုင်ငံတကာ ကရင်အဖွဲ့အစည်း IKO ဗဟိုအလုပ်မှုဆောင်ကော်မတီ၏ မေတ္တာရပ်ခံစာတစ်စောင်ကို ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။ ကရင်အမျိုးသားအစည်းအရုံး ၊ အမှတ်၄ တပ်မဟာနယ်မြေအတွင်း    ကော်သူးလေတပ်မတော် (KTLA) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)   တို့အကြား တိုက်ပွဲများရှိနေသည့်အတွက်…

Read More

စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် FOEIMတွင် ကျောင်းတက်နေသူ အယောက်၃၀၀၏ အမည်ဖုန်းနံပါတ်နှင့် ဖခင်နာမည်များ ပေါက်ကြားနေသဖြင့် စိုးရိမ်မှု မြင့်တက်နေသည်ဟု ကျောင်းသားမိဘများထံမှ သိရသည်။ ယမန်နေ့ညနေက အဆိုပါကျောင်းသားနှင့် မိဘအချက်အလက်စာရင်း ပေါက်ကြားလာခြင်းဖြစ်ပြီး Grade 1တွင်သင်ကြားနေသူများစာရင်းဖြစ်သည်ဟု သိရသည်။ စာရင်းပေါက်ကြားသည်ကို ကြားသည့်အချိန်မှစ၍ ကျောင်းအပ်ရာတွင် ပေးထားမိခဲ့သည့် ဖုန်းနံပါတ်ကို ချက်ချင်းပိတ်ပစ်လိုက်ပြီး တယ်လီဂရမ်အကောင့်ကိုလည်း…

Read More

စစ်ကောင်စီတပ် ပစ်သည့် လက်နက်ကြီး ထိမှန်မှုကြောင့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ထောင်လောင်ကျေးရွာမှ ဒေသခံ ၃ ဦး လက်နက်ကြီးစ ထိမှန်ခဲ့သည်ဟု ဒေသခံများက သံလွင်ခက်သတင်းဌာနကိုပြောသည်။ ယနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းတွင် ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ…

Read More

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချောင်းကြားကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက တတိယအကြိမ် ဝင်ရောက်  မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ ထုတ်ပြန်သည်။ ကျွန်းလှ‌မြို့ပေါ်တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၈၀ ခန့်၊ ကျွန်းလှမြို့မြောက်ဘက်ကပ်လျက်ရှိ ‌ကန့်ဘလူမြို့နယ် ပေကုန်း(တောင်)ရွာမှ ပျူအင်အား ၄၀ ခန့် စုစုပေါင်း အင်အား…

Read More

စစ်ကောင်စီခေါင်းဆောင် လိုလားသူများ၊ မိတ်ဖက်များ အနေဖြင့်  ရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိအနိုင်ရကာလွှတ်တော်သို့ ရောက်ရှိလာနိုင်သည်ဟု လေ့လာသူများက သံလွင်ခက်ကိုပြောသည်။ စစ်ကောင်စီ ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄၁(က)အရ ပြိုင်ဘက်မရှိလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်နိုင်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအာကာမျိုးထက်က သံလွင်ခက်ကိုပြောသည်။ “ဒီဥပဒေကို အကာအကွယ်ယူပြီးတော့ စစ်ကောင်စီဘက်က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေမှာ တစ်လွဲအသုံးချလာနိုင်ပါတယ်။…

Read More

အရေးပေါ်ကျန်းမာရေးကိစ္စများအတွက် ယခင်ကနာရီနှင့် ချီသွားလာရသည့် အခြေအနေမှ တံတားပြန်ဖွင့်ပေးလိုက်သဖြင့် မိနစ်ပိုင်းအတွင်း ကျန်းမာရေးစောင့်ရှောင်မှုများကို ပြုလုပ်လာနိုင်သည်ဟု တာချီလိတ်လူမှုကူညီရေးအသင်း တာဝန်ရှိသူကပြောသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်တို့ကိုဆက်သွယ်ထားသည့် တာချီလိတ်-မယ်ဆိုင်ချစ်ကြည်ရေးတံတားအမှတ်(၁)အား ယမန့်နေ့ ဖေဖော်ဝါရီ ၂၀ ရက်၊ နံနက်ပိုင်းတွင် တာချီလိတ်မြို့မှတာဝန်ရှိသူများနှင့် မယ်ဆိုင်ဘက်မှတာဝန်ရှိသူများပူးပေါင်း၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ” စီးပွားရေး၊ လူမှုရေး၊အဓိကကတော့…

Read More

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU တပ်ဖွဲ့ဝင်များအနီးကပ်စောင့်ကြိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့မှ ၇ဦးထိခိုက်ပြီး ၆ဦးသေဆုံးသည်ကိုအတည်ပြုနိုင်သည်ဟု KRU တာဝန်ရှိသူ ကိုလင်းလင်းကပြောသည်။ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU) ၏ လှုပ်ရှားစစ်နယ်မြေ ဖြစ်သော ဒီးမော့ဆိုမြို့၊ကုန်းသာကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်မှ ကင်းပတ်ရန်ထွက်‌ခွာနေစဥ်ဖေဖော်ဝါရီလ၁၉ရက်၊ ညနေပိုင်းတွင် KRU က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှု ညနေ  ၅း၂၅ နာရီမှ…

Read More

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီ-ပျူစောထီးပူးပေါင်းတပ်များနှင့် ကာကွယ်ရေးတပ်ဖွဲ့များ အကြားတိုက်ပွဲ ဖြစ်ပွားကာ စစ်ကောင်စီဘက်မှ တစ်ဦး စနိုက်ပါကျည်ထိမှန်ကျဆုံးခဲ့သည်ဟု သိရသည်။ ရွှေဘိုမြို့နယ် အရှေ့ခြမ်းရှိ ကုလားမ၊လက်ကောက်ကျကျေးရွာ အနောက်ဘက် ဘိုးနတ်တောင်နှင့်တောင်လှအပေါ်သို့ရောက်ရှိနေသော စစ်ကောင်စီနှင့် ပျူစောထီးတပ်သားများကို ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်ဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မခေါက်ကျေးရွာနှင့် ဟင်္သာကြီးကျေးရွာမှ ပျူစောထီးများနှင့် လာရောက်ပူးပေါင်းခြင်းဖြစ်ပြီး အင်အားအရေအတွက် အတိအကျမသိရဘူးဟု…

Read More

စစ်အာဏာသိမ်းပြီးနောက်ပိုင်း  မြန်မာအမျိုးသမီးတွေဟာ ကျရာအခန်းကဏ္ဍအလွှာ အသီးသီးမှာပါဝင်နေကြပါတယ်။ အထူးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တွေအဖြစ် အမျိုးသားများနဲ့အတူ အခက်အခဲကြားမှာ ဒီနေ့အထိတည်ရှိနေတာပါ။ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ အဖြူအစိမ်းဝတ် ဆရာ၊ဆရာမတွေ၊အမျိုးသမီးတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အသက်သေဆုံးအောင်အထိ ပြုမူခဲ့တာက ဘဝတူအမျိုးသမီးတွေအကြား လက်နက်ကိုင်ဖို့ တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ နှိမ်နင်းမှုတွေ မှာ အမျိုးသမီးတွေအပေါ် စစ်လက်နက်သဖွယ်…

Read More