Author: thanlwinkhet

ကောင်းချစ်အောင် မေ၂၅၊ ၂၀၂၃။ NUGက ထိထိရောက်ရောက်အရေးယူရန်သက်မှတ်ထားသည့် စစ်ကောင်စီထောက်တိုင် ကုန်ပစ္စည်းအမှတ်တံဆိပ်ကို NUG လက်အောက်ခံ ပအဖ တပ်ဖွဲ့ဝင်များက ငွေယူ၍ ဧရာဝတီမြစ်အတွင်း သင်္ဘောကြီးများဖြင့်ပါသယ်ဆောင်ခွင့်ပေးနေသည်ဟု သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်း မေလ၂၂ရက်တွင် စစ်ကိုင်းတိုင်း၊ ရေစကြိုမြို့နယ် ဧရာဝတီမြစ်ကြောင်းအတွင်း၌ မောင်းနှင်းလာသည့်  မင်းသူ‌အောင်-၁နှင့် ရေဘုရင်ကြီး-၅  ကုန်စည်တင်သင်္ဘောနှစ်စီးကိုLocal PDF များက…

Read More

ကောင်းချစ်အောင် မေ ၂၅၊ ၂၀၂၃။ မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အထက၂စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ယမန်နေ့တွင်ဒရုန်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ အဆိုပါကျောင်းတွင် စစ်ကောင်စီတပ်သား အင်အား၁၀၀ခန့်ဝန်းကျင် တပ်စွဲနေကြပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမန်ကျည်းကန်၊ ကန်ကြီး၊ မင်းသားကျစသည့် မြိုင်မြို့နယ်အတွင်းကရွာများကို ဖျက်ဆီးမီးရှို့မှုများလုပ်ဆောင်ခဲ့သူများဖြစ်သည်ဟုသိရသည်။ ထို့ကြောင့် စစ်ကောင်စီတပ်သားများကို ဒရုန်းနှစ်စီးဖြင့် နှစ်ကြိမ်ဗုံးသီးများကြဲချခဲ့ပြီး…

Read More

သံလွင်ခက်။ မေ ၂၅၊ ၂၀၂၃။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က လေကြောင့်ဖြင့် ၆ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုများရှိသည်ဟု ဒေသခံများထံက သိရသည်။ ယမန်နေ့ မေ ၂၄ ရက် ည ၉ နာရီခွဲအကျော်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။…

Read More

သံလွင်ခက် မေ ၂၅ ၊ ၂၀၂၃ ။ ဒေါလျားခူ နှင့် တနီးလာလဲ တောင်ပေါ်တစ်ကြောတွင် ယခုလ မေ ၁၄ရက်မှ ၂၃ရက်ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၄၀ နီးပါးသေဆုံး၍ နှစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟုKNDF က ထုတ်ပြန်သည်။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်…

Read More

သံလွင်ခက် မေ ၂၄ ၊ ၂၀၂၃ ။ ရန်ကုန်တွင် မီးပျက်မှု၊ မီးမမှန်မှုအကြောင်းများကို လူမှုကွန်ရက်၌ Live လွှင့် ပြောဆိုခဲ့သည့် အဆိုတော်ဗျူဟာကိုဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် ချန်နယ်များက ပုံများနှင့်တကွ ဖော်ပြထားသည်။ ကိုယ်ပိုင်ရေး တေးသီချင်းများ၊ ပြန်ဆိုတေးများဖြင့် ပရိတ်သတ်အားပေးမှုများနေသည့် အဆိုတော် ဗျူဟာသည်ယမန်နေ့ညပိုင်း၌ ” ရန်ကုန်…

Read More

သဇင် မေလ ၂၄၊ ၂၀၂၃။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲချခဲ့သည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ယနေ့တွင် ထုတ်ပြန်ထားသည်။ ယမန်နေ့ (မေလ ၂၃) ရက်၊ ည ၉ နာရီခွဲခန့်တွင် စစ်ကောင်စီလေတပ်မှ မိုးဗြဲစစ်ဘေးရှောင်စခန်းအားတိုက်လေယာဉ်ဖြင့် (၂) ကြိမ် လာရောက်ဗုံးကြဲချခဲ့ရာ…

Read More

သံလွင်ခက်။ မေ ၂၄ ၊ ၂၀၂၃။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မန်ကျည်းစုကျေးရွာရှိ နေအိမ်များ မီးရှို့ခံရသည့်ဖြစ်စဉ်အတွင်း လေဖြတ် ရောဂါခံစားနေရသည့် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ကျောက်ကန်ကျေးရွာမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မန်ကျည်းစုကျေးရွာရှိနေအိမ်များကိုယနေ့ မေလ ၂၄ ရက် နံနက် ၂ နာရီဝန်းကျင်တွင်…

Read More

ယမင်းဖူးပွင့်အောင် မေ ၂၄၊ ၂၀၂၃။ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးဝင်ရောက်၍ ဒေသခံ ၁၀ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများထံက သိရသည်။ တနင်္သာရီမြို့နယ်၊ တုံးဗျောကျေးရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပနပ်ငယ်ကျေးရွာနှင့်ဘန်းလမွတ်ကျေးရွာသို့ ယမန်နေ့က စစ်ကြောင်းထိုး ဝင်ရောက်၍  ဒေသခံ ဆယ်ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက…

Read More

ကောင်းချစ်အောင် မေ ၂၄၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် လှတောရွာအနီးတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်ပေါ်လိုက်ပါလာသည့် အမျိုးသားနှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံများမှတစ်ဆင့် သိရသည်။ စစ်ကောင်စီတပ်များသည် စစ်ကိုင်းမြို့နယ် ဆား‌တောင်မြို့မှတစ်ဆင့် လှတောရွာသို့  ယမန်နေ့နံနက်ပိုင်းက ကားနှစ်စီးဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး ဖြတ်သန်းသွားလာသည့် အမျိုးသားနှစ်ဦး စီးနင်းလိုက်ပါလာသော ဆိုင်ကယ်တစ်စီးကို ဖမ်းဆီးခဲ့သည်။…

Read More

သံလွင်ခက်။ မေ ၂၄၊ ၂၀၂၃။ မိုခါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်တွင် ကူညီကယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသူများကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများထံက သိရသည်။ ယမန်နေ့ မေလ ၂၃ရက် နေ့လယ်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မုန်တိုင်းသင့်ပြည်သူများကို ကူညီကယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်သွားသည့် စာရေးဆရာ ကိုဝေဟင်အောင်အပါအဝင် ၅ ဦးကို…

Read More