Author: thanlwinkhet

စစ်ကောင်စီတပ် နှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်း နိုင်ရေးတို့အတွက် နိုင်ငံရေး၊ စစ်ရေး ကိစ္စရပ်များတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်တိုက်ပွဲဝင်လိုသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG  ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။ မတ်လ ၁၁ ရက် (MNDAA) တည်ထောင်ခြင်း (၃၄)နှစ်မြောက်နေ့သို့…

Read More

ပထမအကြိမ် ကျေးရွာအတွင်းစစ်ကြောင်းလာရောက်ချိန်တွင် “အေးအေးချမ်းချမ်းပဲနေကြ ဘာမှမလုပ်ဘူး “စသည့် စစ်ကောင်စီတပ်၏ စည်းရုံးမှုကို ယုံစားမိ၍ ယခုအကြိမ်စစ်ကြောင်းလာချိန်၌ ကြိုတင်ထုပ်ပိုးရှောင်တိမ်းမှုများမပြုလုပ်ခဲ့သောကြောင့်  နေအိမ်နှင့်ပိုင်ဆိုင်သမျှ ပစ္စည်းများ ပြာပုံအတိဖြစ်သွားရသည်ဟု ကျောက်မှော်ရွာဒေသခံတစ်ဦးက ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ကျောက်မှော်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၀၀ ကျော်အထိမီးလောင်ပြာကျခဲ့ရသည်။ အင်အား…

Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံဝက်လက်မြို့နယ် ပကဖနှင့် တပ်ရင်း-၂ တို့မှ ဖမ်းဆီးထားသည့် GZ Special Task Force-Wetlet အဖွဲ့မှရဲဘော်၁၉ဦးကို ဥပဒေအကြောင်းအရ  အကာအကွယ်ပေးရန် ဒေသခံပြည်သူများက ဆန္ဒသဘောထားလက်မှတ်များ စုစည်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနထံ တင်ပြထားသည်ဟု သိရသည်။ ပြည်သူများ၏ အကူအညီတောင်းခံမှုကြောင့် ဒေသခံပြည်သူများ၏ ဆန္ဒလက်မှတ်များ ၅၀၀ကို စုစည်းပြီး…

Read More

ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် ဖေဖော်ဝါရီ လ (၁) လအတွင်းတိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၄၁၈) ကြိမ် ဖြစ်ပွားခဲ့သည်ဟု KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ  (၃၈၆) ဦး သေဆုံးကာ (၂၆၇) ဦး ဒဏ်ရာရခဲ့ပြီး (K.N.L.A)၊(K.N.D.O)…

Read More

ကရင်နီပြည်ဒီးမော့ဆိုအရှေ့ခြမ်းဒေသအတွင်းကို စစ်ကောင်စီတပ်က စစ်ကြောင်း (၃)ကြောင်း ဖြင့် နယ်မြေရှင်းလင်းရန်နှင့် ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ KMIC  တာဝန်ခံ ခူညေးရယ်က သံလွင်ခက်ကိုပြောသည်။ ဒီးမော့ဆို မြို့အတွင်းကို ဘောလခဲမြို့နယ်နှင့် လွိုင်ကော်ဘက်တို့မှ စစ်ကောင်စီတပ်စစ်ကြောင်းများကစစ်ကြောင်းထိုးလာနေခြင်းဖြစ်သည်။ ဘောလခဲဘက်မှ လာသည့်အင်အား ၂၇၀ ဦးဝန်းကျင်ရှိ စစ်ကြောင်းနှစ်ကြောင်းက ဒီးမော့ဆိုမြို့နယ်အတွင်းရောက်ရှိနေပြီး ကရင်နီ ပူးပေါင်းတပ်များနှင့်…

Read More

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် အနောက်ပိုင်း ကျောက်ခွက်ရေနံမြေ Well 2 အတွင်းရှိ စစ်ကောင်စီတပ်အားပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်အဖွဲ့ ၃၀ ကျော်ပူးပေါင်းပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်ဟုသိရသည်။ ယမန်နေ့ မတ်လ၉ရက် နံနက် ၇နာရီခွဲခန့်တွင်ကာကွယ်မဟာမိတ်ပူးပေါင်းအဖွဲ့များက ကျောက်ခွက်ရေနံမြေ Well 2 အတွင်း အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ် ၅၀ ဦးကျော်ကို ဒရုန်းများ၊လက်နက်ကြီး လက်နက်ငယ်များဖြင့်…

Read More

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိစစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်၍ မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သံလွင်ခက်ကို ပြောသည်။ ယနေ့ မတ်လ၁၀ရက်၊ နံနက်၇နာရီတွင် ရေးမြို့နယ်၊ အာရုတောင်နှင့် စုံနံ့ရွာရှိ ခံသင်းတံတားဘေးရှိစစ်ကောင်စီတပ်စခန်းကို ရေးဘီလူးအဖွဲ့ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ ” ဒီမနက်၇နာရီ တိတိမှာ ဝင်ရောက်သိမ်းဆည်းနိုင်ခဲ့တယ်။သူတို့စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်။ ကျွန်တော် တို့လက်ဦးမှုရခဲ့တယ်။ကျွန်တော်တို့ပိုင်ပိုင်နိုင်နိုင် စခန်းတွင်းကိုဝင်ရောက်သိမ်းဆည်းနိုင်ခဲ့တာဖြစ်ပါတယ် “ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က…

Read More

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုနှင့် စစ်ကြောင်းထိုးမီးရှို့မှုကြောင့်ပြည်သူခြောက်ဦးသေဆုံးခဲ့ပြီး နေအိမ် ၁၅၀ ခန့်မီးလောင်ပျက်စီးခဲ့သည် ဟု ဒေသခံများထံက သိရသည်။ ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့မှ ယနေ့အထိ ဆယ်ရက်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် များ၏ ပစ်ခတ်မှုကြောင့်ယင်းမာပင်ဒေသခံ ခြောက်ဦး သေဆုံးခဲ့ခြင်းဖြစ်သည် ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။…

Read More

အမှုလိုက် ရှေ့နေများအနေဖြင့် တရားခွင်အတွင်းမှာသည်ပင်လျှင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်မှုများကို ကြုံတွေ့နေရသည်ဟု အမှုလိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေများထံက သိရသည်။ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသူများကို တရားဥပဒေအရ အကာကွယ်ပေးရန်  ဆောင်ရွက်ပေးနေရသည့်ရှေ့နေများ ကိုယ်တိုင် တရားခွင်အတွင်း ခြိမ်းခြောက်ခံနေရခြင်းဖြစ်ဟု မန္တလေးမြို့တွင် အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ပြောသည်။ ၎င်းက ” တရားခွင်မှာတောင်…

Read More

စစ်ကြောင်းထိုးထားသည့် စစ်ကောင်စီတပ်များကို ခုခံကာကွယ်ရန် ရည်ရွယ်ထားသည့် မီတာ၆၀၀ပစ်လက်နက်ကြီးများကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်ဟု သိရသည်။ ဘီးတပ်လောင်ချာဖြစ်သည့်အတွက် အလွယ်တကူရွှေ့ပြောင်းတိုက်ခိုက်နိုင်ပြီး အင်အားရာချီ ချီတက်လာမည့် စစ်ကောင်စီစစ်ကြောင်းများကို ခုခံတိုက်ခိုက်ရာတွင် အသုံးပြုသွားမည်ဟု Myingyan Black Tiger အဖွဲ့ခေါင်းဆောင်က သံလွင်ခက်ကိုပြောသည်။ “အထိုင်ချထားတဲ့ဟာတွေနဲ့စာရင်တော့ ရွှေ့ရပြုရလွယ်တော့ နေရာမရွေးပစ်နိုင်တာပေါ့ အစပိုင်းမှာတော့ကျွန်တော်တို့ဌာနချုပ်ကိုထိုးစစ်ဆင်လာရင် ခုခံဖို့အတွက်ပါပဲ”ဟု ၎င်းကဆိုသည်။ အဆိုပါလက်နက်ကြီးများ…

Read More