Author: thanlwinkhet

မကွေးတိုင်းထဲက သရက်အကျဉ်းထောင်တွင် အရေးပေါ် ဖြစ်နေသည့် လူနာ တစ်ဦးအား လူကြီးလမ်းကြောင်းရှိ သောကြောင့် အချိန်မှီ ဆေးကုသခွင့်မရ၍ စက်တင်ဘာ ၁၇ ရက်တွင် သေဆုံးသွားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှ ထုတ်ပြန်သည်။ သရက်ထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ကိုကျော်လင်းအောင်သည် စက်တင်ဘာ ၁၃ ရက်မှစတင်၍…

Read More

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၄ ရပ်ကွက်၊ အေးသာယာ ၄ လမ်းတွင် ယမန်နေ့ညက မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ည ၈ နာရီခန့်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မိနစ် နှစ်ဆယ်အကြာတွင် မြဝတီခရိုင် မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ ၎င်းက “ကျွန်တော့်ကို…

Read More

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ မာနယ်ပလော သစ်စက်ဂိတ်တွင် ဖမ်းဆီးရမိထားသည့် WY မြင်းဆေး ၅ သန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဌာနချုပ်တွင် စက်တင်လာ ၁၉ ရက် မနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။ ထို့အပြင် အဆိုပါ မူးယစ်ဆေးဝါးများ သယ်လာသူအား KNLA ရဲတပ်ဖွဲ့မှ တရားစီရင်ပြီး…

Read More

နှောင်း/ဖိုးသောကြာ မြန်မာ 3D Animation လောက၏ ပထမဆုံးလက်ရာ “ထူးထူးနဲ့ အံ့ဖွယ်ကျွန်း” ကာတွန်းဇာတ်ကား ဖန်တီးသူ ဒေါက်တာသူရသိန်းတင်သည် စားပွဲတင် တင်းနစ်ကစားရင်း နှလုံးရောဂါဖြင့် စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက ဆုံးပါးသွားခဲ့သည်။ ဒေါက်တာသူရသိန်းတင်သည် မြန်မာ့ သရီးဒီ Animation လောက၏ ရှေ့ဆောင်တစ်ဦးဖြစ်ပြီး သူတည်ထောင်သည့်…

Read More

၂၀၂၅ ဇန်နဝါရီလမှ ဩဂုတ်လအထိ ရှစ်လအတွင်း စစ်ကောင်စီက အပြစ်မဲ့ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခြင်းနှင့် ကျေးရွာများသို့ ဝင်ရောက်သတ်ဖြတ်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှု စုစုပေါင်း ၁၂၀၀ ကျော်အထိ ကျူးလွန်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ၏ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက် ထုတ်ပြန်ချက်များအရ သိရသည်။ စစ်တပ်သည် KNU…

Read More

ခင်သရဖီဦး စစ်တွေမြို့ရှိ စစ်ကော်မရှင်ရေတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာ ပေါက်တောဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးအစ ထိမှန်၍ ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၇ ရက် နေ့လယ် ၂ နာရီခွဲကျော်တွင် ပေါက်တောမြို့နယ်၊ မင်းတဲကျေးရွာသို့ စစ်ကော်မရှင် ရေတပ်မှ လှမ်းပစ်ခတ်သည့် လက်နက်ကြီး ကျေးရွာတွင်းသို့…

Read More

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စု၏ စစ်ကောင်စီမှ အမည်ပြောင်းလဲလိုက်သည့် စစ်ကော်မရှင်ကိုလည်း အကြမ်းဖက်အဖွဲ့အစည်းနှင့် ပြည်သူလူထု ရန်သူအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့က ယနေ့တွင် ကြေညာလိုက်သည်။ လာမည့် ဒီဇင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရည်ရွယ်ထားသည့် အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို…

Read More

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်တွင် တရုတ်နိုင်ငံ၏ ကြီးမားသော အင်တာနက်ဆင်ဆာစနစ်ကြီး၏ လျှို့ဝှက်ချက်များ ထွက်ပေါ်လာခဲ့ရာ အဆိုပါပေါက်ကြားမှုသည် မြန်မာနိုင်ငံအတွက် အထူးအရေးပါသည့် အချက်အလက်များကို ဖော်ထုတ်ပေးလိုက်သည်။   တရုတ်နိုင်ငံ၏ နာမည်ကျော် “Great Firewall” ဟုခေါ်သော အင်တာနက်ထိန်းချုပ်ရေးစနစ်ကြီးကို တည်ဆောက်ပုံ၊ ထိန်းသိမ်းပုံ အပါအဝင် အတွင်းပိုင်းစာရွက်စာတမ်းများ၊ ကုဒ်များနှင့်…

Read More

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က နယူးယောက်တိုင်းမ် သတင်းစာနှင့် Penguin Random House ထုတ်ဝေရေးလုပ်ငန်းတို့အား ဂုဏ်သိက္ခာ ထိခိုက်စေမှုဖြင့် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ တန်ဖိုးရှိ တရားစွဲဆိုမှုကို တင်သွင်းလိုက်ကြောင်း သိရသည်။ နယူးယောက်တိုင်းမ်သည် “မမှန်ကန်မှုများကို ဦးဆောင်ပြီး ပြောင်ပြောင်တင်းတင်း ထုတ်လွှင့်ဖြန့်ချိနေသူ” ဖြစ်လာပြီဟု စွပ်စွဲကာ ထရမ့်၏ ရှေ့နေများက…

Read More

ကရင်ပြည်နယ်၊ ဝေါ်လေဒေသတွင် မိုးသည်းထန်စွာ ရွာသွန်း၍ သောင်ရင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် ချောင်းနံဘေးတွင် စစ်ရှောင်နေသည့် အိမ်ထောင်စု ၃၀ ခန့် ရေဘေးအန္တရာယ် ထပ်မံကြုံတွေ့နေရသည်ဟု စစ်ရှောင်အရေး ကူညီသူများထံမှ သိရသည်။ “တချို့ဆို ရေက ချက်ချင်းတက်လာတော့ အိုးတွေ၊ ခွက်တွေ၊ အဝတ်အစားတွေရော စောင်တွေ၊ ခြင်ထောင်တွေကလည်း မျောသွားတော့ အခုလက်ရှိ…

Read More