သံလွင်ခက် စက်တင်ဘာလ ၂၈၊၂၀၂၄။ အာဏာသိမ်းစစ်ခေါင်းဆောင်၏ ဖိတ်ခေါ်ချက်သည် လက်ရှိနိုင်ငံရေးအကြပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာပိုမိုဖန်တီးစေမည့် နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုဖြစ်သည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့ စက်တင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်သည်။ စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်များအပေါ် လက်ခံညှိနှိုင်းမည်မဟုတ်ပဲ စစ်မှန်သော ဖက်ဒရယ်စနစ်ဖြစ် ပေါ်ရေးကြိုးပမ်းသွားမည်ဖြစ်ပြီး ကရင်နီပြည်အတွင်း ၎င်းတို့၏မတရားလုပ်ဆောင်ချက်များကို တားမြစ်သွားမည်ဟု…
Author: thanlwinkhet
သံလွင်ခက် စက်တင်ဘာလ ၂၈၊၂၀၂၄။ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် မှတ်တိုင်အုပ်စု မြွေကြီးတွင်းရွာနေ အုပ်ချုပ်ရေးမှူးဦးတင်ဦးကို စက်တင်ဘာလ ၂၆ ရက် ညနေ ၆ နာရီခွဲခန့်တွင် ပြည်ခရိုင် PDF တပ်ခွဲတို့က သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။ ဦးတင်ဦးသည် စစ်ကောင်စီအတွက် စစ်သားသစ်စုဆောင်းခြင်း၊ ကျေးရွာအုပ်စုအတွင်း မီတာခနှင့်…
ယမင်းဖူးပွင့်အောင် စက်တင်ဘာ ၂၈၊ ၂၀၂၄။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ PDF များအပါအဝင် တိုင်းရင်းသားများ လက်နက်စွန့်ပြီးရွေးကောက်ပွဲဝင်ရန် ပြောဆိုချက်သည် တွေ့ဆုံဆွေးနွေးရေး၊ ဒီမိုကရေစီခေါင်းစဉ်အောက်တွင် တော်လှန်ရေးအဖွဲ့များ ရည်မှန်း ချက်ဝေဝါးစေရန်ဖြစ်ပြီး အာဏာရှင်လမ်းဟောင်းသာဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။ “ဝေဝါးသွားရင် အချင်းချင်းအစုအဖွဲ့တွေကြားမှာသဘောထားတွေကွဲလွဲတယ်။ ဒါမှမဟုတ် စုဖွဲ့မှုအားလျော့သွားတယ် ဆိုတဲ့အချိန်မှာ ကျန်နေတဲ့အစုအဖွဲ့တွေကို အကြမ်းဖက်နှိမ်နင်းရေးဆိုတဲ့…
ယမင်းဖူးပွင့်အောင် စက်တင်ဘာ ၂၇၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ မုံရွာထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀၀ ခန့်ကို မကွေးမြို့အကျဉ်းထောင်သို့ ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်တွင်ပြောင်းရွှေ့ခဲ့ပြီး ထိုအထဲတွင် မုံရွာသပိတ်ဦးဆောင်ကော်မတီဝင် ကိုဝေမိုးနိုင်မပါဝင်ဟု မုံရွာအကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက သံလွင်ခက်ကိုပြောသည်။ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်သည် နိုင်ငံတော်ပုန်ကန်မှုအပါအဝင် ပုဒ်မ ၁ဝ ခုကျော်နှင့် စွဲချက်တင်ခံထားရပြီး…
ယမင်းဖူးပွင့်အောင် စက်တင်ဘာ ၂၇၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ကို စစ်ကောင်စီက ရက် ၃၀ အတွင်း ၇ ကြိမ်ဗုံးကြဲခဲ့ပြီး အရပ်သား ၄ ဦးထက် မနည်းသေးဆုံးကာ ၃၄ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လားရှို့မြို့ပြန်လည်ထူထောင်ရေးအဖွဲ့၏ စာရင်းအများ အရ သိရသည်။ ယခုလ စက်တင်ဘာ ၈…
သံလွင်ခက် စက်တင်ဘာ ၂၇၊ ၂၀၂၄။ ထိုင်းနိုင်ငံမှာ ဒီနေ့ည ၇ နာဝန်းကျင်မှာ ကျင်းပသွားမဲ့ ONE Friday Fights 81 ပြိုင်ပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားတွေဖြစ်ကြတဲ့ စိုးလင်းဦး၊ သန့်ဇင်တို့ဟာ ထိုင်းကစားသမား နာဘီ၊ ဂျပန်ကစားသမား တာကဲရုတို့နဲ့ One Championship မွေထိုင်းလက်ဝှေ့နဲ့ ကစ်ဘောက်ဆင်ပြိုင်ပွဲမှာ ထိုးသတ်သွားဖို့ရှိပါတယ်။…
ထွယ် စက်တင်ဘာ ၂၆၊ ၂၀၂၄။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာရှိ Lucky Men Hotel တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆက်လက်တပ်စွဲထားသဖြင့် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်- KIO ၏ ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးဦးနော်ဘူက ပြောသည်။ “တရားဝင် သူတို့ဘက်က အေးဆေးထွက်လာမယ်ဆိုရင်တော့တစ်မျိုးပေါ့။ အခုတော့…
ထွယ် စက်တင်ဘာ ၂၆၊ ၂၀၂၄။ မကွေးတိုင်း၊ ဆောမြို့နယ် လယ်ကြီးအိုင့်ကျေးရွာတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံ မှုများကြောင့် တောင်ဇလပ်စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်သားအမိနှစ်ဦး ရေထဲမျောပါ သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ သေဆုံးသွားသူ ကလေးငယ်မှာ ၃ နှစ်အရွယ်ဖြစ်ပြီး ယနေ့နံနက်က ၎င်း၏ရုပ်အလောင်းကို ပြန်ရှာတွေ့သော်လည်း မိခင်ဖြစ်သူကို ကယ်ဆယ်ရေးအဖွဲ့များက…
ခင်သရဖီဦး စက်တင်ဘာ ၂၆၊၂၀၂၄။ ရခိုင်ပြည်၊ သံတွဲမြို့ပေါ်ကို ယနေ့နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ကလေးငယ်အပါအဝင် ဒေသခံ ၁၄ ဦးသေဆုံးခဲ့ပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီမှ ဂျက်ဖိုက်တာနှစ်စီးဖြင့် ရပ်ကွက် ၈ ရှိမြို့နယ်ခန်းမနှင့်…
ယမင်းဖူးပွင့်အောင် စက်တင်ဘာ ၂၆၊ ၂၀၂၄။ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖုတ်ဖရမြို့အနီးက ကျေးရွာတစ်ရွာမှာ ရွှေ့ပြောင်းအာခါလူမျိုးတွေဟာ မကောင်းဆိုးဝါးနှင်ပွဲကို ပြီးခဲ့တဲ့ ၂ ရက်က ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အာခါလူမျိုးတွေရဲ့ယုံကြည်ချက်မှာ ရှေးယခင်က လူနဲ့ မကောင်းဆိုးဝါးဟာ ညီအကိုချင်းပမာအတူနေထိုင်ခဲ့ဖူးတာပါ။ ဒါပေမယ့် မကောင်းဆိုးဝါးဟာ လူကိုပြန်လည်ဒုက္ခပေးချင်ခဲ့တာကြောင့် သူ့ကိုနှင်ထုတ်ခဲ့တာ (ဒါမှမဟုတ်) သတ်ဖြတ်ခဲ့ရာကနေ မကောင်းဆိုးဝါးနှင်ပွဲဆိုပြီး…