Browsing: တိုက်ပွဲသတင်း

Loading

သံလွင်ခက်။ အောက်တိုဘာ ၂၆၊ ၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာရှိ ဒေသခံတစ်ရာကျော်ကို တစ်ပတ်ကျော်ကြာထိ ပြန်လည်လွတ်ပေးခြင်းမရှိသေးဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆက်လက်ဖမ်းဆီးထားသည်ဟု ဒေသခံများက ဆိုသည်။ အောက်တိုဘာ ၁၆ ရက်နေ့တွင် အဆိုပါ ရွာအနီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ သေနတ်…

Read More

Loading

မောင်ချေ။ အောက်တိုဘာ ၂၇၊ ၂၀၂၂။ စစ်ကောင်စီတပ်၏ ကုန်းကြောင်း ရေကြောင်း ပိတ်ဆို့မှုများကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နှင့် မင်းပြားမြို့နယ်ရှိ ဒေသခံများ စားနပ်ရိက္ခာ၊ ဆေးဝါးသယ်ယူခွင့်နှင့် သွားလာရေးတွင် အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများက သံလွင်ခက်သတင်းဌာနကို ပြောသည်။ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် AA…

Read More

Loading

သံလွင်ခက်။ အောက်တိုဘာ ၂၈၊ ၂၀၂၂ ခုနှစ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် တောကြောင်ပေါက်ကျေးရွာရှိ ဒေသခံနှစ်ဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက သံလွင်ခက်သတင်းဌာနကို ပြောသည်။ ယနေ့ အောက်တိုဘာ ၂၈ ရက် မနက် ၉နာရီဝန်းကျင်တွင် ကွင်းချောင်းဝ…

Read More

Loading

အောက်တိုဘာ ၂၉၊ ၁၀၊၂၂။ သံလွင်ခက်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ရှိ ရွာသစ်ကုန်း၊ အင်းပတ်ကျေးရွာတွင်ရှိသည့် စစ်ကောင်စီတပ်၏ ကတုတ်ကျင်း ဘန်ကာကို ယမန်နေ့ အောက်တိုဘာ ၂၈ ရက် ည ၈နာရီခွဲတွင် Khin U Special Force Organization KSOတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့တို့ ဝင်ရောက်ပစ်ခက်ခဲ့သည်။…

Read More

Loading

နန်းဆုပန်ခန့် အောက်တို ဘာ ၂၉၊၂၀၂၂။ စစ်ကိုင်းတိုင်း၊ မအူပင်ကျေးရွာအုပ်စု၊ ကုန်းတန်းလေး ရွာကို ယနေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ က ၀င်ရောက်မွှေနှောက်မီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည် ။ အိမ်ခြေ ၁၀၀ ခန့်ရှိသော ကုန်းတန်းလေးရွာကို ယနေ့နံနက် ၅နာရီ၅ခွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ နေအိမ်များကို မီးရှို့ခဲ့ သည့်အပြင် ကုန်းတန်းလေးရွာဦး…

Read More

Loading

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့ခံထားရသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာ ၂၀ ကျော်မှ ဒေသခံ သုံးသောင်းကျော်သည် လက်ရှိတွင် စားသောက်ရေးအတွက် အခက်ခဲ ဖြစ်ပေါ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်မှ ၃၁ ရက်အထိ ကန့်ဘလူမြို့နယ် ၆၀၀၆ တပ်ရင်းမှ…

Read More

Loading

တနင်္သာရီတိုင်းဒေသကြီး၊ သိန်ခွန်းကျေးရွာအုပ်စုရှိ ထုံခါအကျဥ်းထောင်စခန်းမှ အကျဥ်းသား လေးဦး ထွက်ပြေးလွတ်မြောက်ပြီး နောက် ပြန်လည် ပစ်ခတ်ဖမ်းဆီးခံလိုက်ရသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။ အောက်တိုဘာလ ၃၁ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် ထောင်အာဏာပိုင်များက ပြန်လည် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ”မနက်ပိုင်းက သေနတ်သံတွေလည်း ကြားတယ်။…

Read More

Loading

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ဗိုလ်မှူးချုပ်တာဘုန်းကျော်နှင့်ဆက်သွယ်မေးမြန်းချက်။ မေး။ နွေဉီးတော်လှန်ရေးနဲ့ပတ်သက်ပြီး TNLA ရဲ့နိုင်ငံရေးဉီးတည်ချက်ကဘာလဲ? ဖြေ။ ။နွေဦးတော်လှန်ရေးဟာ လက်ရှိရင်ဆိုင်နေရတဲ့ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် အရေးကြီးတဲ့ တော်လှန်ရေးတရပ်ဖြစ်တယ်။ နွေဦးတော်လှန်ရေးမှာ ဦးဆောင်နေကြတဲ့သူတွေ အင်အားစုအသီးသီးရဲ့ မတူထူးခြားတဲ့လုပ်နိုင်စွမ်းအားကို စုစည်းရယူပြီး တကယ့်အဆုံးဖြတ်ပေးနိုင်တဲ့ တော်လှန်ရေးတိုက်ပွဲဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းရပါမယ်။ နွေဦးတော်လှန်ရေးကို တိုင်းရင်းသားအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲနဲ့ ဟန်ချက်ညီပေါင်းစပ်နိုင်ဖို့ ကြိုးပမ်းသင့်ပါတယ်။ နွေဦးတော်လှန်ရေးဟာ…

Read More

Loading

စစ်ကောင်စီတပ် နှင့် ပျူစောထီးပူးပေါင်း စစ်ကြောင်း၏ နောက်ချန်အဖွဲ့မှ ၃၀ဦး ကျော်အထိ ထိခိုက် သေဆုံးအောင် လက်ဦးမှုရယူ၍ အသာစီးပစ်ခတ် တိုက်ခိုက်ထားနိုင်သည့် အခြေအနေမှ ကျည်မလုံလောက်မှု ပြဿနာကြောင့် တပ်ဖွဲ့ဝင်များ ပြန်ဆုတ်ခဲ့ရကာ ကြီးမားသော ဆုံးရှုံးမှု နှင့် ကြုံခဲ့ရခြင်း ဖြစ်သည်ဟု ထီးလင်း YDF တာဝန်ရှိသူက ပြောသည်။…

Read More

Loading

၏ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် စစ်ကောင်စီဂိတ်စခန်းတစ်ခုတွင် ဆိုင်ကယ် မရပ်ပေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သားအပါအဝင် လူငယ် သုဲးဦး မှားယွင်း ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ အောက်တိုဘာ ၂၈ ရက် ည ၉ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ကွတ်ခိုင်ဆေးရုံအရှေ့၌ လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးနေစဉ်…

Read More