လွယ်ဂျယ်မြို့ကို KIA အပြီးသတ်သိမ်းပိုက် ******** ထွယ် ဧပြီ ၉၊ ၂၀၂၄။ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ တရုတ် – မြန်မာ နယ်စပ် လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်ပူးပေါင်းတပ်က ၁၂ ရက်ကြာ ထိန်းချုပ်ထားပြီးနောက် ယနေ့နံနက်တွင် မြို့ကို အပြီးတိုင် သိမ်းပိုက်လိုက် ပြီဟု…
Author: thanlwinkhet
လက်နက်ကြီးကြောင့် ကျောက်ကြီးဒေသခံ ၁ ဦးသေဆုံး *** သံလွင်ခက် ဧပြီ ၉ ၊ ၂၀၂၄။ ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင် ( ခလယ်ထွီထူခရိုင် ) ၊ ကျောက်ကြီး မြို့နယ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သဖြင့် ဒေသခံ…
TNLA က ဆေးရုံ ၃ ရုံအထိ ပြန်လည်ဖွင့်လှစ်ထားနိုင် **** ယမင်းဖူးပွင့်အောင် ဧပြီ ၈၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA က ဆေးရုံ ၃ရုံအထိ ပြန်လည်ဖွင့်လှစ်လည်ပတ်နိုင်ပြီဖြစ်သည်ဟု TNLA နှင့် နီးစပ်သူများထံက သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” အတွင်း…
https://youtu.be/d6dpAvUa800 ကရင်ပြည်နယ်တိုက်ပွဲတွေရဲ့ ရလဒ်တွေထဲမှာ ဖာပွန်မြို့ကို သိမ်းပိုက်နိုင်တာဟာ ခွန်အားတက်စရာဖြစ်ခဲ့ရပါတယ်။ ဖာပွန်ဒေသဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၇၀ နီးပါးကတည်းက စွန့်လွှတ်ခဲ့ရတာပါ။ တပ်မဟာ အသီးသီးက ထိုးစစ်တွေကြားမှာတော့ နယ်မြေစိုးမိုးရေးလုပ်ဆောင်မှုတွေဟာ ပိုမို အသက်ဝင်လာခဲ့ရပါတယ်။ ဓါတ်ပုံ – KNU နယ်မြေအတွင်းက စစ်ဘေးရှောင်များ၏ ပညာရေး
စာရွက်စာတမ်းများသယ်ဆောင်ရန် စစ်ကောင်စီအကူအညီတောင်းထားဟု ထိုင်းဗိုလ်မှူးချုပ်ပြော ******* သံလွင်ခက် ဧပြီ ၈၊ ၂၀၂၄။ မြဝတီမြို့ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်လိုက်နိုင်ပြီးနောက် မြဝတီတွင်ကျန်ရှိနေသည့် ထိခိုက်လွယ်အုပ်စုများနှင့် အရေးကြီးစာရွက်စာတမ်းများ ပြန်လည်သယ်ဆောင်ခွင့်ပြုရန် မြန်မာစစ်ကောင်စီက ထိုင်းအာဏာပိုင်များကို အကူအညီတောင်းထားသည်ဟု ခြေလျင်တပ်မ ၄ ၏ ဗိုလ်မှူးချုပ် Narongrit Panikabut က ယနေ့…
နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မည်ဟု မွန်အခြေပြု ၃ ဖွဲ့ဆို *************** သဇင် ဧပြီ ၈၊၂၀၂၄။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ရန်နှင့် အချုပ်အခြာအာဏာပြည့်ဝသော မွန်ပြည်ထူထောင်နိုင်ရန်အတွက် မဟာမိတ်တပ်များအဖြစ် နိုင်ငံရေးနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။ ယမန်နေ့ ဧပြီလ ၇ ရက်တွင် မွန်ပြည်သူများ၏ သဘောဆန္ဒကိုဦးထိပ်ထားပြီး မွန်နိုင်ငံရေးနှင့် မွန်တော်လှန်ရေး အင်အားစုများအကြားညီညွတ်စေရန်၊…
ဘူးသီးတောင်ခြေမြန်တပ်ရင်း ဒုတပ်ရင်းမှူးဖမ်းဆီးခံရ ****** ခင်သရဖီဦး ဧပြီ ၈၊ ၂၀၂၄။ ရက္ခိုင့်တပ်တော် AA ထံ လက်နက်ချအညံ့မခံဘဲထွက်ပြေးသွားသည့် ဒုတပ်ရင်းမှူး ၁ ဦးအား AA က အရှင် ဖမ်းမိထားသည်ဟု ယမန်နေ့ ဧပြီလ ၇ ရက်တွင်ထုတ်ပြန်သည်။ ဖမ်းဆီးရမိသူသည် ဘူးသီးတောင် ၊ စကခ…
ထိုင်း – မြန်မာနယ်စပ်တွင် ဒုတိယကမ္ဘာစစ်လက်ကျန် ဥမင်လှိုဏ်ခေါင်းတွေ့ရှိ ****** သံလွင်ခက် ဧပြီ ၈၊ ၂၀၂၄။ ထိုင်း – မြန်မာနယ်စပ် ဘုရားသုံးဆူ – စံခလဘူရီ အဝေးပြေးလမ်းမကြီးအနီးတွင် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်များဖောက်လုပ်ခဲ့သည်ဟုယူဆရသည့် ဥမင်လှိုဏ်ခေါင်းတစ်ခုတွေ့ရှိခဲ့သည်ဟု သိရသည်။ အဆိုပါဥမင်လှိုဏ်ခေါင်းသည် ထိုင်းနိုင်ငံ စံခလဘူရီ၊ စံခလယ်ကျေးရွာအနီးတွင်တည်ရှိပြီး ဂျပန်များ…
မောင်တောမြို့ကို စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ ***** ခင်သရဖီဦး ဧပြီ ၈၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း စစ်အင်အားဖြည့်တင်းနေသည်ဟု ဒေသခံများထံက သိရသည်။ မောင်တောတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် လက်အောက်ခံဝန်ထမ်းတချို့ ထွက်ပြေးသွားပြီးနောက် စစ်ကောင်စီတပ်အနေဖြင့် အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။ မောင်တောဒေသခံ ၁ ဦးက “ရေလမ်းကနေပို့နေတာ တွေ့ရတယ်။…
စစ်ကောင်စီတပ်ဖွဲ့ဝင်များအားသွားခေါ်သည့်လေယာဥ် လူမပါဘဲပြန်ထွက်ခဲ့ရ ******* သံလွင်ခက် ဧပြီ ၈၊ ၂၀၂၄။ ပြီးခဲ့သောရက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက မြဝတီမြို့အနီးဝန်းကျင်ကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက် မြဝတီမြို့ က မြန်မာစစ်ကောင်စီအဆင့်မြင့်အရာရှိကြီးများနှင့် တပ်ဖွဲ့ဝင်များကို တာခ့်ခရိုင်၊ မဲဆောက်အပြည်ပြည်ဆိုင်ရာ လေဆိပ်တဆင့် မြန်မာနိုင်ငံသို့ လေကြောင်းခရီးစဥ်ဖြင့်သယ်ယူခွင့်ပြုရန် မြန်မာအာဏာပိုင်များက ထိုင်းအာဏာပိုင်များအား တောင်းဆိုခဲ့သည်။ မြဝတီမြို့သည် ထိုင်းနိုင်ငံ မဲဆောက်မြို့အနီးရှိနယ်စပ်မြို့ဖြစ်ပြီး မြန်မာစစ်ကောင်စီက…