သံလွင်ခက် ဩဂုတ် ၁၅၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် EAOs အဖွဲ့များ၏ မြို့ရွာများအပေါ် တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံ အနေဖြင့် ဆန့်ကျင်ကန့်ကွက်ကြောင်းပြောဆိုမှုသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး H.E.Mr Wang Yi ၏ပြောဆိုမှု မဟုတ်ဘဲ စစ်ကောင်စီ၏ အာဘော်သာဖြစ်သည်။ မြန်မာနိုင်ငံသို့ ယမန်နေ့ မနက်ပိုင်းတွင်ရောက်ရှိနေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး H.E.Mr Wang…
Author: thanlwinkhet
သံလွင်ခက် ဩဂုတ် ၁၅၊ ၂၀၂၄။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ၉ လ အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက် ည ၈…
ယမင်းဖူးပွင့်အောင် ဩဂုတ် ၁၃၊ ၂၀၂၄။ မန်း- PDF အနေဖြင့် ရှမ်း-မန်းစစ်ဆင်ရေးတွင် ရည်မှန်းထားသည့် စစ်ရေးပစ်မှတ်များ၏ ၈၀ ရာခိုင်နှူန်းခန့်ကို အောင်မြင်အောင်ဖော်ဆောင်ထားနိုင်ပြီဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက ထုတ်ပြန်သည်။ ထိုသို့ စစ်ဆင်ရေးများကိုအောင်မြင်စွာဖော်ဆောင်နိုင်ခြင်းသည် MDY-PDF နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များ၏ အခန်းကဏ္ဍသည် အရေးပါသောနေရာမှပါဝင်နေသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ မန်း-PDF နှင့်အတူ ကျောက်ဆည်ခရိုင်…
ယမင်းဖူးပွင့်အောင် ဩဂုတ် ၁၃၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် EPC ရုံးဝန်းအတွင်းရှိ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ယနေ့တွင်ထုတ်ပြန်သည်။ ယမန်နေ့ ည ၁၁ နာရီဝန်းကျင်တွင် လေယာဉ်ဖြင့် သုံးကြိမ်လာရောက်ပြီး ဗုံး ၆ လုံးကြဲချခဲ့ခြင်းကြောင့် အသက် (၃၀) အရွယ်ဒေသခံ…
သံလွင်ခက် ဩဂုတ် ၁၂ ၊ ၂၀၂၄။ ပြည်သူတရပ်လုံး၏ဆန့်ကျင်မှုများကြောင့် စစ်အာဏာရှင်ချုပ်ငြိမ်းကွယ်ပျောက်တော့မည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။ ယနေ့ ဩဂုတ်လ ၁၂ ရက်တွင် ကျရောက်သည့် ၇၄ နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပေးပို့သောသဝဏ်လွှာ၌ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း…
သံလွင်ခက် ဩဂုတ် ၁၂၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြေက်ရေးတပ်မတော်-TNLA တို့ကြားတိုက် ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၈ ကြိမ်ပြုလုပ်ခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။ ယမန်နေ့က TNLA နှင့် စစ်ကောင်စီတပ်တို့အကြား နောင်ချိုမြို့နယ် တောင်ခမ်းနှင့် မက်မန်းတောကျေးရွာတို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။ တောင်ခမ်းရွာတွင် စစ်ကောင်စီ…
သဇင် ဩဂုတ် ၁၁၊ ၂၀၂၄။ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်ဇရပ်ကြီးမြို့တွင် စစ်ကောင်စီတပ်၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ဘေးရှောင်ကူညီသူထံမှသိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၀ ရက် ညပိုင်းက စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ဇရပ်ကြီးမြို့ပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူထိခိုက်သေဆုံးမှုရှိခဲ့ခြင်းဖြစ်သည်။ စစ်ဘေးရှောင်အရေးကူညီသူတစ်ဦးက “ဇရပ်ကြီး…
ခင်သရဖီဦး သြဂုတ် ၁၀၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲသဖြင့် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား (၆) ဦး သေဆုံးခဲ့ပြီး (၇) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ယနေ့နေ့လည်ပိုင်းတွင် မြောက်ဦးမြို့၊ ကြက်စျေးရပ်ကွက် ရှစ်သောင်းသွားလမ်းရှိ မြောက်ဦးဟိုတယ်နှင့် နဝရတ်ဟိုတယ်အကြားကို…
ဘုန်းမောင် သြဂုတ် ၁၀၊ ၂၀၂၄။ အချိန်ကား မနက်ခင်း ၁ နာရီဝန်းကျင်။ နေရာကားကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့၏နယ်စပ်မြို့ကလေးတစ်မြို့ဖြစ်သော ပိုအီပက်မြို့။ ပိုအီပက်မြို့ (Poipet) တွင် ကာစီနိုလောင်းကစားရုံများ၊ တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် ကမ္ဘာတစ် ဝှမ်းကလူများကိုလှည့်စားရန်ရည်ရွယ်ထားသည့် ကျားဖြန့်လုပ်ငန်းများတည်ရှိနေသည်။ ယင်းနယ်စပ်မြို့ကလေးသည် ကျားဖြန့်လုပ်ငန်းများတွင်လုပ်ကိုင်ရန် ကမ္ဘာတစ်ဝှမ်းကလူအများအား လူမှောင်ခိုကူး ခြင်းနှင့်အဆိုပါမှောင်ခိုကူးခံရသူများအား ကျားဖြန့်လုပ်ငန်းများတွင်အတင်းအဓမ္မအလုပ်စေခိုင်းခြင်းများကြောင့် လည်း…
ကောင်းချစ်အောင် သြဂုတ် ၁၀၊ ၂၀၂၄။ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကျဆုံးသွားတာဟာ စစ်ကောင်စီအတွက်တော့ အကြီးမာဆုံး သမိုင်းအမဲစက်ကြီးအဖြစ် အရှက်ရဖွယ်ဖြစ်ခဲ့ရပါတယ်။ လားရှိုးမြို့ကို ကိုးကန့်တပ်တွေ ပိတ်ဆို့တိုက်ခိုက်နေတဲ့ ဇူလိုင် ၃ ရက်ကနေ ဩဂုတ် ၃ ရက်အထိ တစ်လတာအတွင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို စစ်ကောင်စီထောက်ခံတဲ့ အသိုင်းအ ဝိုင်းကြားမှာပဲ…