Author: thanlwinkhet

သံလွင်ခက် မေ ၁၁ ၊ ၂၀၂၃ ။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ​ပင်လောင်းမြို့နယ် နယ်စပ်ရှိ တောင်စလုံးကျေးရွာတွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း  KNDF B11 မှတပ်ရင်းမှူး အန်းဂျေလို ကျဆုံးခဲ့သည်ဟု ယနေ့ညပိုင်းတွင် KNDF B11 တပ်ရင်းကသတင်းထုတ်ပြန်သည်။ တပ်ရင်းမှူး အန်းဂျေလိုသည် ပြီးခဲ့သည်ရက်ပိုင်း မေ ၈ရက်တွင် ဖြစ်ပွားခဲ့သည့်…

Read More

သံလွင်ခက် မေ ၁၁၊ ၂၀၂၃။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါအရှိန်ကြောင့် ရခိုင်ပြည်နယ်နှင့်ဧရာဝတီတိုင်းက ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု ကူညီသူများကပြောသည်။ ရခိုင့်တပ်တော် ULA/ AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးHDCO က လည်း ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်နိုင်ရန် သတိပေးထုတ်ပြန်ထားသည်။ ယနေ့နံနက်ပိုင်းမှ…

Read More

ကောင်းချစ်အောင် မေ ၁၁၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ကန်ဒေါင့်ရွာ ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ရာ  စစ်ကောင်စီဘက်မှ လက်နက်အင်အားအသာစီးဖြင့် ပြန်လည်ခုခံသောကြောင့် စခန်းမသိမ်းပိုက်နိုင်ဘဲဆုတ်ခွာခဲ့ရသည်ဟု သိရသည်။ မုံရွာ−ပုလဲ−ဂန့်ဂေါ ကားလမ်းမပေါ်တွင်တည်ရှိသည့် ကန်ဒေါင့်ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား၇၀ကျော်ခန့်တပ်စွဲနေပြီး ယခုနှစ်ဆန်းပိုင်းကတည်းက ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ရန်ကြိုးစားနေခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ အဆိုပါကန်ဒေါင့်ရဲစခန်းကို ယမန်နေ့ ည၈နာရီ…

Read More

သဇင် မေ ၁၁၊၂၀၂၃။ စစ်ကိုင်းတိုင်း ၊ခင်ဦးမြို့နယ် မူးတိမ်ချောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းမှ တပ်ဖွဲ့ဝင်၂ဦးသည် ရေဦး-ခင်ဦးကားလမ်းပေါ်သို့ ထွက်လာစဉ် ထိတွေ့မှု ဖြစ်ပွါးခဲ့သည်ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များကပြောသည်။ ယမန်နေ့ နေ့လည် ၁နာရီခန့်တွင် ရေဦး-ခင်ဦးကားလမ်းပေါ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ရောက်ရှိလာသည်ဟုကြိုတင်သတင်းရရှိသဖြင့် ဒေသခံကာကွယ်ရေးအဖွဲ့(LDF)နှင့် ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ်ပကဖ)တို့က…

Read More

သံလွင်ခက် မေ ၁၁ ၊ ၂၀၂၃ ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များအနေဖြင့် လက်နက်ခဲယမ်းနှင့်အတူ ဘက်ပြောင်းခိုလှုံလာလျှင် လက်နက်အမျိုးအစားအလိုက် ဆုကြေး နှစ်သိန်းကျပ်မှ ၇၅ သိန်းကျပ်အထိ ချီးမြှင့်သွားမည်ဟု စစ်ကောင်စီက မေလ ၉ရက် ရက်စွဲဖြင့် ကြေညာခဲ့သည်။ ထိုအခြေအနေနှင့်ပတ်သက်၍ ကာကွယ်ရေးတပ်ဖွဲ့နှင့်သော်လည်းကောင်း၊ ရဲဘော်အချင်းချင်းသော်လည်းကောင်းပြဿနာရှိလျှင် ဖောက်လွဲဖောက်ပြန်တတ်သည့်…

Read More

ယမင်းဖူးပွင့်အောင် မေ ၁၁၊ ၂၀၂၃။ ရန်ကုန်တိုင်းက မြို့နယ်တချို့တွင် အိမ်ထဲသို့ ဝင်ရောက် ဖောက်ထွင်း ခိုးယူမှုများလာသည်ဟု ဒေသခံများကပြောသည်။ ရာသီဥတု ပူပြင်းသည့်အတွက် ပြတင်းပေါက်ဖွင့်အိပ်နေမှုများကို အခွင့်ကောင်းယူကာ ပွင့်နေသည့်ပြတင်းပေါက်များမှတစ်ဆင့် ဝင်ရောက်ခိုးယူကြခြင်းဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့ တွင် သင်္ဃန်းကျွန်းမြို့နယ်က  ကပ်လျက်ရှိသော တိုက်နှစ်ခုကြား…

Read More

သံလွင်ခက် မေ ၁၁ ၊ ၂၀၂၃ ။ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုးဖမ်းဆီးမှုများကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသည့် ကေအဲန်ယူတပ်မဟာ၃ ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေသခံများမှာ အချိန်တစ်နှစ်နီးပါးကြာမြင့်လာသည်အထိ နေရပ်မပြန်ရဲကြသေးဟု ကေအဲန်ယူဗဟိုက ယနေ့တွင်ထုတ်ပြန်ထားသည်။ ကေအဲန်ယူ တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ လယ်ဒိုမြို့နယ်ရှိ ပိုးလိုနိုဖိုးကျေးရွာနှင့် လယ်ဝိုင်းကြီးကျေးရွာ၊ မူးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာတို့ရှိ…

Read More

သံလွင်ခက် မေ ၁၀ ၊ ၂၀၂၃ ။ စစ်ကောင်စီ၏စစ်ရာဇဝတ်မှုများအတွက် သြစတြေးလျ၊ ဖိလစ်ပိုင်နှင့် နယူးဇီလန်နိုင်ငံတရားရုံးတို့၌ တရားစွဲဆိုတင်ပြနိုင်ရန် ကြိုးပမ်းနေသည်ဟု NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောသည်။ NUG လူ့အခွင့်အရေး ပြည်ထောင်စုဝန်ကြီးသည် မေလ ၈ ရက်တွင် ဆစ်ဒနီမြို့ရှိ Gilbert + Tobin ဥပဒေအကျိုးဆောင်အဖွဲ့မှ…

Read More

သံလွင်ခက် မေ ၁၀ ၊ ၂၀၂၃ ။ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားရာနေရာများ ဖြစ်သည့် ခိုင်ကမ်းမြို့ရဲ စခန်းနှင့် ကလေးတက္ကသိုလ် မုခ်ဦးအနီးတို့မှ  အနည်းဆုံး တစ်မိုင်ပတ်လည်အတွင်းရှိ မိဘပြည်သူများပြောင်းရွှေ့ပေးရန် CDF CDM Siyin ကသတိပေးပြီးနောက် ဒေသခံထောင်ချီ ရှောင်တိမ်းကြသည်ဟု သိရသည်။ CDF CDM Siyin နယ်မြေအတွင်းရှိ…

Read More

သဇင် မေ ၁၀၊၂၀၂၃။ ထိုင်းနိုင်ငံရွေးကောက်ပွဲရလဒ်သည် မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် သက်ရောက်မှုရှိသည့်အတွက် အစိုးရအပြောင်းအလဲကို မျှော်လင့်မှုများရှိသည်ဟု လေ့လာသူများနှင့် ရွှေ့ပြောင်းမြန်မာအရေးဆောင်ရွက်နေသူများကသံလွင်ခက်ကို ပြောသည်။ အလုပ်သမား အခွင့်အရေးနှင့် ခံစားခွင့်များပိုရနိုင်သည့်အတွက် အထွေထွေရွေးကောက်ပွဲတွင် ဖြူးထိုင်းပါတီအနိုင်ရရှိရေး  မြန်မာရွှေ့ပြောင်းအလုပ်သမားများက မျှော်လင့်မှုများရှိသည်ဟု ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီသူ ကိုသားကြီးက ပြောသည်။ ကိုသားကြီးက “အာဏာသိမ်းစစ်တပ်ပါတီကလွဲရင် အခြားပါတီတွေဟာ မြန်မာနိုင်ငံအပေါ်မှာ ဒီမိုကရေစီစံနှုန်းနဲ့အညီ…

Read More