ကောင်းချစ်အောင် ဇူလိုင် ၄၊ ၂၀၂၄ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းဟာ စစ်ကောင်စီ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံတပ်ရင်းတွေရှိတဲ့ နောင်ချို၊ ကျောက်မဲမြို့နယ်တွေမှာ အရှိန်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာလည်း အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ထားတဲ့ လားရှိုးမြို့ကိုလည်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA တပ်တွေက တိုက်ခိုက်မှုတွေ စတင်လာနေပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့အတူ…
Author: thanlwinkhet
သဇင် ဇူလိုင် ၄၊၂၀၂၄။ မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင်းတိုက်ပွဲများကြောင့် မိုးကုတ်မြို့မှမန္တလေးဘက်သို့ တိမ်းရှောင်နေသူများ မိုးကုတ်- မန္တလေးလမ်းပိုင်းတွင် ကားအစီးရေ (၅၀၀) ခန့် ပိတ်မိနေသည်ဟု ဒေသခံများထံမှ သိရသည်။ “ဇရပ်ကွင်းကျေးရွာအုပ်စုမှာ ပိတ်မိနေတာ။ အောက်ဆင်းမယ်ဆိုတော့ ဇရပ်ကွင်းက ပိတ်ထားတယ်အပေါ်ကို တက်ပြန်တော့လည်း ခလရ-၁၄၈ က ပိတ်ထားတယ်။ ကြားထဲမှာ ရှေ့တိုးမရ…
https://youtu.be/pebX1Uuv9FQ သံလွင်ခက် ဇူလိုင် ၄၊ ၂၀၂၄။ ကရင်ပြည်နယ် ဒေသခံ ကလေးငယ်တွေဟာ စာသင်ကျောင်းတွေနဲ့ ဝေးကွာနေခဲ့တာ သုံးနှစ်ကျော် ရှိခဲ့ပါပြီ။ ကြားကာလ သင်ကြားမှုပုံစံအသီးသီးနဲ့ ပညာရေးရှေ့ဆက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ မပြီးဆုံးသေးတဲ့ တိုက်ပွဲတွေကြောင့်လည်း အတည်တကျ စာသင်ယူခွင့်ရဖို့ မလွယ်ကူးသေးတဲ့ အခြေအနေတွေ ရှိနေတာပါ။ Photo- ယခုစာသင်နှစ်တွင်…
ယမင်းဖူးပွင့်အောင် ဇူလိုင် ၄၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA တို့တိုက်ပွဲပြင်းထန်နေပြီး ပစ်ခတ်မှုများကြောင့် ဒေသခံ ၅ ဦးထိခိုက်သေဆုံးခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။ “စစ်တပ်ကပစ်တဲ့ဟာပဲ ကျွန်တော်တို့အိမ်နားမှာကို လေးငါးလုံးရှိနေပြီ။ နှစ်ရက်ပဲရှိသေးတာကို လူသေတာလည်း တော်တော်များနေပြီ။ အခြေအနေကတော့ တော်တော်မကောင်းဘူး။ ဟိုဘက်ကတောင် မြို့ထဲဝင်မတိုက်သေးပဲ…
စကားမောင် ဇူလိုင် ၃၊ ၂၀၂၄။ ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်ခွင့်နှင့် ခရီးသွားလာရန် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ်ကို ပြုလုပ်သူနည်းပါးသည့်အကြောင်းပြချက်ဖြင့် ထိုင်းအစိုးရက ရပ်စဲလိုက်ခြင်းကြောင့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ ပိုမိုအခက်အခဲဖြစ်သွားမည်ဟု အလုပ်သမားအရေးလှုပ်ရှားသူများထံမှ သိရသည်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိတယ်။ စီအိုင်ရပြီး လူတွေကလည်း စီအိုင်သက်တမ်းကုန်သွားရင် ပြန်တိုးဖို့ ကြိုးစားဖို့ရှိသလို…
ထွယ် ဇူလိုင် ၃၊ ၂၀၂၄ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဥရုချောင်းရေကြီးရေလျှံမှုတွေဖြစ်ပေါ်ပြီး အရေးပေါ်ကယ်ဆယ်ရေးအတွက် အသက်ကယ်လှေများနှင့် အသက်ကယ်အင်္ကျီများ လိုအပ်လျက်ရှိနေသည်ဟု ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ ဝင်များက ပြောသည်။ “လက်လှမ်းမီသလောက် ရံပုံငွေမရှိဘူး။ စပိဘုတ် (Speed Boat) တွေ ဝယ်ဖို့ပေါ့နော်။ ဒီဘက်မှာ များသောအားဖြင့် ပရဟိတသမားတွေမှာ လက်လှော်တဲ့လှေပဲရှိတာ။…
သံတွဲမြုံပြင်ရွာ ဗုံးကြဲခံရပြီး ၁၄ နှစ်အရွယ်ကလေးတစ်ဦးအပါ ဒေသခံ ၅ ဦးထိခိုက် ************** ခင်သရဖီဦး ဇူလိုင် ၃၊ ၂၀၂၄ ရခိုင်ပြည်၊ သံတွဲငပလီတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြုံပြင်ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲခဲ့သဖြင့် အသက် ၁၄ နှစ် အရွယ်ကလေးတစ်ဦးအပါ ဒေသခံအမျိုးသမီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ…
ရေဖြူတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အထိအခိုက်ရှိ ************ သဇင် ဇူလိုင် ၃၊၂၀၂၄ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အထူးစီပွားရေးဇုန်ဒေသရှိ လဲရှောင်ရွာအနီး စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာသောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ကာကွယ်ရေးဘက်မှ သုံးဦးထက်မနည်းကျဆုံးကာ စစ်ကောင်စီဘက်ကလည်း လေးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိသည်ဟု ဒေသခံများထံမှသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁ ရက်တွင် အထူးစီးပွားရေးဇုန်အနီးရှိ ခမောင်းချောင်းရွာမှ လဲရှောင်ကျေးရွာသို့…
လားရှိုးမြို့အနီးတိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ခြောက်ဦးသေဆုံး ********* ယမင်းဖူးပွင့်အောင် ဇူလိုင် ၃၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီးတွင် စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA တို့ကြားတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံခြောက်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ယနေ့နံနက်အစောပိုင်းကလည်း လားရှိုးမြို့၊ ရပ်ကွက် (၁) သာယာလမ်းထဲရှိ နေအိမ်တစ်လုံးကို လက်နက်ကြီးကျ ရောက်ပေါက်ကွဲခဲ့ရာ…
တစ်ပတ်အတွင်း ကျောက်မဲမြို့နေပြည်သူ ၄,၀၀၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်ရ ********** ယမင်းဖူးပွင့်အောင် ဇူလိုင် ၂၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် တစ်ပတ်အတွင်း စစ်ရှောင်ပြည်သူ လေးထောင်ကျော်ရှိလာပြီဖြစ်သည်ဟု မြေပြင်သတင်းကောက်ယူနေသည့် လူမှုအဖွဲ့အစည်းများထံက သိရသည်။ ကျောက်မဲမြို့နေ ပြည်သူများ၏ ၄၀ ရာခိုင်နှုန်းခန့်က ကျောက်မဲမြို့အနီးကျေးရွာများအပြင် ပြင်ဦးလွင်၊ မန္တလေး၊ တောင်ကြီး၊…