သံလွင်ခက် အောက်တိုဘာ ၂၂၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြိုနှင့် နမ့်ဆန့်မြို့နယ်ကို စစ်ကောင်စီလေတပ်က တိုက်ခိုက်ရေးလေယာဥ်ဖြင့် ဗုံးကြဲခဲ့သဖြင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီး နေအိမ်အချို့နှင့် ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် နောင်ချိုမြို့၊ သပြေနှင့် ပါဟတ်ရပ်ကွက်ကို စစ်ကောင်စီလေတပ်က…
Author: thanlwinkhet
သံလွင်ခက် အောက်တိုဘာလ ၂၂၊၂၀၂၄။ ပဲခူးတိုင်း၊ ဝေါမြို့နယ် ၊ရှမ်းကိုင်းကျေးရွာ ရေတံခါးဂိတ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ဦးဆောင်ပြီး ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းတစ်ခုလုံးသိမ်းပိုက်နိုင်ခဲ့သည်ဟု ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက သံလွင်ခက်ကို ပြောသည်။ ယနေ့ အောက်တိုဘာလ ၂၂ ရက် မနက်အစောပိုင်း ၄ နာရီခန့်တွင် စစ်ကောင်စီနှင့်ပျူအင်အား ၁၅ ဦးခန့်ရှိသည့်…
ဘုန်းမောင် အောက်တိုဘာ ၂၁၊ ၂၀၂၄။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ လက်နက်ကိုင်လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်။ ပြီးခဲ့သောလပိုင်းမှာတော့ လားရှိုးမြို့ကိုပါ မဟာမိတ်ညီနောင်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သဖြင့် စစ်ကောင်စီသည် ထိလွယ်ခိုက်လွယ်အခြေအနေများအား ရင်ဆိုင်နေရသည်။ လက်ရှိအချိန်ထိလည်း စစ်ကောင် စီသည် အဓိပ္ပါယ်ပြည့်ဝသောတန်ပြန်ထိုးစစ်ကိုမဆင်နွှဲနိုင်သေးဘဲ မဟာမိတ်တပ်ပေါင်းစုအဖွဲ့၏ တိုက်ခိုက်မှုများ ကို အလူးအလဲခံနေရသည်။ ပြီးခဲ့သော…
သံလွင်ခက် အောက်တိုဘာ ၂၁၊ ၂၀၂၄။ မြန်မာ- ရုရှားနှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းပြုလုပ်ရန်နှင့် ချစ်ကြည်ရေးခရီးလည် ပတ်ရန်ဟုဆိုကာ ရုရှားစစ်သင်္ဘော ၄ စင်းသည် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ယမန်နေ့က ရောက်ရှိခဲ့သည်ဟု စစ်ကောင်စီ၊ သတင်းစာမြန်မာ့အလင်းက ဖော်ပြထားသည်။ ရုရှားနိုင်ငံ၏ပစိဖိတ်ရေတပ်သင်္ဘောအုပ်စုမှ ရေတပ်အရာရှိ Antsiferov Alexey Vitalievich ဦးဆောင်သော စစ်ရေယာဉ်…
နန်းဆုပန်ခန့် အောက်တိုဘာလ ၂၁၊ ၂၀၂၄။ ကရင်ပြည်နယ်၊ ကော့ကရိတ်-သင်္ဃန်းညီနောင် အာရှလမ်းမတစ်နေရာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်နှင့် အောင်ဇေယျစစ်ဆင်ရေးမှ စစ်ကောင်စီတပ်သားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများထံမှ 84mm Carl Gustaf M2 နောက်ပွင့်ရိုင်ဖယ်တစ်လက် အပါအဝင် လက်နက်ခဲယမ်းများရရှိခဲ့သည်ဟု မြေပြင်ရဲဘော်များထံမှ သိရသည်။ ယမန်နေ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွင် တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ…
သံလွင်ခက် အောက်တိုဘာ ၂၁၊ ၂၀၂၄။ လားရှိုးမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိသည့်စစ်သုံ့ပန်းမိသားစုဝင် ၃၁ ဦးကို မြန်မာအမျိုးသားဒီမိုက ရက်တစ်မဟာမိတ်တပ်မတော်- MNDAA က ပြန်လွှတ်ပေးခဲ့သည်ဟု The KoKang ယူကျု့ချန်နယ် တွင် ယမန်နေ့ကထုတ်ပြန်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်နေ့တွင် စစ်ကောင်စီစစ်သုံ့ပန်းမိသားစု ၃၁ ဦးကို နေရပ်ပြန်နိုင်ရေးအတွက်စည်းရုံးခဲ့ပြီး…
နန်းဆုပန်ခန့် အောက်တိုဘာ ၂၁၊ ၂၀၂၄။ ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ တောင်ငူလေတပ်သို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လေတပ်အတွင်းရှိ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး လေတပ် အရာရှိ ၂ ဦးနှင့် တပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု Brave Warriors…
သံလွင်ခက်။ အောက်တိုဘာ ၂၀၊ ၂၀၂၄။ မန္တလေးမြို့ရှိ၊ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်သည့် လုပ်ရပ်အား ကန့်ကွက်ရှုတ်ချသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။ အဆိုပါလုပ်ရပ်ကြောင့် လူမျိုးရေးအမုန်းတရားပဋိပက္ခ ဖြစ်ပွါးမည်ကို NUG အနေဖြင့် အထူးပင်စိုးရိမ်ပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေမည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို…
သံလွင်ခက်။ အောက်တိုဘာ ၂၀ ၊ ၂၀၂၄။ စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့ကို လေကြောင်းဖြင့် ယမန်နေ့ အောက်တိုဘာ ၁၉ ရက်တွင် နှစ်ကြိမ်တိုက်ခိုက်ခဲ့သည့်အတွက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့သည်ဟု တအာင်းတပ်မတော် TNLA က ယမန်နေ့၌ ထုတ်ပြန်သည်။…
မောင်ဘဦး အောက်တိုဘာ ၂၀၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲသို့ မုံရွာမြို့အခြေစိုက် နမခတပ် စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၆ ရွာမှ ဒေသခံ တစ်သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူအညီများလိုအပ်လျက်ရှိနေသည်ဟု စစ်ဘေးဒုက္ခသည်များ အရေးကူညီသူတချို့ထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်မှစတင်ကာ အင်အား ၈၀ ခန့်ရှိသည့် အနောက်မြောက်ပိုင်းတိုင်း…