စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဆိပ်ခွန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်နေသည်ဟု ဒေသခံများထံမှသိရသည်။ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ မှ တက်လာသည့် Mi35 တိုက်ခိုက်ရေးရဟတ်ဖြင့်ယနေ့နေ့လည်ပိုင်းတွင် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ ” လွန်ခဲ့တဲ့ နာရီဝက်လောက်က လာရောက်တိုက်နေတာ။ ဆိပ်ခွန်ပတ်ပတ်လည်ကိုဝဲနေတယ် အခုချိန်ထိပြန်မသွားသေဘူး “ဟု ၎င်းက နေ့လည် ၂နာရီခွဲခန့်တွင်ပြောသည်။ ဆိပ်ခွန်ရွာတွင်…
Author: thanlwinkhet
လက်နက်၊ခဲယမ်းများတင်ဆောင်လာသည့် ကား၃၂စီး နှင့်အင်အား ၄၀၀ ကျော်ပါစစ်ကောင်စီတပ်ယာဥ်တန်းကိုထီးလင်းမြို့နယ်အတွင်းကိုဖြတ်သန်းလာခဲ့ရာ အကြိမ်ကြိမ်တိုက်ခိုက်နိုင်ခဲ့သည်ဟု Yaw Revolution Army-YRA ခေါင်းဆောင်သခင်ဇော်က သံလွင်ခက်ကိုပြောသည်။ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှ မတ်လ ၁၀ရက်တွင် ထွက်လာသော စစ်ယာဥ်တန်း အစီး ၇၀ ကျော်ပါစစ်ကြောင်းသည် ပခုက္ကူ-ကျောက်ထု-မင်းတပ်-မတူပီလမ်းအတိုင်း ပုံတောင်၊ပုံညာကိုဖြတ်၍ ချင်းတောင်ဘက်တက်လာခဲ့ရာ မတ်လ ၁၃ရက်တွင်…
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ပြည်တွင်းပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းသွားရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံသည်ဟု မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့်စုစည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ ( FPNCC ) က မတ်လ ၁၆ရက်နေ့တွင် ထုတ်ပြန်သည်။ FPNCC ၏ လုပ်ငန်းအစည်းဝေးကို ဝ ပြည်နယ်၊ ပန်ခမ်းမြို့တွင် ၂၀၂၃ ခုနှစ်…
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ပေါက်ချောင်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းအား အီနာဂါ ဗုံးသီး၄လုံးဖြင့် ဗုံးကြဲတိုက်ခဲ့သည်ဟု Myaung Special People Defense Force-MSPDFမှထုတ်ပြန်ထားသည်။ ယမန်နေ့ နေ့လည် ၁၂နာရီဝန်းကျင်တွင် ပေါက်ချောင်းရွာ သရက်ခြံတွင် တပ်စွဲထားသော ဘီလူးစစ်ကြောင်းတပ်ဖွဲ့ဝင် အင်အား ၁၅၀ခန့်အား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ” မတ်လ…
ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းသို့စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်စစ်ကြောင်းကိုကာကွယ်ရေးမဟာမိတ်တပ်များပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများခဲ့သည်ဟုသိရသည်။ ဖယ်ခုံမြို့နယ်ခေါင်းအိကျေးရွာအုပ်စုဘက်သို့စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ကာကွယ်ရေးတပ်များကခုခံတိုက်ခိုက်ခဲ့ရာ မတ်လ ၈ရက်မှ ယမန်နေ့မတ်လ ၁၆ရက်ထိ တိုက်ပွဲများပြင်းထန်ဖြစ်ပွားခဲ့သည်။ အဆိုပါ ၉ ရက်တာတိုက်ပွဲအတွင်း၌စစ်ကောင်စီတပ်ဘက်မှ အရာရှိများအပါအဝင် ၄၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်ဟု ဖယ်ခုံPDFက သတင်းထုတ်ပြန်သည်။ ထိုတိုက်ပွဲများအတွင်း၌စစ်ကောင်စီတပ်က လေကြောင်းပစ်ကူများနှင့် လက်နက်ကြီးပစ်ကူများအကြိမ်ကြိမ်ပေးခဲ့သည်။ တိုက်ပွဲအတွင်း၌ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ဝင်များဘက်မှ ရဲဘော်…
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းကိုစစ်ကောင်စီတပ်က အင်အားအများအပြားဖြင့်စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU ကသတင်းထုတ်ပြန်သည်။ ပင်လောင်းမြို့နယ် ၊ နမ့်နန်းကျေးရွာ အနောက်ဘက်ရှိ တောင်ကုန်း ဒေသ တစ်ကျောအား စစ်ကောင်စီ တပ်တို့စစ်ကြောင်း အများအပြား ထိုးစစ်ဆင်လာသောကြောင့် ယမန်နေ့နံနက် ၇နာရီ မှ နေလည် ချိန်ထိပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု…
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ ရှမ်းစု နှင့် တကုန်းစသည့်ကျေးရွာများရှိ ဒေသခံများ ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် ဖိအားပေးခံနေရသည်ဟု ဒေသခံများထံက သိရသည်။ အဆိုပါ ကျေးရွာများရှိ ဒေသခံများကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များက မတ်လ ၁၄ ရက်နှင့်၁၅ ရက်များတွင် အစည်းဝေးခေါ်ယူ၍ ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။ ၎င်းက…
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်FIFA နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် အိန္ဒိယ၊ ကာဂျစ္စတန် တို့နှင့်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်း၏ ကစားသမား ၂၄ ဦးစာရင်းကို ယနေ့တွင် MFFက ထုတ်ပြန်ကြေညာခဲ့ရာ အောင်သူပါဝင်လာခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်း၏ နာမည်ကြီးတိုက်စစ်ကစားသမားအောင်သူသည် လက်ရှိအာဏာသိမ်းကာလအတွင်း၌ နိုင်ငံလက်ရွေးစင်အသင်းတွင်ပါဝင်ကစားထားခြင်းမရှိသေးဘဲ ယခုမှအသင်းလူစာရင်းတွင်ပါဝင်လာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFFသည် လက်ရှိအာဏာသိမ်းကာလအတွင်း၌ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ အာရှဖလားခြေစစ်ပွဲနှင့်…
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်FIFA နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် အိန္ဒိယ၊ ကာဂျစ္စတန် တို့နှင့်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်း၏ ကစားသမား ၂၄ ဦးစာရင်းကို ယနေ့တွင် MFFက ထုတ်ပြန်ကြေညာခဲ့ရာ အောင်သူပါဝင်လာခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်း၏ နာမည်ကြီးတိုက်စစ်ကစားသမားအောင်သူသည် လက်ရှိအာဏာသိမ်းကာလအတွင်း၌ နိုင်ငံလက်ရွေးစင်အသင်းတွင်ပါဝင်ကစားခဲ့ခြင်းမရှိခဲ့ဘဲ ယခုမှအသင်းလူစာရင်းတွင်ပါဝင်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFFသည် လက်ရှိအာဏာသိမ်းကာလအတွင်း၌ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ အာရှဖလားခြေစစ်ပွဲနှင့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတို့တွင်…
ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားများ အလုပ်သမားအခွင့်အရေးအပြည့်အဝ မရရှိဟုအလုပ်သမားအရေး ကူညီသူများက သံလွင်ခက်ကို ပြောသည်။ အလုပ်သမားအခွင့်ရေး ချိုးဖောက်ခံရမှုများကြောင့် အလုပ်သမားရေးကူညီသူအဖွဲ့များထံ အကူညီတောင်းခံမှုများမှာလည်း နေ့တိုင်းနီးပါးရှိသည်ဟု အလုပ်သမားရေး ကူညီသူများကပြောသည်။ ထိုင်းရောက် မြန်မာအလုပ်သမားရေးကူညီသူ AAC အဖွဲ့မှ ကိုရဲမင်းက “အဓိကအတိုင်များတာကတော့ လုပ်ငန်းခွင်တွင်းဖိနှိပ်မှု၊အထောက်ထားကတ်တွေကို သိမ်းဆည်းထားပြီး လုပ်ခလစာအပြည့်ဝမပေးဘဲ အချိန်ပိုဆင်းခိုင်းတာတွေ၊ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုဖြစ်ရင်…