ရခိုင်ပြည်နယ်တွင် လူမျိုးရေးပဋိပက္ခဖြစ်စေရန် စစ်ကောင်စီဖန်တီးနေ ***** စကားမောင် ဧပြီ ၂၅ ၊ ၂၀၂၄။ ရခိုင်ပြည်နယ်အနှံ့အပြားတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် – AA တို့ကြားတိုက်ပွဲများပြင်းထန်နေပြီး လူမျိုးရေးပဋိပက္ခများဖြစ်စေရန် ဖန်တီးမှုများလည်းရှိနေသည်ဟု သတင်းရင်းမြစ်များထံကသိရသည်။ စစ်ကောင်စီအုပ်ချုပ်မှုယန္တရားအောက်ရှိဒေသများက ရိုဟင်ဂျာလူမျိုးများအား ဖိအားပေးဆန္ဒပြခိုင်းခြင်း၊ AA ကို မထောက်ခံကြောင်း လက် မှတ်ရေးထိုးခိုင်းခြင်း၊…
Author: thanlwinkhet
မပေါက်ကွဲသေးသည့်လက်နက်အကြွင်းအကျန်များ KNA ရှင်းလင်း ****** သဇင် ဧပြီ ၂၅၊၂၀၂၄။ မြဝတီမြို့ ၊ ထိုင်း – မြန်မာချစ်ကြည်ရေး အမှတ် ၂ တံတားအနီး ဖြစ်ပွားခဲ့သော နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း မပေါက်ကွဲဘဲကျန်ရှိနေသေးသည့် လက်နက်အကြွင်းအကျန်များကို ကရင်အမျိုးသားတပ်မတော် – KNA တပ်ဖွဲ့က ရှင်းလင်းနေသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။…
ကရင်လက်နက်ကိုင်များနှင့် ကျားဖြန့်အရှုပ်အထွေး ****** ကောင်းချစ်အောင် ဧပြီ ၂၅၊ ၂၀၂၄။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာရှိတဲ့ တရုတ်အခြေစိုက်ဂိုဏ်းတွေရဲ့ ရာဇ၀တ်မှုဆိုင်ရာကျူးလွန်မှုတွေအတွက် အဓိကနေရာဖြစ်နေတာ အချိန်ကာလကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် အဲဒီဂိုဏ်းတွေဟာ သူတို့အတွက်အကာအကွယ်တွေကင်းမဲ့လာမယ်ဆိုရင် မြန်မာပြည်တွင်းထဲက တခြားနေရာ ဒါမှမဟုတ် နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းဖို့ အမြဲအသင့်ဖြစ်နေခဲ့ပါတယ်။ စနစ်တကျဖွဲ့စည်းထားတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း လုံခြုံရေးဆိုင်ရာပြဿနာတစ်ခုကို တကျော့ပြန်ရင်ဆိုင်လာရပြန်ပါတော့တယ်။…
တပ်မဟာ ၅ နယ်မြေတွင် ၁၅ ရက်အတွင်း တိုက်ပွဲ ၈၃ ကြိမ်ဖြစ်ပွား ******* နန်းဆုပန်ခန့် ဧပြီ ၂၅၊ ၂၀၂၄။ ကေအဲန်ယူထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၅ ၊ မူတြော်ခရိုင်၌ ဧပြီ ၁ ရက်ကနေ ၁၅ ရက်အတွင်း တိုက်ပွဲပေါင်း ၈၃ ကြိမ်ဖြစ်ပွားခဲ့သည်ဟု…
မြဝတီမြို့တွင်းကို စစ်ကောင်စီတပ်သားများဝင်ရောက် ****** ထွယ် ဧပြီ ၂၅၊ ၂၀၂၄။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အထွက် KNLA၊ PDF ပူးပေါင်းတပ်များသိမ်းပိုက်ထားနိုင်သည့် ခြေလျင်တပ်ရင်း ခလရ – ၂၇၅ ကို စစ်ကောင်စီတပ်သားအချို့က မြန်မာနိုင်ငံတော်အလံလွှင့်ထူပြီးနောက် ယနေ့နံနက် ၉ နာရီ ခန့်က မြဝတီမြို့တွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက်လာသည်အား တွေ့ရှိခဲ့ရသည်ဟု…
စစ်ကောင်စီမောထတပ်စခန်းအား KNLA ပူးပေါင်းအဖွဲ့သိမ်းပိုက် ***** သဇင် ဧပြီလ ၂၅၊ ၂၀၂၄။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ မောထစစ်ကောင်စီတပ်စခန်းကို KNLA၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက် နိုင်ခဲ့သည်ဟု စစ်ရေးနီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။ မောထတပ်စခန်းသည် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး မြိတ် – ထားဝယ်ခရိုင်…
UID ကတ်ဆိုတာဘာလဲ? ******* ယမင်းဖူးပွင့်အောင် ဧပြီ ၂၄၊ ၂၀၂၄။ လာမည့် မေလ ၁ ရက်ကစ၍ UID ကတ်(စမတ်ကတ်) ရှိမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ထုတ်ပေးမည် ဖြစ် သည်ဟု ပြီးခဲ့သည့် ဧပြီ ၅ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်းနှင့်…
အမှတ် ၂ တံတားနေရာကပင် ဆုတ်ခွာခဲ့ခြင်းဖြစ်ပြီး ကျန်နေရာများတွင် ပုံမှန်အတိုင်း စိုးမိုးထားလျက်ရှိဟု KNU ဆို **************** အေကေ။ ဧပြီ ၂၄ ၊ ၂၀၂၄။ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ထိုင်း−မြန်မာချစ်ကြည်ရေး တံတား အမှတ် (၂) နေရာကပင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF…
https://youtu.be/ofc73MtqXfI ဧပြီလ ၁၉ရက် ညဦးပိုင်းကစတဲ့ မြဝတီမြို့တိုက်ပွဲဟာ ၃၆ နာရီဝန်းကျင်ကြာမြင့်ခဲ့ပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တနေ့လုံးနီးပါး တိုက်ခိုက်ခဲ့ကြတာပါ။ စစ်ကောင်စီက လေကြောင်းနေ ဗုံးအလုံးရေ ၂၀၀ ကျော် ကြဲချခဲ့သလို ဒေသခံတွေလည်း သေဆုံးခဲ့ရပါတယ်။ ဓါတ်ပုံ – မြဝတီအမှတ်တံတား ၂…
ကောင်းချစ်အောင် ဧပြီ ၂၄၊ ၂၀၂၄။ ထိုင်း-မြန်မာကုန်သွယ်ရေးအတွက် ဒုတိယအကြီးဆုံးဝင်ပေါက်ဖြစ်တဲ့ မြဝတီမြို့တပ်နယ်ရဲ့ အရေးပါဆုံး သင်္ကန်း ညီနောင်ဗျူဟာတစ်ခုလုံးကို ဧပြီလ ၅ ရက်ပါသိမ်းပိုက်နိုင်ခဲ့သလို နော်ကဆုံးကျန်နေတဲ့ မြို့စောင့်တပ် ခလရ ၂၇၅ ကိုလည်း ဧပြီလ ၁၁ ရက်မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား…