သဇင် မေ ၁၅ ၊ ၂၀၂၃ ။ မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းနေချိန်၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် မိုးရေထဲနာရီပေါင်းများစွာ ထွက်ပြေးရှောင်တိမ်းခဲ့ရသဖြင့် ခင်ဦးစစ်ရှောင်အဖွားတစ်ဦး အမောဖောက်လှဲကျခဲ့သည်ဟု သိရသည်။ ယမန်နေ့ (မေလ ၁၄)ရက် နံနက်၆နာရီခန့်တွင် မိုးသည်းထန်စွာရွာသွန်းနေချိန် ခင်ဦးမြို့နယ် အနောက်ခြမ်းကျေးရွာများသို့ အင်းပတ်ကွေ့ဈေးတန်းတွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီတပ်…
Author: thanlwinkhet
ယမင်းဖူးပွင့်အောင် မေ ၁၅၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် လေပြင်းမုန်တိုင်းတိုက်ခတ်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ပြည်သူများ တိမ်းရှောင်နေကြရပြီး ယခုအချိန်အထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးဟု ဒေသခံများက ပြောသည်။ ကနီဒေသတွင် မိုခါမုန်တိုင်းအရှိန်ကြောင့် လေပြင်းမုန်တိုင်းတိုက်ခတ်ကာ မိုးသည်းထန်စွာ ရွာသွန်းနေသည်မှာ ၂ရက်ခန့်ရှိပြီဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကနီမြို့အောက်ဘက်…
မိုခါမုန်တိုင်းဒဏ်ခံ ဒေသများအတွက် NUG က ထောက်ပံ့မည့် အမေရိကန်ဒေါ်လာတစ်သန်း (ကျပ်သိန်းသုံးသောင်းဝန်းကျင်) ဖြင့် ကူညီထောက်ပံ့မှုများ စတင်ပြုလုပ်နေပြီဟု သိရသည်။ မေလ ၁၄ နှင့် ၁၅ ရက်တို့တွင် ဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့်ခဲ့သော ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ရိုဟင်ဂျာဒုက္ခသည်များစခန်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း…
ကောင်းချစ်အောင် မေ ၁၆၊ ၂၀၂၃။ မြင်းခြံမြို့နယ်၊ နယ်ခြားကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ရန်ကြိုးစားခဲ့သော်လည်း မိုးရေကြောင့် လက်လုပ်သေနတ်အများစု ပစ်မရတော့သောကြောင့် ပြန်လည်ဆုတ်ခွာလာခဲ့ရသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ နယ်ခြားကျေးရွာတွင် စစ်ကောင်စီနှင့် ပျူစောထီး ခန့်မှန်းအင်အား ၂၀ ဝန်းကျင်ခန့် တပ်စွဲနေခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့များက မေလ၁၃ရက်၊ နံနက် ၃နာရီခန့်က စတင်ချဉ်းကပ်တိုက်ခိုက်ခဲ့သည်ဟု…
သံလွင်ခက် မေ ၁၆၊ ၂၀၂၃။ မိုခါ မုန်တိုင်းကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် တည်ရှိသည့် စစ်ရှောင်စခန်းနှစ်ခုက နေအိမ်များ ပျက်စီးသွားသည်ဟု စစ်ရှောင်တာဝန်ခံများက ပြောသည်။ မေလ ၁၄ ရက်နေ့ညက တိုက်သည့် မိုခါကြောင့် မဂါ့ယန် (Maga yang) စစ်ရှောင်စခန်းက နေအိမ် ၁၈…
သဇင် မေ ၁၆၊၂၀၂၃။ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေး မီးဘေးနှင့် သဘာဝဘေးသင့် ပြည်သူများအတွက် Solar Power Station-SPS ကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ Solar Power Stationကို ပြီးခဲ့သည့် ဧပြီလအစပိုင်းက စတင်ထုတ်လုပ်ခဲ့ရာ…
သံလွင်ခက် မေ ၁၆ ၊ ၂၀၂၃ ။ မိုခါဆိုင်ကလုန်းမုန်တိုင်း မဝင်ရောက်မီရက်ပိုင်းအတွင်း၌ စစ်ကောင်စီတပ်စစ်ကြောင်း၏ မီးရှို့ဖျက်ဆီးခြင်းကိုခံလိုက်ရသည့် ခင်ဦးဒေသခံ ၂၀၀၀ ကျော်တို့သည် မုန်တိုင်းကာလပြီးသည်အထိ နေရပ်မပြန်နိုင်သေးဘဲ နေစရာနှင့် စားစရာများအရေးပေါ်လိုအပ်နေသည်ဟု ကူညီပေးနေသူများထံမှ သိရသည်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ဧရာဝတီမြစ်အနောက်ဘက် ရှိ ကျေးရွာများ ဖြစ်သော…
သံလွင်ခက်။ မေ ၁၆ ၊ ၂၀၂၃။ မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ရိုဟင်ဂျာဒုက္ခသည်စခန်းများမှ လူ ၄၀၀ ကျော် သေဆုံးခဲ့သည်ဟု ဒေသခံအချို့ထံမှ သိရပြီး လတ်တလောတွင် ရုပ်အလောင်း ၄၀ ကျော် တွေ့ထားသည်ဟု AFP သတင်းဌာနတွင် ဖော်ပြထားသည်။ မုန်တိုင်းဒဏ်ကြောင့်…
ယမင်းဖူးပွင့်အောင် မေ ၁၆၊ ၂၀၂၃။ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီး ထိမှန်မှုကြောင့် စစ်ဘေးရှောင်ပြည်သူနှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။ ယမန်နေ့ ညနေ ၅ နာရီခန့်တွင် စဉ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်နက်ကြီး ထိမှန်မှုကြောင့်…
သံလွင်ခက် မေ ၁၆၊ ၂၀၂၃။ မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်တွင် အိမ်ဆောက်ပစ္စည်းဈေးများ အဆမတန် တိုးမြင့်လာသည်ဟု ဒေသခံများထံမှ သိရသည်။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာတွင် အိမ်အမိုးသွပ်များ ဝယ်ယူရန် ခက်ခဲနေပြီး မိုးကာများနှင့် အိမ်အမိုးသွပ်များ ဈေးနှုန်း အဆမတန် မြင့်တက်နေသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက သံလွင်ခက်ကို…