မြဝတီနှင့် ရွှေကုက္ကိုလ်ဒေသရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် မြန်မာစစ်တပ်တို့ ပူးပေါင်းဝင်ရောက်ရှင်းလင်းလျက်ရှိရာ နိုင်ငံခြားသားများ အထုပ်အပိုးများဖြင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ပုံရိပ်များ ထွက်ပေါ်လာပြီးနောက် ၎င်းတို့ ထိုင်းနိုင်ငံဖက်သို့ ဝင်ရောက်ခိုလှုံကာ အခြေစိုက်စခန်းသစ်များ ထူထောင်လာနိုင်သည့်အရေး ထိုင်းလုံခြုံရေးတပ်ဖွဲ့များက အထူးစောင့်ကြည့်ပြင်ဆင်လျက်ရှိသည်ဟု Thai PBS သတင်းက ဖော်ပြသည်။ ထိုင်းထောက်လှမ်းရေးအချက်အလက်များအရ ကျားဖြန့်ကွန်ရက်နှင့်…
Author: thanlwinkhet
ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့အား ယနေ့ နေ့လယ်၁ နာရီကျော်ခန့်တွင် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ဂျက်ဖိုက်တာဖြင့် ကျိန္တလီမြို့၊ အမှတ်(၁) ရပ်ကွက်ကို ဗုံး တစ်လုံး လာချခြင်းဖြစ်သည်ဟု အသက် ၃၀…
NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ ဗဟိုဦးဆောင်ကော်မတီဝင် နှစ်ဦးအား တပ်ပိုင်ဘဏ္ဍာပစ္စည်းများ တရားမဝင် ထုတ်ယူမှုဖြင့် တာဝန်မှ ရပ်ဆိုင်း ထိန်းသိမ်းထားကြောင်း နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။ အရေးယူခံရသူများမှာ MDY-PDF ၏ ဗဟိုဦးဆောင်ကော်မတီဝင်များဖြစ်သည့် ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နှင့် ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့ဖြစ်သည်ဟု…
စစ်ကော်မရှင်သည် ‘ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ’ ကို ပြည်သူအပေါ် လက်နက်သဖွယ် အသုံးပြုနေပြီး လွတ်လပ်စွာပြောဆိုခွင့်ကို တိုက်ရိုက်ခြိမ်းခြောက်နေသည်ဟု မြန်မာအင်တာနက်ပရောဂျက် (Myanmar Internet Project) က ထုတ်ပြန်သည်။ ထိုဥပဒေဖြင့် ဇူလိုင် ၂၉ ရက်မှ အောက်တိုဘာ ၂၉ ရက်အထိ ၃ လတာကာလအတွင်း ပြည်သူ ၈၈ ဦးကို…
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ မင်းလက်ပံကျေးရွာကမ်းနဖူးရှိ ကျားဖြန့်လုပ်ငန်း (ဒေသအခေါ် – တရုတ်ဆိုက်)အတွင်း လုပ်ကိုင်သူများ နေရာရွှေ့နေသည်ဟု သိရသည်။ တရုတ်ဆိုက်အတွင်း လုပ်ကိုင်နေသည့် လုပ်သားများသည် ဖလူးမြို့သစ်အကျော် ဆောက်လုပ်လက်စ အဆောက်အဦးအတွင်းသို့ ရွှေ့ပြောင်းသူများရှိသလို နေရပ်သို့ ပြန်လည်နေသူများလည်းရှိသည်ဟု အဆိုပါဆိုက်အတွင်း လုပ်ကိုင်နေသူနှင့် နီးစပ်သူကဆိုသည်။ ၎င်းက “ပြောင်းကြမှာပေါ့။ အဲဒီမှာ လက်နက်ကြီးခဏခဏကျတာ။…
ခင်သရဖီဦး အာရက္ခတပ်တော် AA ၏ မူးယစ်ဆေးဝါး ၄၀၀၀ ကီလိုဂရမ်၊ခန့်မှန်းကာလတန်ဖိုးငွေကျပ် ၁၂၀ ဘီလီယံခန့်ကို AA တပ်ဖွဲ့ဝင် ၂၄ဦးနှင့်အတူ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အတွင်း ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကော်မရှင်တပ်က နိုဝင်ဘာလ ၁၈ ရက်က ထုတ်ပြန်ခဲ့သည်။ ယင်းမူးယစ်ဆေးဝါများသည် အာရက္ခတပ်တော် (AA) အနေဖြင့် ရခိုင်ပြည်နယ်နှင့်…
ခင်သရဖီဦး ကျောက်ဖြူတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း အာရက္ခတပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။ စစ်တပ်နှင့် AA တို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် တပ်ဆုတ်ပေးနေရသည့် အခြေအနေဖြစ်သည်ဟုလည်း ဦးခိုင်သုခက ဆိုသည်။ “ကျောက်ဖြူတိုက်ပွဲကတော့ ဆက်ပြီး ပြင်းထန်နေတယ်။ ကျနော်တို့က…
ခင်သရဖီဦး အာရက္ခတပ်တော် AA တပ်သား ကိုးဦးနှင့် PDF တပ်ဖွဲ့ဝင် ၆ ဦး နိုဝင်ဘာလ ၁၈ ရက်တွင် စစ်ကော်မရှင်ထံသို့ လက်နက်ချ အလင်းဝင်လာသည်ဟု စစ်ကော်မရှင် မီဒီယာများက ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကြေညာချက်တွင် ”PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံပြီး လက်နက်ကိုင် ဆန့်ကျင်သည့် အဖွဲ့အစည်းများအတွင်း…
ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈) ထံသို့ အာဏာသိမ်းစစ်တပ်မှ တပ်သား သုံးဦး အလင်းဝင်ခိုလှုံလာသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။ အလင်းဝင်ခိုလှုံလာသူများမှာ စစ်တပ်လက်အောက်ခံ ခမရ-၅၈၁ တပ်ရင်းမှ အသက် ၂၃ နှစ်မှ ၂၅ နှစ်ကြား တပ်သားများဖြစ်ကြပြီး…
ဖိုးသောကြာ ရခိုင်ပြည်နယ်၊ ကျေ ာက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများကို နိုဝင်ဘာလ ၁၇ ရက် တစ်ရက်တည်းတွင် စစ်ကော်မရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်ဟု အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်သည်။ ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာကို နေ့လယ် ၁၂:၃၅ နာရီခန့်တွင် လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး…